မာရီယို ဘလော့တယ်လီကတော့ သူ့ကို အခွင့်အရေးတွေ ဖြုန်းတီးပစ်သူလို့ ဝေဖန်ထားတဲ့ အသင်းဖော်ဟောင်းကြီး ဇလာတန် အီဘရာဟီမိုုဗစ်ကို ရက်ရက်စက်စက် ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

ဘောလုံးသမားဘဝကနေ အနားယူသွားပြီဖြစ်တဲ့ မိုဗစ် နဲ့ အီတလီ ဘောလုံးလူဆိုး ဘလော့တယ်လီတို့ဟာ အင်တာမီလန်အသင်းမှာ အသင်းဖော်တွေအဖြစ် ၂၀၀၇ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ တွဲဖက် ကစားခဲ့ဖူးကြပါတယ်။

Photo Credit : ESPN

၂၀၀၉ခုနှစ်မှာ မိုဗစ်က အင်တာကနေ ဘာစီလိုနာကို ပြောင်းသွားချိန်မှာတော့ ဘလော့တယ်လီက အင်တာမှာ ဆက်နေရင်း ချန်ပီယံလိဂ်ဖလား အပါအဝင် တစ်ရာသီအတွင်း ဆုဖလား (၃)လုံးကို ပိုင်ဆိုင်နိုင်ခဲ့ရပြီး မိုဗစ်ကတော့ ကစားသမားဘဝက အနားယူသွားချိန်ထိ ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။

သူ့အသင်းဖော်ဟောင်း ဘာလော့တယ်လီနဲ့ ပတ်သက်ပြီး မိုဗစ်က ဘလော့တယ်လီဟာ သူရဲ့အနာဂတ်ကို အကောင်းဆုံး ပြောင်းလဲပစ်ဖို့အတွက် အခွင့်အရေးတွေ ရရှိခဲ့ပေမယ့်လည်း ဒီအခွင့်အရေးတွေကို ဘယ်တော့မှ အသုံးမချခဲ့ကြောင်း ဒါဟာ အမှန်တရားဖြစ်ကြောင်း အီတလီ သတင်းစာတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

Photo Credit : The Sun

ဒီလို ဝေဖန်မှုနဲ့ ပတ်သက်ပြီး ဘလော့တယ်လီက သူရဲ့အသင်းဖော်ဟောင်းကြီး မိုဗစ် တစ်ကြိမ်တစ်ခါမှကို မပိုင်ဆိုင်ဖူးခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက် အောင်ပွဲခံနေတဲ့ ဓါတ်ပုံနဲ့အတူ အသည်းပုံ emojis (၃)ခု (တစ်ရာသီတည်း ဆုဖလား ၃လုံး ရယူနိုင်ခဲ့ခြင်းကို ရည်ရွယ်တဲ့သဘော) ကိုပါ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

ဒ်ီလို တုံ့ပြန်မှုအပေါ် ဘောလုံပရိသတ်တွေ များစွာက သဘောကျခဲ့ကြပေမယ့်လည်း လက်ရှိမှာ အသက် (၃၃)တောင် ရှိနေပြီဖြစ်တဲ့ ဘလော့တယ်လီကတော့ သူရဲ့ အခွင့်အရေး ဖြုန်းတီးမှုကြောင့် မထင်မရှား ကလပ်အသင်းတွေမှာသာ သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းနေရလျက် ရှိနေပြီး အခုတော့ အသင်းဟောင်းဖြစ်တဲ့ တူရကီကလပ် အဒါနာ ဒီမီယာစပေါအသင်းမှာ ပါဝင် ကစားနေရပါတယ်။