MySport Myanmar

Ballon d’Or ရဲ့ ဆု(၃)ခုအတွက် winners နာမည်တွေ ထွက်ပေါ်လို့နေ

ဒီကနေ့ ည(၁)နာရီမှာ ကျင်းပသွားမယ့် 2022 Ballon d’Or ဆုပေးပွဲမှာ ချီးမြှင့်သွားမယ့် အထင်ကရ ဆု(၃)ခုဖြစ်တဲ့ အကောင်းဆုံးကစားသမားဆု (Ballon d’Or) အကောင်းဆုံးဂိုးသမားဆု(Yashin Trophy)နဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု(Kopa Trophy)ဆုတို့အတွက် ဆွတ်ခူးမယ့် ကစားသမားစာရင်းတွေ ကြိုတင်ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

အခုနှစ်ရဲ့ Ballon d’Or ဆုအတွက် တခြား ကစားသမားတွေအားလုံးထက် ရီးယဲလ်မက်ဒရစ် တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာက လွတ်လွတ်ကျွတ်ကျွတ် ရေပန်းစားနေတာဖြစ်ပြီး သူရဲ့ ပြီးခဲ့တဲ့ရာသီ ရယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလား လာလီဂါဖလားတွေ ရယူနိုင်မှု အဲ့ဒီပြိုင်ပွဲတွေမှာလည်း ဂိုးတွေများစွာ သွင်းယူလာနိုင်မှုတွေကြောင့် အားလုံးက ဘန်ဇီမာကို Ballon d’Or winner အဖြစ် သတ်မှတ်လာကြတာ ဖြစ်ပါတယ်။ ဒီလို ရေပန်းစားမှုအတိုင်း စပိန်ဘက်ကနေ leaked ဖြစ်လာခဲ့တဲ့ စာရင်းမှာလည်း Ballon d’Or winner က ဘန်ဇီမာသာ ဖြစ်နေရပါတယ်။

Photo Credit : The Sun

ဘန်ဇီမာနဲ့အတူ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းအတွက် အထူး စွမ်းဆောင်နိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံ ဂိုးသမား ကော်တိုအာဟာလည်း 2022 Yashin Trophy ဆုဖြစ်တဲ့ အကောင်းဆုံးဂိုးသမားဆုကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ leaked ဖြစ်လာခဲ့ပါတယ်။ ဒီဆု(၂)ဆုအပြင် နောက်ထပ် ဆုတစ်ခုဖြစ်တဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုအတွက်ကိုလည်း လာမာစီယာ အကယ်ဒမီထွက် talented ကစားသမားလေး ဂါဗီက winner ဖြစ်လိမ့်မယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး ဂါဗီဟာ အသက်(၁၈)နှစ်အရွ့ယ်သာ ရှိနေသေးပေမယ့်လည်း အသင်းအတွက် အရေးပါတဲ့ ကစားသမားအဖြစ် ပွဲတိုင်းနီးပါး ပါဝင်ကစားနေရသလို အကောင်းဆုံး စွမ်းဆောင်မှုတွေကြောင့်လည်း အခုလို အကောင်းဆုံးလူငယ်ဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီအတ်ိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ Ballon d’Or ဆုတွေကို လာလီဂဂါပြိုင်ပွဲကနေပဲ သိမ်းပိုက်သွားမယ့် အခြေအနေမှာ ရှိနေတဲ့အပြင် ဘန်ဇီမာဟာလည်း စီရော်နယ်လ်ဒို ကာကာ ရော်နယ်လ်ဒို မိုဒရစ် ဖီဂို ကင်နာဗာရိုး ဒီစတီဖာနိုနဲ့ ရေမွန်တို့ရဲ့နောက် နဝမမြောက် Ballon d’Or ဆုရှင် ရီးယဲလ်ကစားသမား ဖြစ်လာရပါတော့မယ်။

Exit mobile version