အီတလီ နာမည်ကျော် ဘောလုံး လူဆိုးတစ်ဦးဖြစ်သူ မာရီယို ဘလော့တယ်လီက သူရဲ့ကစားသမားဘဝ (၁၁)သင်းမြောက် ကလပ်အသင်းဖြစ်တဲ့ ဆွစ်ဇာလန်ကလပ် ဆီယွန်နဲ့ လက်တွဲဖြုတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဘလော့တယ်လီက မနှစ်က သြဂုတ်လမှာပဲ ဆီယွန်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေး (၂)နှစ်စာချုပ်တို့နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့်လည်း အသင်းနဲ့ တစ်နှစ်လောက်ပဲ ဖြတ်သန်းပြီးချိန်မှာ စာချုပ်ဖျက်သိမ်းဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။

Photo Credit : Transfermarket

အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အီတလီ လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ဘလော့တယ်လီဟာ အင်တာမီလန်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး မော်ရင်ဟိုလို ကမ္ဘာကျော် နည်းပြနဲ့ လက်တွဲခဲ့ရပေမယ့်လည်း ဘလော့တယ်လီရဲ့ ထုံးစံအတိုင်း နည်းပြတွေ အသင်းဖော်တွေနဲ့ အဆင်မပြေခဲ့ရာကနေ အသင်းတွေ တစ်သင်းပြီး တစ်သင်း ပြောင်းရွှေ့ခဲ့ရပါတယ်။

အင်တာ မန်စီးတီး အေစီမီလန် လီဗာပူးလ် မာဆေးလ်တို့လို ထိပ်တန်း ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပေမယ့် စည်းကမ်းတကျ မနေထိုင်တက်မှုနဲ့ ပြသာနာ မီးခွက်ထွန်းရှာတက်တဲ့ အကျင့်တွေကြောင့် ဘောလုံးအရည်အသွေးကောင်းရဲ့သားနဲ့ အရည်အသွေးတွေ ဖြုန်တီးရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Twitter

၂၀၁၉ခုနှစ်နောက်ပိုင်း ဘရက်ရှား ၊ မွန်ဇာ ၊ အဒါနာ ဒီမီစပေါ နဲ့ ဆီယွန်တိုု့လို သိပ်မထင်မရှားအသင်းတွေမှာသာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းရရင်း ဘလော့တယ်လီကိုလည်း ဘောလုံး ပရိသတ်တွေက မေ့မေ့လျော့လျော့ ဖြစ်သွားခဲ့ပါတယ်။

အခုတော့ ဘလော့တယ်လီက ဆီယွန်အသင်းနဲ့ လက်တွဲဖြုတ်လိုက်ပြီဖြစ်လို့ free agent player ပြန်ဖြစ်သွားခဲ့ရချိန် သူရဲ့အသင်းဟောင်းဖြစ်တဲ့ တူရကီကလပ် အဒါနာ ဒီမီစပေါအသင်းက ဘလော့တယ်လီကို အသင်းဆီ ပြန်လည် ခေါ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။