ဒီနှစ်ဘောလုံးရာသီအကုန်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့သလို ရီးယဲလ်အသင်းဘက်ကလည်း ဘေးလ်ကို အသင်းကနေသာ လက်လွတ်သွားဖို့ ဆန္ဒရှိနေတာမို့ ဘေးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကလပ်အသင်းများစွာက ပစ်မှတ်ထားလို့နေပြီး ဒီအသင်းတွေထဲမှာ စီးရီးအေကလပ် အေစီမီလန်အသင်းပါ ပါဝင်လာခဲ့ရပါတယ်။

Gareth Bale has returned for Real Madrid but is this his swansong? -  Football Espana

Photo Credit : Football Espana

အသက်(၃၂)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် ညာတောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ၂၀၁၃ခုနှစ်ကတည်းက စပါးအသင်းဆီကနေ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် (၂၅၆)ပွဲအထိ ပါဝင်ကစားခဲ့သလို စုစုပေါင်း သွင်းဂိုး (၁၀၆)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရီးယဲလ်အသငး်မှာ တစ်ပတ်လုပ်ခ ပေါင်(၆၅၀၀၀၀)အထိကို ရရှိလို့နေတဲ့ ဘေးလ်ဟာ ဒဏ်ရာပြသာနာတွေနဲ့ မကြာခဏ ရင်ဆိုင်နေရသလို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာပါ တောက်လျှောက် ပါဝင်ရဖို့ပါ ရုန်းကန်နေရသူဖြစ်လို့ အသင်းဘက်ကနေ သူ့ကို သက်တမ်းတိုးဖို့ အစီအစဉ် မရှိသလို ဘေးလ်ကလည်း သူ့အတွက် ကစားခွင့်တွေ အလွန်နည်းပါးလာခဲ့ရတဲ့ အသင်းနဲ့ ဆက်လက်ပူးပေါင်းဖို့ ဆန္ဒမရှိပဲ ဖြစ်နေရပါတယ်။

Gareth Bale is Real Madrid's best option at RW and should start vs. PSG

Photo Credit : The Real Champs

ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့် ရရှိပြီးနောက် ဘောလုံးသမားဘဝကိုပါ အဆုံးသတ်ဖွယ် ရှိနေနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုထားဖူးတဲ့ ဘေးလ်ဟာ လာမယ့်ဇွန်(၃၀)မှာပဲ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်သလို ဘေးလ်ရဲ့ ဝေးလ်စ်အသင်းဟာလည်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွဲဖို့ မသေချာသေးတာကြောင့် လာမယ့်နွေမှာ သူ့အတွက် ကလပ်အသင်းသစ် တစ်သင်းကို ရွေးချယ်ဖွယ် ရှိနေပါတယ်။ တကယ်လို့သာ ဘေးလ်အနေနဲ့ သူရဲ့ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းဦးမယ်ဆိုရင် သူ့ကို စီးရီးအေထိပ်သီး ကလပ်အသင်းကြီးဖြစ်တဲ့ အေစီမီလန်က ဘေးလ်ကို အရခေါ်ယူသွားဖွယ် ရှိနိုင်တယ်လို့ နာမည်ကျော် အားကစား ဂျာနယ်လစ်တစ်ဦးက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဒီ ဂျာနယ်လစ်ရဲ့ဖော်ပြချက်အရ မီလန်အသင်း အားကစားဒါရိုက်တာ ပေါ်လိုမာလ်ဒီနီဟာ ဘေးလ်ရဲ့ အေးဂျင့်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။ မီလန်အသင်းဟာ ဒီရာသီမှာ စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပြီး လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ သေချာနေတဲ့ အနေအထားကို ပိုင်ဆိုင်ထားရပါတယ်။