ဘာစီလိုနာအသင်းရဲ့ ကစားသမားတွေကတော့ အသင်းကို ကီကီဆက်တီယန်ကိုင်တွယ်ချိန်ကနေစပြီး နည်းပြနဲ့ ကစားသမားတွေကြားမှာ နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု မရှိခဲ့သလို အဓိကတော့ ဆက်တီယန်လို ပုံရိပ်မမြင့်မားတဲ့ နည်းပြတစ်ယောက် ဖြစ်မနေတာကြောင့် ဘာစီလိုနာကစားသမားတွေဆီကနေ လေးစားမှုတွေကိုလည်း အပြည့်မဝမရရှိခဲပဲကာ ရလဒ်တွေပါ ထိုးကျလာခဲ့ရပြီး လာလီဂါချန်ပီယံဆုကိုပါ အနီးစပ်ပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီ လွဲပြောင်းပေးခဲ့ရပါတယ်။ ဒါကြောင့်ပဲ အသင်းသားတွေအားလုံးက ဆက်တီယန်ကို အသင်းရဲ့နည်းပြရာထူးကနေ ထုတ်ပယ်စေချင်နေတာဖြစ်ပြီး သူ့နေရာအတွက် ကလွိုင်ဗက်နဲ့ အစားထိုးစေချင်နေပါတယ်။

Photo Credit : Transfermarket

နယ်သာလန်တိုက်စစ်မှူးဟောင်းကြီး ပက်ထရစ်ကလွိုင်ဗက်က ဘာစီလိုနာအသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး အသင်းမှာ ၁၉၉၈ခုနှစ်ကနေ ၂၀၀၄ခုနှစ်အထိ ပါဝင်ကစားခဲ့သူဖြစ်ပြီး လက်ရှိဘာစီလိုနာကစားသမားတွေရဲ့ လေးစားအားကျခြင်းကို ပိုင်ဆိုင်ခဲ့ရတဲ့ Soccer Idol တတစ်ယောက်လည်းဖြစ်ပါတယ်။ ကလွိုင်ဗက်က လက်ရှိမှာ ဘာစီလိုနာ လူငယ်အကယ်ဒမီရဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွှက်လျက်ရှိနေပြီး အသင်းသားတွေကတော့ သူ့ကို ဆက်တီယန်ရဲ့နေရာကို ဝင်ရောက်နိုင်မယ့်သူလို့ ယုံကြည်နေကြပါတယ်။

Photo Credit : La Vanguandia

ကလွိုင်ဗက်က ဘာစီလိုနာအသင်းမှာ လာလီဂါဆုဖလားကို တစ်ကြိမ်ရယူဖူးခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၂)ရာကျော်မှာ သွင်းဂိုးပေါင်း(၁၂၂)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်သလို နည်းပြအတွေ့ကြုံလည်း အနည်းအကျဉ်းရှိထားခဲ့သူဖြစ်ပါတယ်။ အေလိဂ်ရဲ့နာမည်ကျော်အသင်း ဘရီးစ်ဘိန်းရောအသင်းမှာ နည်းပြလက်ထောက်အဖြစ် ဆောင်ရွှက်ခဲ့ဖူးတဲ့ ကလွိုင်ဗက်ဟာ နာမည်ကျော်နည်းပြကြီး လူးဝစ်ဗန်ဟားနဲ့အတူ ၂၀၁၂ခုနှစ်မှာပဲ နယ်သာလန်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ကာ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲဖြစ်ခဲ့ပါသေးတယ်။ ကင်မရွန်းလက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ်လည်း တာဝန်ယူခဲ့ဖူးတဲ့ ကလွိုင်ဗက်ဟာ လက်ရှိမှာတော့ ဘာစီလိုနာ လူငယ်အကယ်ဒမီရဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ၂၀၁၉ ဇူလိုင်လကတည်းက တာဝန်ယူနေတာဖြစ်ပါတယ်။ နည်းပြချုပ်အဖြစ်နဲ့ ခပ်များများစားစား မကိုင်တွယ်ခဲ့ဖူးပေမယ့် လက်ထောက်နည်းပြအဖြစ်တော့ အသင်းပေါင်းများစွာမှာ တာဝန်ယူထားခဲ့တဲ့ အတွေ့အကြံုကောင်းတွေနဲ့ အသင်းကို အခြေအနေ ပြန်လည်တည့်မတ်နိုင်လိမ့်မယ်လို့ ဘာစီလိုနာအသင်းသားတွေက ယုံကြည်နေကြပြီး အသင်းတာဝန်ရှိသူတွေကတော့ ဆက်တီယန်ကို လာမယ့်နှစ်အထိ အခွင့်ရေးပေးဖွယ် ရှိနေပါတယ်။