MySport Myanmar

ဘာပေကို ရီးယဲလ်မက်ဒရစ်အသင်းနဲ့အပြိုင် ကမ်းလှမ်းသွားဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ

ဒီနှစ်ဘောလုံးရာသီအစမှာ ခြေစွမ်းပိုင်း ရလဒ်ပိုင်း ဆိုးရွှားမှုတွေကြောင့် အဆင့်ရပ်တည်မှုတွေပါ ဆိုးရွှားခဲ့ရသလို ချန်ပီယံလိဂ်ပြိ်ုင်ပွဲကနေပါ ထွက်ခွာခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိနေသလို ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကို အကောင်းဆုံး အခြေအနေနဲ့ အဆုံးသတ်နိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရပါတယ်။ ဒီလို ပုံစံမျိုး ဖြစ်နေရတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းကို အကောင်းဆုံးပုံစံနဲ့ အတောင့်တင်းဆုံး ဖြစ်နေအောင် ပြင်ဆင်ဖို့အတွက် ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ဘာပေကိုပါ ခေါ်ယူဖို့ထိပါ ချိန်ရွှယ်လာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : The Real Champs

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်ပြီး အသင်းဘက်က သက်တမ်းတိုးဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့်လည်း ဘာပေဘက်က ပယ်ချထားခဲ့တာကြောင့် ပီအက်စ်ဂျီအနေနဲ့ လာမယ့်နွေမှာ ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှံးရဖို့ အခြေအနေ များနေရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေရတဲ့ ဘာပေကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူနိုင်ဖို့အတွက် ဆက်တိုက်ကြိုးပမ်းနေရာ တချို့ report တွေမှာ ဘာပေနဲ့ ရီးယဲလ်အသင်းတို့ကြား အကြိုသဘောတူညီမှုပါ ရယူထားတယ်လို့ပါ ဖော်ပြနေပါတယ်။

Photo Credit : Football Espana

ဘာပေကိုယ်တိုင် ပီအက်စ်ဂျီနဲ့ လမ်းခွဲဖြစ်မယ်ဆိုရင် သူရဲ့ငယ်ဘဝ အိမ်မက်ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပေမယ့် အပြောင်းအရွှေ့ မဖြစ်လာခင်မှာပဲ ဘာပေကို ကြားဖြတ်ခေါ်ယူနိုင်ဖို့ ဘာစီလိုနာဘက်က စီစဉ်လာနိုင်တယ်လို့့ L’Equipe ပြင်သစ်သတင်းမီဒီယာနေ ဖော်ပြလာပါတယ်။ တကယ်တော့ ဘာစီလိုနာအသင်းရဲ့ အဓိကပစ်မှတ်က ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်းဟာလန်း ဖြစ်ပေမယ့်လည်း ဟာလန်းကို ခေါ်ယူမယ်ဆိုရင် သူရဲ့စာချုပ်လျော်ကြေးတစ်ခုသာ ပေးချေရမှာမဟုတ်ပဲ ကစားသမားရဲ့ လုပ်ခလစာ အေးဂျင့်ကြေး လက်မှတ်ထိုးခ ပုံရိပ်သုံးစွဲခွင့်တွေကြောင့် စုစုပေါင်း ယူရိုသန်း(၃၀၀)လောက်အထိ ကုန်ကျနိုင်တဲ့အတွက် ဟာလန်းထက် အကုန်အကျ ပိုမိုသက်သာနိုင်မယ့် ဘာပေကို မျက်စိကျလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က ပီအက်စ်ဂျီ ဆက်နေမလား ရီးယဲလ်ကို ပြောင်းရွှေ့မလားဆိုတဲ့ ရွေးချယ်မှု(၂)ခုသာ ဆုံးဖြတ်နိုင်ပြီး သူ့အိမ်မက်အသင်းရဲ့ ခါးသီးပြိုင်ဘက်ကို ပြောင်းရွှေ့ဖို့က ဖြစ်နိုင်ခြေနည်းဖွယ် ရှိနေပါတယ်။

Exit mobile version