MySport Myanmar

အက်ဇ်ပီလီကွယ်တာ အလွန်ဆိုတို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့ ဆွေးနွေးနေ

ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဆီဆာအက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ်အလွန်ဆိုတို့ရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလေနဲ့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဘာစီလိုနာမြို့မှာ တွေ့ဆုံဖြစ်ကာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

Photo Credit : Football Espana

ချယ်လ်ဆီးအသင်းပိုင်ရှင် တော့်ဘိုလေနဲ့ ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာအပါအဝင် တခြားတာဝန်ရှိသူတွေဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဆွေးနွေးမှုတွေအတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ အက်ဇ်ပီလီကွယ်တာ အလွန်ဆိုတို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို အခြားသော အကြောင်းအရာတွေလည်း ပါဝင်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အက်ဇ်ပီလီကွယ်တာနဲ့ အလွန်ဆိုတို့ နှစ်ဦးလုံးကတော့ ချယ်လ်ဆီးမှာ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေကြတော့တာ ဖြစ်သလို ဘာစီလိုနာကို ပြောင်းရွှေ့ဖို့လည်း စိတ်အားထက်သန်နေကြသူတွေ ဖြစ်ပါတယ်။

Photo Credit : Twitter

ဘာစီလိုနာအသင်းဟာ အခုနွေဈေးကွက်ထဲမှာ ချယ်လ်ဆီးရဲ့ နောက်ခံလူ ခရစ္စတန်ဆန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပြီး မနေ့ကပဲ တရားဝင် မိတ်ဆက်သွားခဲ့တဲ့အပြင် အခုလည်း နောက်ထပ် ချယ်လ်ဆီးနောက်ခံလူနှစ်ဦးကို ထပ်မံခေါ်ယူသွားနိုင်ဖို့ နီးစပ်လာခဲ့ပါတယ်။ နှစ်ဦးလုံးနဲ့ personal agreed တွေ ရယူထားနိုင်ပြီဖြစ်လို့ ပြောင်းရွှေ့ကြေးအပိုင်းကိုသာ ဆက်လက်ဆွေးနွေးနေရတာဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေကြတော့တဲ့ ကစားသမားတွေအတွက် ပြောင်းရွှေ့ကြေးကို များများစားစား ပေးချေသွားဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် နောက်ထပ် စိတ်ဝင်စားဖို့ကောင်းနေတာကတော့ ချယ်လ်ဆီးက သူတို့ရဲ့ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်း အဓိကပစ်မှတ်ဖြစ်သူ ဖရန်ကီဒီယောင်းကိုပါ ကြားဖြတ်ခေါ်ယူချင်နေတာဖြစ်လို့ ဒီယောင်းအပြောင်းအရွှေ့အတွက်ပါ ဆွေးနွေးနိုင်ပြီး ဒီယောင်းအတွက် အလွန်ဆို+အက်ဇ်ပီလီကွယ်တာ+ပြောင်းရွှေ့ကြေးဆိုတဲ့ ကမ်းလှမ်းမှုကိုပါ လုပ်ဆောင်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရတော့ ဒီယောင်းက ဘာစီလိုနာမှာသာ ဆက်လက်ရှိနေချင်ပြီး အသင်းပြောင်းရမယ်ဆိုရင်လည်း ချယ်လ်ဆီးအသင်းထက် ဆရာဟောင်း တန်ဟက်ဂ်ရှိရာ ယူနိုက်တက်အသင်းကိုပဲ ရွေးချယ်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Exit mobile version