အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ဟာ သူနဲ့ အင်တာတို့ကြား ချုပ်ဆိုထားခဲ့တဲ့ ယူရို(၁၁၁)သန်းတန် စာချုပ်လျော်ကြေးရဲ့ သက်တမ်းက ဒီရက်ပိုင်းလေးမှာပဲ သက်တမ်းကုန်ဆုံးသွားခဲ့ပေမယ့် သူ့ကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်းကတော့ စျေးကွက်ဖွင့်ချိန်မှာ အသင်းဆီကို ခေါ်ယူနိုင်ဖို့ လက်လျှော့ဖွယ်မရှိသေးပဲ ကမ်းလှမ်းမှုတွေ ထပ်မံပြုလုပ်ဖွယ်ရှိနေတယ်လို့ Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ဘာစီလိုနာအသင်းကနေ အရမ်းကို အလိုရှိနေပြီး အသက်အရွှယ်ကြီးလာပြီဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်ရဲ့နေရာမှာ ရေရှည်အစားထိုးသွားချင်နေတာဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ အင်တာမီလန်အသင်းနဲ့ စာချုပ်ဖျက်သိမ်းလျော်ကြေးကို ချုပ်ဆုုိထားခဲ့တာဖြစ်ပြီး အဲ့ဒီပမာဏနဲ့ ဘာစီလိုနာဘက်ကနေ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် အင်တာက မာတီနက်ဇ်ကို ရောင်းချပေးရမှာဖြစ်ပေမယ့် ဘာစီလိုနာက အဲ့ဒီစာချုပ်လျော်ကြေး တန်ဖိုးအတိုင်း မကမ်းလှမ်းနိုင်ခဲ့တဲ့အပြင် အခုဆိုရင် ဒီလျော်ကြေးစာချုပ်သက်တမ်းကလည်း ကုန်ဆုံးခဲ့ရပြီဖြစ်ပါတယ်။

Photo Credit : FC Barcelona Noticias

မာတီနက်ဇ်ဟာ အင်တာမီလန်အသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမားဖြစ်လို့ အခုလို စာချုပ်လျော်ကြေး မရှိတော့တဲ့အချိန် အင်တာဘက်ကနေ မာတီနက်ဇ်ရဲ့တန်ကြေးကို သူတို့အလိုရှိသလောက် သတ်မှတ်သွားနိုင်ပြီဖြစ်လို့ ဘာစီလိုနာအသင်းအနေနဲ့ မာတီနက်ဇ်ကို ရရှိရေးက ပိုမိုခက်ခဲနိုင်ပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းမှာပဲ ဆက်လက်နေထိုင်ရဖွယ် ရှိနေပေမယ့် ဘာစီလိုနာကတော့ မာတီနက်ဇ်ကို ခေါ်ယူဖို့ လက်လျှော့ဖွယ်မရှိသေးပဲ ကစားသမားနဲ့ အရင်ဆုံး သဘောတူညီမှု ရယူနိုင်အောင် ကြိုးပမ်းဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ မာတီနက်ဇ်ကို ကမ်းလှမ်းရာမှာ ပြောင်းရွှေ့ကြေးအပိုင်းက အတော်လေး ခက်ခဲနေနိုင်ပြီး အသင်းက ကစားသမားတွေကို အရင်ရောင်းထုတ်ပြီးမှသာ ကမ်းလှမ်းနိုင်ဖွယ်ရှိနေသလို ကစားသမားတစ်ဦးနှစ်ဦးခန့် အလိုက်ပေးကမ်းလှမ်းရတာမျိုးကို လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ မာတီနက်ဇ်ဟာ ဒီရာသီမှာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး (၁၇)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။