ရိုးမားအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လို ဒီဘားလားရဲ့ စာချုပ်ဖျက်သိမ်းကြေးက အီတလီ ကလပ်အသင်းတွေအတွက်ဆိုရင် ယူရို သန်း(၂၀) သတ်မှတ်ထားပြီး ပြည်ပကလပ်တွေအတွက်တော့ ယူရို (၁၂)သန်းတည်းသာ သတ်မှတ်လို့ထားပါတယ်။

ယူရို (၁၂)သန်းဆိုတာက မော်ဒန်ဘောလုံးလောကမှာ နည်းပါးတဲ့ တန်ကြေးမျိုး ဖြစ်နေတာကြောင့် ဒီဘားလားလို အရည်အသွေးမြင့် တောင်အမေရိက ကစားသမားတစ်ဦးကို ဒီတန်ကြေးနဲ့ ခေါ်ယူချင်ကြတဲ့ အသင်းတွေက ဒုနဲ့ဒေး ရှိနေပါတယ်။

Photo Credit : Roma Press

လက်ရှိမှာ အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကနေ စတင်ပြီး ပါလာမို ဂျုဗင်တပ်စ်နဲ့ ရိုးမား စတဲ့ အီတလီ ကလပ်တွေနဲ့သာ စီးရီးအေမှာ ကျင်လည်ခဲ့ဖူးတဲ့ ကစားသမားလည်း ဖြစ်ပြီး ဂျုဗင်တပ်စ် တစ်သင်းတည်းမှာပဲ (၇)ရာသီအထိ ပါဝင်ကစားခဲ့ပါတယ်။

ဂျုဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှတော့ ရိုးမားအသင်းဆီ free နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီဘားလားဟာ ရိုးမားရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပေမယ့်လည်း ဒီဘားလားနဲ့ ရိုးမားတို့ကြားမှာ စာချုပ်ဖျက်သိမ်းကြေးတစ်ခုကို ထည့်သွင်း ချုပ်ဆိုလို့ထားပြီး အဲ့ဒါက လာမယ့်နွေမှာပဲ စတင် သက်ရောက်မယ်လို့လည်း သိရပါတယ်။

Photo Credit : MLS Multiplex

ဒီဘားလားလို ကစားသမားမျိုးကို ယူရို (၁၂)သန်းတန် စာချုပ်ဖျက်သိမ်းကြေးနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးက ကလပ်အသင်းတိုင်းအတွက် ကမ်းလှမ်းချင်စရာ အနေအထားမျိုး ဖြစ်နေသလို ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ငွေသုံးကြမ်းလို့မရတဲ့ ဘာစီလိုနာအသင်းအတွက်လည်း ဒီဘားလားက option တစ်ခု ဖြစ်လာရပါတယ်။

ဘာစီလိုနာဘက်က ဒီဘားလားကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်း မရှိပေမယ့်လည်း ခေါ်ယူနိုင်မယ့် ကစားသမားစာရင်းထဲမှာတော့ ထည့်သွင်းလို့ထားသလို ဒီဘားလားကိုယ်တိုင်ကပါ လာလီဂါမှာ ပါဝင်ယှဉ်ပြိုင်ရဖို့ စိတ်ဝင်စားနေတဲ့အတွက် ဒီဘားလားနဲ့ ဘာစီလိုနာတို့ရဲ့ အပြောင်းအရွှေ့က စောင့်ကြည်ချင်စရာ ဖြစ်လာပါလိမ့်မယ်။