ဘာစီလိုနာအသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ ဝါရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ရဲဲ့နေရာကို အစားထိုးနိုင်ဖို့အတွက် အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူးလေး လော်သာရိုမာတီနက်ဇ်ကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။ ဒါပေမယ့် ဒီတိုက်စစ်ကစားသမားလေးကို ဘာစီလိုနာတစ်သင်းတည်းကပဲ စိတ်ဝင်စားနေတာမဟုတ်ပဲ ကလပ်အသင်းပေါင်းများစွာက အပြိုင်စိ်တ်ဝင်စားနေတာဖြစ်လို့ အလွယ်တကူ ခေါ်ယူနိုင်ဖွယ်မရှိပဲ ပြောင်းရွှေ့ကြေးကို ခပ်များများ ပေးချေရနိုင်သလို အင်တာဘက်ကနေလည်း တခြားတောင်းဆိုမှုတွေ လုပ်ဆောင်လာဖွယ်ရှိနေပါတယ်။

Photo Credit : Getty Images

အသက်၂၂နှစ်အရွှယ် တိုက်စစ်ကစားသမား မာတီနက်ဇ်က ဒီရာသီမှာ အင်တာမီလန်အသင်းအတွက် စီးရီးအေသွင်းဂိုး၁၁ဂိုးအပါအဝင် ချန်ပီယံလိဂ်မှာ ၂ဂိုးသွင်းယူထားနိုင်ခဲ့ကာ တိုက်စစ်မှူးလူကာကူနဲ့ အကောင်းဆုံးတွဲဖက်ကစားပြီး ခြေစွမ်းပြနေလျက်ရှိသူဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကို ရီးရဲလ်မက်ဒရစ် ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေကပါ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး လာမယ့်နွေစျေးကွက်ဖွင့်ချိန်မှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ်ရှိနေကြလို့ ဘာစီလိုနာအသင်းက ဒီအသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် ကစားသမားအလိုက်ပေးမှုနဲ့ပါ ကမ်းလှမ်းလာဖွယ်ရှိနေပါတယ်။

Photo Credit : Getty Images

အင်တာမီလန်က မာတီနက်ဇ်အတွက် စာချုပ်လျော်ကြေးကို ပေါင်၉၂သန်းထိ ချုပ်ဆိုထားတာဖြစ်ပေမယ့်လည်း ဘာစီလိုနာကတော့ ၉၂သန်းလုံးပေးပြီး ကမ်းလှမ်းဖို့ထက် ရာကီတစ် ဗီဒယ် တိုဒီဘို ကော်တင်ဟိုတို့ထဲက ကစားသမားတစ်ဦးဦးကို အလိုက်ပေးကာ ပြောင်းရွှေ့ကြေးတချို့နဲ့သာ ကမ်းလှမ်းဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာကတော့ သူတို့ရဲ့ကစားသမားကို ကမ်းလှမ်းရာမှာ ပြောင်းရွှေ့ကြေးတစိတ်တပိုင်းအဖြစ် ဘာစီတိုက်စစ်ကစားသမား အန်တိုနီယိုဂရစ်ဇ်မန်းကိုပဲ အလိုက်ပေးကမ်းလှမ်းစေချင်နေတယ်လို့ သိရှိရပါတယ်။ ပြင်သစ်တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းက ဒီရာသီမှ အသက်လက်တီကိုမက်ဒရစ်ကနေ ဘာစီလိုနာအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းမှာ ပုံမှန်ကစားနေရတယ်ဆိုပေမယ့်လည်း အသက်လက်တီကိုမှာတုန်းကလို ခြေစွမ်းမျိုးတွေကို ပြန်လည်ပြသနိုင်ခြင်းမရှိတဲ့အပြင် မက်ဆီနဲ့ ချိတ်ဆက်ကစားရမှာလည်း ထင်သလောက် အလုပ်မဖြစ်ခဲ့တာကြောင့် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ဂရစ်ဇ်မန်းကို အင်တာက မာတီနက်ဇ်နေရာအတွက် အစားထိုးချင်နေပြီး ဘာစီလိုနာဘက်ကတော့ ဒီတောင်းဆိုမှုကို လက်ခံနိုင်ဖွယ် မရှိနိုင်ပါဘူး။