လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်လို့နေတဲ့ ဝါရင့်အာဂျင်တီးနား နောက်ခံကစားသမား အီဇီခီယိုဂါရေးကို ဥရောပကလပ်အသင်းတွေများစွာကနေ အလွတ်ပြောင်းရွှေ့ကြးနဲ့ ခေါ်ယူသွားဖို့အတွက် အပြိုင်စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ ဥရောပရဲ့ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ လီဗာပူးလ်နဲ့ စပါးအသင်းတို့ ပါဝင်လို့နေကြပြီး ဒီအသင်းတွေအားလုံးက ဂါရေးကို ကာလတိုစာချုပ်နဲ့ ခေါ်ယူသွားချင်နေကြတယ်လို့ စပိန်အခြေစိုက် SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Indian Express

အသက်(၃၄)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင်ဟောင်း ဗဟိုနောက်ခံကစားသမားကြီးဂါရေးဟာ ဗလင်စီယာအသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း ဆိုးရွှားလှတဲ့ ဒူးအရွှတ်ဒဏ်ရာကို ခံစားခဲ့ရလို့ အသင်းနဲ့လည်း စာချုပ်ဖျက်သိမ်းခဲ့ရကာ အခုထိ အသင်းလက်မဲ့ ဖြစ်နေခဲ့ရတာဖြစ်ပါတယ်။ ဂါရေးဟာ သူရဲ့ဘောလုံးသမားဘဝအတွင်း ရီးရဲလ်မက်ဒရစ် ဘင်ဖီကာ ဇင်းနစ်နဲ့ ဗလင်စီယာအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်ကိုလည်း ပွဲပေါင်း(၃၀) ပါဝင်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

 

Photo Credit : The National

ဝါရင့်နောက်ခံကစားသမား ဂါရေးဟာ အာဂျင်တီးနားကလပ် နယူးဝဲလ်စ်အိုးဘွိုင်းစ်အသင်းမှာ သူရဲ့ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကမှ ရေးဆင်းဆန်တန်ဒါအသင်းကို ရောက်ရှိခဲ့ပြီး ၂၀၀၈ခုနှစ်မှာပဲ ရီးရဲလ်မက်ဒရစ်က သူ့ကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဂါရေးဟာ မော်ရင်ဟို ရီးရဲလ်ကို ကိုင်တွယ်နေတဲ့ အချိန်အတွင်းမှာ နေရာမရခဲ့လို့ ဘင်ဖီကာကို ပြောင်းရွှေ့ခဲ့ရပြီး အဲ့ဒီကမှတစ်ဆင့် ဇင်းနစ်နဲ့ ဗလင်စီယာအသင်းတွေကို ဆက်တိုက်ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ လာလီဂါမှာ အချိန်အတော်ကြာ ကျင်လည်ခဲ့ဖူးတဲ့ ဂါရေးကို ခံစစ်ပိုင်းမှာ ဒဏ်ရာပြသာနာတွေ ရှိလို့နေတဲ့ ဘာစီလိုနာအသင်းက ကာလတိုစာချုပ်နဲ့ ခေါ်ယူသွားချင်နေပြီး ညာဘက်ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရတော့မယ့် ပီကေးရဲ့နေရာမှာ အစားထိုးချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းက ဒဏ်ရာအသီးသီးကြောင့် ကာလရှည်အနားယူရတော့မယ့် ဗန်ဒိုက်နဲ့ ဂျိုးဂိုးမက်ဇ်တို့ရဲ့နေရာအတွက် ဂါရေးကို ယာယီအလိုရှိနေတာဖြစ်ပြီး ဗဟိုခံစစ်ပိုင်းကို အင်အားတောင့်တင်းစေချင်နေတဲ့ စပါးအသင်းကလည်း ဂါရေးကို ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် ဂါရေးကတော့ သူ့ကို ရီးရဲလ်မှာ နေရာမပေးခဲ့တဲ့ မော်ရင်ဟိုရှိရာ စပါးအသင်းထက် ဘာစီလိုနာ ဒါမှမဟုတ် လီဗာပူးလ်တို့ကိုပဲ ရွေးချယ်ဖွယ်ရှိနေပြီး သူရဲ့ကစားပုံနဲ့ ပိုအဆင်ပြေနိုင်မယ့် ဘာစီလိုနာအသင်းဆီကိုပဲ ပြောင်းရွှေ့သွားနိုင်ပါတယ်။