ဒီနှစ်ဘောလုံးရာသီအတွင်းမှာ မန်စီးတီးအသင်းရဲ့ ရလဒ်ဆိုးမှုတွေက သူတို့အသင်းရဲ့ နောက်ခံကစားသမား လာပေါ့တ် ဒဏ်ရာဆိုးဆိုးရွှားရွှားရသွားချိန်နောက်ပိုင်းမှာ စတင်ဖြစ်ပေါ်လာရတာဖြစ်ပြီး သူ့နေရာကို ဝင်ရောက်ကစားခဲ့တဲ့ တခြားခံစစ်ကစားသမားတွေက လာပေါ့တ်လောက် မန်စီးတီးခံစစ်ကို အကောင်းဆုံးပုံစံနဲ့ မကာကွယ်နိုင်ခဲဲ့ပါဘူး။ ဒီလို မန်စီးတီးအသင်းအတွက် အရေးအပါဆုံး ကစားသမားဖြစ်သူ လာပေါ့တ်ကို လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းကနေ လာမယ့်နွေစျေးကွက်အတွင်းမှာ ခေါ်ယူဖို့အတွက် တဖန်စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပြီလို့ Mudo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : AS English

နာမည်ကြီး စပိန်သတင်းစာစောင်ဖြစ်တဲ့ Mudo Deportivo ကနေ ဖော်ပြလာချက်တွေအရ ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီမှာ ခံစစ်ကစားသမား အမ်တီတီကို ရောင်းထုတ်ဖွယ်ရှိနေသလို ဝါရင့်ပီကေးကလည်း အသက်အရွှယ်အရ အကျပိုင်းကို ရောက်ရှိနေပြီဖြစ်လို့ သူတို့ရဲ့နေရာအတွက် ယခင်ကတည်းက အသင်းရဲ့ပစ်မှတ်ဖြစ်ဖူးခဲ့သူ လာပေါ့တ်ကို အာရုံစိုက်လာခဲဲ့တာဖြစ်ပါတယ်။ ပြင်သစ်နောက်ခံကစားသမား လာပေါ့တ်ကလည်း မန်စီးတီးအသင်းရဲ့ (၂)ရာသီ Champions League Ban ကြောင့် ဘာစီလိုနာဘက်ကနေ ကမ်းလှမ်းလာမယ်ဆိုရင် စဉ်းစားစရာဖြစ်လာနိုင်ပါတယ်။

Photo Credit : Transfermarket

မန်စီးတီးအသင်းကတော့ သူတို့အသင်းရဲဲ့ ခံစစ်သွေးကြော ကစားသမားတစ်ယောက်ဖြစ်တဲ့ လာပေါ့တ်ကို အသင်းကနေ ရောင်းထုတ်ရမယ့်အရေးကို လက်ခံဖွယ်မရှိသလို လာပေါ့တ်နဲ့ တွဲဖက်ကစားဖို့အတွက်တောင် ခံစစ်ကစားသမားအသစ်တစ်ယောက် ရှာဖွေလို့နေပါတယ်။ လာပေါ့တ်ကလည်း မကြာသေးခင်က ပြုလုပ်ခဲ့တဲဲ့ အင်တာဗျူးမှာတစ်ခုမှာ “ချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့် ပိတ်ပင်ခံလိုက်ရတာက အရမ်းကို နာကျင်စေရတယ်။ ဒါပေမယ့် ကျွန်တော်မန်စီးတီးအသင်းမှာပဲ ပျော်ရွှင်နေပါတယ်။ ဒီကိုရောက်လာမှာ ကျွန်တော်ရဲ့ဘောလုံးသမားဘဝက ပိုပြီးတိုးတတ်လာခဲ့ရတယ်။ ကျွန်တော်တို့တွေ အောင်မြင်မှုတွေလည်း အများကြီးရယူနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ (၂)ရာသီမှာပဲ ဆုဖလား(၈)လုံးအထိကို ပိုင်ဆိုင်ခဲ့တယ်လေ” လို့ ပြောဆိုထားခဲ့ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိအခြေနေမှာတော့ လာပေါ့တ်ကို ခေါ်ယူနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။