ဘောလုံးနယ်ပယ်ရဲ့ ဘောလုံးလူဆိုး ဘောလုံးပြသာနာအိုးလို့ သတ်မှတ်ခံထားခဲ့ရတဲ့ အီတလီ လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား မာရီယိုဘလော့တယ်လီက သူစိတ်ကြိုက် အကောင်းဆုံး ဘောလုံးသမား (၁၁)ယောက်နဲ့ အကောင်းဆုံးအသင်းအဖြစ် ရွေးချယ်ခဲ့ရာ သူရဲ့ အင်တာမီလန် အသင်းဖော်ဟောင်းတွေများစွာ ပါဝင်ခဲ့သလို ထိပ်တန်းကစားသမား လီယွန်နယ်မက်ဆီကိုပါ ထည့်သွင်းခဲ့ပေမယ့် နောက်ထပ် ထိပ်တန်းကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။
Photo Credit : The Sun
အသက်(၃၁)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ဘလော့တယ်လီဟာ အင်တာမီလန် မန်စီးတီး အေစီမီလန် လီဗာပူးလ် မာဆေးလ်နဲ့ နိုက်စ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး အင်တာမီလန်နဲ့ တစ်ရာသီတည်း ဆုဖလား(၃)ခုကို ပိုင်ဆိုင်ခဲ့သလို မန်စီးတီးနဲ့ပါ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘလော့တယ်လီဟာ စည်းကမ်း်ပိုင်း အားနည်းသလို ပြသာနာလည်း အမြဲရှာတတ်သူဖြစ်လို့ အသင်းတစ်သင်းမှာ ရေရှည်မနေနိုင်ပဲ အခုဆိုရင် တူရကီအခြေစိုက် Adana Demirspor ကလပ်အသင်းမှာပါ ပါဝင်နေရတာ ဖြစ်ပါတယ်။ တူရကီ စူပါလိဂ်ကို ရောက်ရှိနေတဲ့ ဘလော့တယ်လီဟာ သူရဲ့ Best 11 Team ကို ရွေးချယ်ရာမှာ GOAT ကြီး တစ်ဦးဖြစ်တဲ့ မက်ဆီကို ရွေးချယ်ခဲ့ပေမယ့်လည်း နောက်ထပ် GOAT တစ်ဦးဖြစ်တဲ့ ရော်နယ်လ်ဒိုကိုတော့ မရွေးချယ်ခဲ့ပါဘူး။
Photo Credit : The Sun
ဘလော့တယ်လီရဲ့ အကောင်းဆုံးအသင်း
ဂိုး – ဂျူလီယိုဆီဆာ
ခံစစ် – မိုင်ကွန် ၊ ကန်နာဗားရိုး ၊ နက်စတာ ၊ မက်ဇ်ဝဲလ်
ကွင်းလယ် – ပီယာလို ၊ ဂျရတ် ၊ ယာယာတိုရေး ၊ ကာဆာနို
တိုက်စစ် – မက်ဆီ ၊ ရော်နယ်လ်ဒိုနာဇာရီယို
သူရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဘလော့တယ်လီက “ကျွန်တော်က အွန်နရီ ရော်နယ်လ်ဒိုတို့ကို ထည့်သွင်း မရွေးချယ်ခဲ့ပေမယ့်လည်း ပီယာလိုက ခင်ဗျားကို တစ်နှစ်မှာ (၁၀)ဂိုးလောက် ရရှိဖို့အတွက် အာမခံနိုင်လိမ့်မယ်။ ယာယာဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် ဒီ(၁၁)ယောက် ပါဝင်နေတဲ့ အသင်းက အကောင်းဆုံး ဖြစ်နေမယ်လို့ ထင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။