(၂၀၂၀) ခုနှစ် ဘလွန်းဒီအော် ဆုပေးပွဲ နီးကပ်လာတာနဲ့ အမျှ ဘလွန်းဒီအော်ဆု ရရှိနိုင်ချေရှိတဲ့ ကစားသမားတွေကလည်း ထွက်ပေါ်လာခဲ့ပြီး လက်ရှိရာသီမှာတော့ ဘိုင်နယ်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ဘလွန်းဒီအော်ဆုကို ရရှိဖို့ အထိုက်တန်ဆုံး သူ ဖြစ်နေပါတယ်။ တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ လက်ရှိရာသီမှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၃၁) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၃၄) ဂိုး သွင်းယူခဲ့ပြီး ပြိုင်ပွဲစုံ ပွဲစဉ် (၄၃) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၅၁) ဂိုး သွင်းယူထားတာကြောင့် ကစားတဲ့ ပွဲစဉ်အရေအတွက်ထက် သွင်းဂိုးတွေက ပိုများနေပါတယ်။

Photo Credit: Sportskeeda

ဘိုင်နယ်မြူးနစ်အသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းကို (၁၆) သင်း အဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာ (ဝ-၃) နဲ့ ပေးဂိုး မရှိ အနိုင်ရရှိထားပြီး တိုက်စစ်မှူး လီဝန်ဒေါ့စကီးအနေနဲ့လည်း လက်ကျန် ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ဂိုးတွေ သွင်းနိုင်ပါတယ်။ ပိုလန် တိုက်စစ်မှူး လီဝန်ဒေါ့စကီးအနေနဲ့ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး (၁၁) ဂိုး သွင်းယူထားပြီးပြီ ဖြစ်ပြီး လက်ရှိရာသီမှာ ဘိုင်နယ်မြူးနစ်အသင်းကို ဘွန်ဒက်စ်လီဂါ ဆုဖလား (၈) နှစ်ဆက် ရရှိအောင် ကူညီပေးခဲ့ပြီး ဂျမန် ပိုကယ် ဆုဖလားလည်း ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

ဘိုင်ယန် တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ လက်ရှိရာသီမှာ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒို နဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီတို့ထက် သွင်းဂိုး ပိုများနေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်လုပွဲ အထိ ရောက်ရှိသွားနိုင်မယ် ဆိုရင် ဘလွန်းဒီအော်ဆု ရရှိဖို့ အလွန် သေချာနေပြီပဲ ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့မှာ ချဲလ်ဆီးအသင်းကို (၃) ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့် တက်သွားဖို့ အလားအလာ ပိုများသွားပြီ ဖြစ်ပြီး တိုက်စစ်မှူး လီဝန်ဒေါ့စကီးအနေနဲ့လည်း သွင်းဂိုးတွေ ထပ်ပြီး သွင်းယူနိုင်ချေ ရှိပါသေးတယ်။ တိုက်စစ်မှူး မက်ဆီအနေနဲ့ လက်ရှိရာသီမှာ လာလီဂါ ဆုဖလား ရရှိနိုင်ချေ မရှိတော့တာ ဖြစ်ပြီး ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ မက်ဆီထက် သွင်းဂိုးတွေ ပိုများထားပေမယ့် တိုက်စစ်မှူး လီဝန်ဒေါ့စကီးထက် သွင်းဂိုးတွေ ပိုနည်းနေတာကြောင့် တိုက်စစ်မှူး လီဝန်ဒေါ့စကီးကသာ ဘလွန်းဒီအော်ဆုကို ရရှိဖို့ အထိုက်တန်ဆုံး ဖြစ်နေပါတယ်။

 

မှတ်ချက်၊ (ရရှိဖို့ ထိုက်တန်တယ်လို့ ရေးထားခြင်း ဖြစ်ပြီး၊ ရရှိမယ်လို့ ရေးထားခြင်း မဟုတ်ပါ)