ချန်ပီယံရှစ်က အသင်းတစ်သင်း ဖြစ်တဲ့ ဘန်စလေ အသင်းဟာ တစ်ချိန်က ဒိပ်ဒိပ်ကြဲကစားသမား တစ်ဦးဖြစ်ခဲ့တဲ့ မာရီရို ဘာလော့တယ်လီကို ခေါ်ယူဖို့ အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘာလော့တယ်လီ ဟာ တစ်ချိန်က အင်္ဂလန်မှာ နာမည်ကြီး ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီးတော့ မန်ချက်စတာ စီးတီး အသင်းနဲ့ အတူ ၂၀၁၂ ခုနှစ်က ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အင်တာ မီလန် အသင်းနဲ့ အတူလည်း စီးရီးအေ ဖလား သုံးကြိမ် ရယူနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဘာလော့တယ်လီ ဟာ အသင်းပေါင်းများစွာမှာ ကျင်လည်ခဲ့ဖူးသူ ဖြစ်ကာ လီဗာပူး၊ အေစီ မီလန် နဲ့ မာဆေးလ် စတဲ့ အသင်းတွေမှာပါ ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုလက်ရှိမှာတော့ ဘာလော့တယ်လီအနေနဲ့ စိတ်မကောင်းစွာပဲ အသင်းလက်မဲ့ ဖြစ်နေရပါတယ်။

Photo Credit: Tutto Sports

အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ မန်စီးတီး နဲ့ လီဗာပူး တိုက်စစ်မှူးကစားသမား ဟောင်း ‌ဘာလော့တယ်လီ နောက်ဆုံး ကစားခဲ့တဲ့ အသင်းကတော့ သူ့ရဲ့ မွေးရပ်မြေမှာ ရှိတဲ့ ဘရက်ရှား အသင်း ဖြစ်ပါတယ်။ ဘာလော့တယ်လီ ဟာ ဇွန်လ နဲ့ ဇူလိုင်လ တွေတုန်းက အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းဖို့ ပျက်ကွက် ခဲ့တာကြောင့် ဘရက်ရှား အသင်းအနေနဲ့ ဘာလော့တယ်လီကို စာချုပ် ထပ်မချုပ်တော့တာကြောင့် ယခု လက်ရှိမှာ အသင်းမဲ့ နေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘန်စလေ အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဘာလော့တယ်လီ ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဘန်စလေ အသင်း ရဲ့ ရှယ်ယာရှင်တွေ ဖြစ်ကြတဲ့ ရှိန်လီး နဲ့ ပေါလ်ကွန်ဝေး တို့ အကြားမှာ ညှိနှိုင်းဆွေးနွေး မှုလေးတွေ ရှိခဲ့တယ်လို့လည်း ကြားသိရပါတယ်။ ဒါပေမယ့်လည်း ညှိနှိုင်းမှုတွေကို နောက်ထပ် မပြုလုပ်ပဲ ရပ်တန့်ထားသေးတယ်လို့ သတင်းစာဌာန အများစုက ဆိုကြပါတယ်။

 

Photo Credit: Tutto Sports

ဘာလော့တယ်လီ အနေနဲ့ အခုလက်ရှိမှာ ကျန်းမာကြံ့ခိုင်ဖို့ အတွက်တော့ ဖရန်စီရာကော်တာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘာလော့တယ်လီ ဟာ အီတလီမြေကို ပြန်သွားဖို့ အတွက် ၂၀၁၅ ခုနှစ်က အင်္ဂလန်မြေကို စွန့်ခွာခဲ့ပါတယ်။ ဘာလော့တယ်လီ ဟာ အင်တာမီလန် အသင်းနဲ့ အတူ စီးရီးအေဖလား သုံးကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား ရ ယူနိုင်ခဲ့ပါတယ်။ ဘာလော့တယ်လီ ဟာ မန်ချက်စတာ အသင်းမှာလည်း သုံးနှစ်ကြာအောင် ကစားခဲ့ကာ ပရီးမီးယားလိဂ် ဖလားနဲ့ ဖက်အေ ဖလား စတာတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။  ဘန်စလေ အသင်းဟာ ယခု လက်ရှိ ချန်ပီယံရှစ်မှာ အဆင့် ၁၆ နေရာမှာ ရောက်ရှိနေပြီး ဘာလော့တယ်လီ အနေနဲ့ အသင်းကို ကယ်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ မာရီရို ဘာလော့တယ်လီ တစ်ယောက် အင်္ဂလန် ဘောလုံးလောက ကို ပြန်လည်ခြေချ မလားဆိုတာတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။