MySport Myanmar

ရူဘင်နေးဗက်စ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ဘာစီလိုနာအသင်းပါ ပါဝင်လာ

ဝုလ်ဗ်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ရူဘင်နေးဗက်စ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ဝုလ်ဗ်အသင်းကနေ ထွက်ခွာပြီး သူ့ကို အလိုရှိနေတဲ့ အသင်းကြီးတစ်သင်းဆီ ပြောင်းရွှေ့သွားဖွယ် ရှိနေရာ လတ်တလောမှာတော့ သူ့ကို လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းကပါ ခေါ်ယူသွားဖို့ မျက်စိကျနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Metro

အသက်(၂၄)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား နေးဗက်စ်ဟာ ပေါ်တို လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီးတော့ ၂၀၁ရခုနှစ်မှာပဲ ပေါ်တိုကနေ ဝုလ်ဗ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ ဝုလ်ဗ်နဲ့အတူ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကိုပါ အတူရောက်ရှိလာခဲ့တဲ့ နေးဗက်စ်က လက်ရှိမှာ ဝုလ်ဗ်နဲ့ (၅)ရာသီမြောက်ကို ဖြတ်သန်းနေရတာဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ခုနှစ်ထိ သက်တမ်းကျန်ရှိနေပေမယ့်လည်း လာမယ့်နွေမှာတော့ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာကြောင့် သူ့ကို ဥရောပ အင်အားကြီး ကလပ်အသင်းတွေကနေ ဝိုင်းပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီလို ပစ်မှတ်ထားနေကြတဲ့ အသင်းတွေထဲမှာ ဘာစီလိုနာအသင်းလည်း ပါဝင်လာခဲ့ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အသက်အရွှယ်အရ အကျပိုင်းကို ရောက်ရှိနေတဲ့ ဘူးစကတ်စ်ရဲ့နေရာအတွက် အစားထိုးသွားချင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီ စျေးကွက်တုနး်က ဝုလ်ဗ်အသင်းရဲ့ တောင်ပံကစားသမား အဒမ်မာထရာအိုရေးကို အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အခုလည်း ဝုလ်ဗ် ကွင်းလယ်လူ နေးဗက်စ်ကိုပါ ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားနှစ်ယောက်ကလည်း အသင်းဖော်တွေ ဖြစ်ခဲ့ဖူးသလို သူတို့ရဲ့အေးဂျင့်ကလည်း ဂျော့မန်ဒက်စ် ဖြစ်နေတာကြောင့် ထရာအိုရေးကို အပြီးသတ် ခေါ်ယူဖို့ရော နေးဗက်စ်ကို ကတ်တလန်မြေဆီ ရောက်ရှိလာအောင်ပါ ကြိုးပမ်းဖွယ် ရှိနိုင်ပါတယ်။ ဒါပေမယ့် နေးဗက်စ်ကို ဘာစီလိုနာအသင်းထက် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ကလည်း အသည်းအသန်ကို စိတ်ဝင်စားနေတာဖြစ်ပြီး ဒီအသင်းနှစ်သင်းလုံးမှာက ကွင်းလယ်ပိုင်း လိုအပ်ချက်ကိုယ်စီ ရှိနေတာဖြစ်လို့ နေးဗက်စ်ကို အရခေါ်ယူကြဖွယ်လည်း ရှိနေပါတယ်။

Exit mobile version