လူတိုင်းနီးပါး လူမှုကွန်ယက်တွေကို အသုံးပြုနေကြတဲ့ ဒီလိုခေတ်ကြီးတွေထဲမှာ ထင်ပေါ်ကျော်ကြားလူတွေ အဖွဲ့အစည်းတွေရဲ့လူမှုကွန်ယက်တွေကို ချိုးဖျောက်ခိုးဝင်မှုတွေကို လုပ်ဆောင်လာခဲ့ကြပြီး သူတို့တွေရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းတွေကို ဖော်ထုတ်လာခဲ့ကြပါတယ်။ အခုလည်း ဟက်ကာတွေဟာ ဘာစီလိုနာအသင်းရဲ့တရားဝင်တွစ်တာစာမျက်နှာထဲကို ခိုးဝင်နိုင်ခဲ့ကြောင်း ဒီလိုခိုးဝင်နေတုန်းမှာ မက်ဆေ့ချ်ပို့ထားတာတွေကို လိုက်လံကြည့်ရှုစစ်ဆေးရင်းနဲဲ့ ပီအက်စ်ဂျီတိုက်စစ်ကစားသမားနေမာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မြင်တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ပြောဆိုလို့သွားခဲဲ့ပါတယ်။

Photo Credit : Twitter

ဘာစီလိုနာအသင်းဟာ မနေ့ညတုန်းက ဂီတာဖေးအသင်းနဲ့ လာလီဂါပွဲစဉ်(၂၄)ကို ဆင်နွဲခဲ့ရပြီး ၂ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဒီပွဲမတိုင်ခင်မှာ သူတို့ရဲ့တွစ်တာစာမျက်နှာက OurMine လို့ နာမည်ပေးထားတဲ့ ဟက်ကာအုပ်စုတစ်စုရဲ့ခိုးယူခြင်းနဲ့ ခံလိုက်ရကာ Information တချို့ကိုလည်း ဖော်ပြခံလိုက်ရပါတယ်။ ဟက်ကာအဖွဲ့က”မင်္ဂလာပါ။ ကျွန်တော်တို့က OurMine ပါ။ ကျွန်တော်တို့တွေ မက်ဆေ့ချ်တွေ ဖတ်လိုက်ရတယ်။ ကြည့်ရတာတော့ နေမာပြန်ရောက်လာတော့မယ်နဲ့တူပါတယ်” လို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sportbible

ဆက်လက်ပြီးတော့လည်း အဲ့ဒီဟက်ကာအဖွဲဲ့ကပဲ “မင်္ဂလာပါ OurMine ပါ။ ဒါကတော့ ဒုတိယအကြိမ် ပြန်ရောက်လာတာပါ။ လုံခြုံရေးအဆင့် ထပ်တိုးမြင့်လိုက်ပေမယ့်လည်း ကောင်းတော့မကောင်းသေးပါဘူး။ တကယ်လို့ သူရဲ့ဆိုရှယ်မီဒီယာကို လုံခြံုရေးပိုတိုးမြင့်ချင်တယ်ဆိုရင် ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ” ဆိုပြီး သူတို့ရဲ့မေးလ်လိပ်စာကို ဖော်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် ဟက်ကာတွေက သူတို့ရဲ့လုပ်ရပ်တွေကို မရပ်တန့်သေးပဲ ကတ်တလန်ဘာသာစကားနဲ့ တင်ဆက်လို့နေတဲ့ ဘာစီလိုနာတွစ်တာစာမျက်နှာမှာဆိုရင်လည်း နေမာကို ဘာစီလိုနာဆီ ပြန်လည်ရောက်ရှိလာပြီဆိုတဲ့ ပိုစတာကိုပါ ဖော်ပြပေးသွားခဲ့ပါသေးတယ်။ OurMine အဖွဲ့့ကလွန်ခဲ့တဲ့၂နှစ်တုန်းကလည်း အလားတူပုံစံမျိုးတွေကို လုပ်ဆောင်ခဲ့ဖူးကာ အဲ့ဒီအချိန်တုန်းကတော့ ဒီမာရီယာကို ဘာစီလိုနာကနေ ကြိုဆိုပါတယ်ဆိုတဲ့ စာသားကို ရေးသားဖော်ပြခဲ့တာဖြစ်ပြီး ဘာစီလိုနာပရိသတ်တွေကိုတော့ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရပါတယ်။