ဒဏ်ရာပြသာနာတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် ဖန်လူသားလို့တောင် နာမည်ပြောင် ရရှိထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကတော့ လက်ရှိမှာလည်း သူရဲ့ထုံးစံအတိုင်း ဒဏ်ရာပြသာနာတစ်ခုနဲ့ ဆက်လက်ရင်ဆိုင်နေရတာကြောင့် အောက်တိုဘာလအတွင်းမှာ ဘာစီလိုနာအသင်းနဲ့ အယ်ဂလက်စီကိုဒါဘီပွဲစဉ်ကိုပါ လွဲချော်ရနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Ace Football

အသက်(၃၂)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်အတွင်းမှာ ညာဘက်ခြေထောက်ရဲ့ ကြွက်သားတွေမှာ ဒဏ်ရာပြသာနာ ဖြစ်ပွားသွားခဲ့တာကြောင့် ဆယ်လ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ လာလီဂါပွဲစဉ်ကိုရော အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေကိုပါ လွဲချော်ရသလို ခန့်မှန်းခြေအရ (၂)လနီးပါးလောက်အထိ ဆက်လက်အနားယူရဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Daily Advent

တကယ်လို့ ဒီအချိန်အတိုင်းအတာလောက်အထိ အနားယူရမယ်ဆိုရင်တော့ ဘေးလ်အနေနဲ့ လာမယ့် အောက်တိုဘာလ (၂၄)ရက်နေ့မှာ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်သွားရမယ့် အယ်ဂလက်စီကိုဒါဘီပွဲစဉ်ကိုပါ လွဲချော်ဖို့ သေချာသလောက်ကို ရှိ်သွားမှာပဲ ဖြစ်ပါတယ်။ ဟာဇက်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ရီးယဲလ်နည်းပြကြီး ကားလို့အန်စလော့တီက “သူဘယ်လောက်အထိိ အနားယူရဦးမလဲဆိုတာကို ကျွန်တော်လည်း မသိပါဘူး။ ဒဏ်ရာအခြေအနေကတော့ နည်းနည်းဆိုးရွှားတာဆိုတော့ အချိန်တစ်ခုတော့ ပေးရမှာပါ။ ဒီဒဏ်ရာကို အမြန်ဆုံး သက်သာလာအောင် သူ့ဘက်ကနေ သေသေချာချာ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ဘက်ကနေတော့ သူ ပြန်ကောင်းလာတဲ့အထိ စောင့်ဆိုင်းရမှာပေါ့” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘေးလ်ရဲ့ ဒဏ်ရာပြသာနာအပြင် ပြီးခဲ့တဲ့ အင်တာမီလန်နဲ့ ပွဲစဉ်အတွင်း အရန်လူစာရင်းမှာသာ ပါဝင်ခဲ့ရတဲ့ အီဒင်ဟာဇက်မှာလည်း အသေးစား ဒူးဒဏ်ရာနဲ့ ရင်ဆိုင်နေရတာမို့ ဒီနေ့ညမှာ ဗလင်စီယာအသင်းနဲ့ ရင်ဆိုင်ရမယ့် စပိန်လာလီဂါပွဲစဉ်ကိုပါ ပါဝင်ကစားဖို့ မသေချာသေးတဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။ ဗလင်စီယာအသင်းကလည်း ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေတဲ့ အသင်းဖြစ်တာကြောင့် ရီးယဲလ်အသင်းအနေနဲ့ လာလီဂါပွဲကျပ်အဖြစ် ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။