ဘာစီလိုနာအသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ကတော့ သူရဲ့ဒူးဒဏ်ရာက အခြေအနေမဆိုးလာခင်မှာ ခွဲစိတ်ကုသမှုတွေ ခံယူသွားဖို့ လိုအပ်လာတဲ့အတွက်ကြောင့် ဘောလုံးကစားခြင်းကနေ လပေါင်းများစွာ အနားယူသွားရတော့မှာဖြစ်တယ်လို့ သတင်းထွက်လာခဲ့ပြီးနောက်မှာ ဘာစီလိုနာအသင်းအနေနဲ့ ဆွာရက်ဇ်ရဲ့နေရာအတွက် တိုက်စစ်မှူးသစ်တစ်ယောက်ကို ရေတိုအစားထိုးသွားဖို့အတွက် အခုဆောင်းရာသီဈေးကွက်မှာ လူအင်အားဖြည့်တင်းမှု ပြုလုပ်ဖွယ်ရှိလို့နေပါတယ်။
Photo Credit : Forbes
Photo Credit : TEAMtalk
(Unicode)
ဆွာရက်ဇ်ကြောင့် တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူရဖွယ်ရှိနေတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ကတော့ သူရဲ့ဒူးဒဏ်ရာက အခြေအနေမဆိုးလာခင်မှာ ခွဲဲစိတ်ကုသမှုတွေ ခံယူသွားဖို့ လိုအပ်လာတဲ့အတွက်ကြောင့် ဘောလုံးကစားခြင်းကနေ လပေါင်းများစွာ အနားယူသွားရတော့မှာဖြစ်တယ်လို့ သတင်းထွက်လာခဲ့ပြီးနောက်မှာ ဘာစီလိုနာအသင်းအနေနဲ့ ဆွာရက်ဇ်ရဲ့နေရာအတွက် တိုက်စစ်မှူးသစ်တစ်ယောက်ကို ရေတိုအစားထိုးသွားဖို့အတွက် အခုဆောင်းရာသီစျေးကွက်မှာ လူအင်အားဖြည့်တင်းမှု ပြုလုပ်ဖွယ်ရှိလို့နေပါတယ်
Photo Credit : Forbes
အသက်၃၂နှစ်အရွှယ် ဥရုဂွေးလက်ရွေးစက် တိုက်စစ်ကစားသမားဆွာရက်ဇ်ဟာ သူရဲ့ညာဘက်ဒူးမှာ ဒဏ်ရာခံစားနေရတာ အချိန်အတော်ကြာပြီဖြစ်ပြီး ဆေးထိုးသွင်းပြီးတော့ ဆက်လက်ကစားနေရတာဖြစ်ပေမယ့် ဒဏ်ရာအခြေအနေ ပိုမိုမဆိုးရွှားလာခင် ခွဲစိတ်မှုခံယူဖို့ကို ဆုံးဖြတ်ချက်ချလိုက်ရတာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ဒီနေ့ကနေစတင်ပြီး ခွဲစိတ်မှုကို စတင်ခံယူသွားတော့မှာဖြစ်ပြီး လအတန်ကြာအောင် အနားယူသွားရတော့မှာဖြစ်လို့ ဘာစီလိုနာအသင်းအနေနဲ့ တိုက်စစ်ကစားသမားတစ်ယောက်ကို ခေါ်ယူအားဖြည့်သွားရဖွယ် ရှိနေပါတယ်။
Photo Credit : TEAMtalk
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်တုန်းကလည်း တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့် ဆာဆူအိုလိုအသင်းကနေ ပရင့်စ်ဘိုတန်ကို ရာသီအကုန်အထိ အငှားနဲ့ခေါ်ယူခဲ့ရသေးပြီး အခုလည်း ဆွာရက်ဇ်ရဲ့ဒဏ်ရာပြသာနာကြောင့် တိုက်စစ်မှူးတစ်ယောက်ကို ရေတိုစီမံကိန်းအနေနဲ့ ခေါ်ယူရဖွယ်ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့တိုက်စစ်ကစားသမားဟောင်းနေမာကို ပြန်လည်ခေါ်ယူသွားဖို့ ပြင်ဆင်နေပေမယ့်လည်း လက်ရှိစျေးကွက်မှာတော့ ခေါ်ယူဖို့ မလွယ်ကူတာကြောင့် အခြားသောတိုက်စစ်မှူးတစ်ဦးကိုသာ ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူဖွယ်ရှိနေပါတယ်။ အသင်းရဲ့တိုက်စစ်မှာ မက်ဆီ ဂရစ်ဇ်မန်း ကားလက်စ်ပီရက်ဇ်နဲ့ အန်ဆုဖာတီတို့ ရှိနေပေမယ့်လည်း လက်ရှိအနေအထားအရ လာလီဂါမှာရော ချန်ပီယံလိဂ်မှာပါ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်ဖို့အတွက်က ဒီလူအင်အားနဲ့ဆို ခက်ခဲဖွယ်ရှိတာကြောင့် တိုက်စစ်ပိုင်းအားဖြည့်ဖို့က မဖြစ်မနေကို လိုအပ်နေပြီး ဝါရင့်တိုက်စစ်မှူးတစ်ဦးကိုသာ ခေါ်ယူဖွယ်ရှိနေပါတယ်။