ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ပတ္သက္တဲ႔ အသင္းပရိသတ္ေတြ ကစားသမားေဟာင္းေတြနဲ႔ တျခားေသာ ေဘာလုံးဝါသနာရွင္မ်ားက ဂါရတ္ေဘးလ္လုိ နာမည္ေက်ာ္ ကစားသမားမိ်ဳးက သူ႔ကုိ လုံးဝအလုိမရွိတဲ႔ ရီးရဲလ္မက္ဒရစ္အသင္းမွာ အရမ္းကုိ တြယ္ကပ္ေနတဲ႔အေပၚမွာ အံ့အားသင့္ေနခဲ႔ရၿပီး တကယ္ဆုိရင္ သူအေနနဲ႔ ဒီအခ်ိန္မွာ တျခားေသာ အသင္းႀကီးတစ္သင္းဆီ ေျပာင္းေရႊ႔လုိက္သင့္တယ္လုိ႔ ေထာက္ျပေနၾကေပမယ့္လည္း ေဘးလ္ကေတာ့ လက္ရွိအခ်ိန္ထိ ရီးရဲလ္မက္ဒရစ္ ကစားသမားအျဖစ္သာ ဆက္လက္ရွိေနပါေသးတယ္။ ဒါေပမယ့္ ေဘာလုံးေလာကဆုိတာ ဘာမဆုိ ျဖစ္လာႏုိင္တတ္တာကုိေတာ့ မေမ့ထားသင့္ပါဘူး။

Photo Credit : Getty Images

ဒါေပမယ့္ စပိန္သတင္းမီဒီယာတစ္ခုကေန ေဖာ္ျပလာခ်က္အရေတာ့ ေဘးလ္အေနနဲ႔ ရီးရဲလ္အသင္းမွာပဲ ဆက္လက္ရွိေနရတာဟာ အေၾကာင္းရွိေနၿပီး ပထမတစ္ခ်က္ကေတာ့ သူနဲ႔ လုံးဝကုိ အဆင္မေျပျဖစ္ေနရတဲ႔ နည္းျပဇီဒန္း အသင္းကေန အထုတ္ပယ္ခံရမယ့္အခ်ိန္ကုိ ေစာင့္ဆုိင္းေနတာျဖစ္ၿပီး ေနာက္တစ္ခ်က္ကေတာ့ သူ႔ကုိ အရမ္းအလုိရွိေနတဲ႔ တရုတ္စူပါလိဂ္ရဲ႕ အေျပာင္းအေရႊ႕ေစ်းကြက္ ျပန္လည္ဖြင့္လွစ္မယ့္အခ်ိန္ကုိ ေစာင့္ဆုိင္းေနတာေၾကာင့္သာျဖစ္တယ္လုိ႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာလည္း ေဘးလ္ကုိ ဇီဒန္းကသာ အသင္းကေန ေရာင္းခ်ခ်င္ေနတာျဖစ္ၿပီးေတာ့ ရီးရဲလ္ဥကၠဌပီရက္ဇ္ကေတာ့ ေဘးလ္အသင္းမွာ ဆက္ထားထားခ်င္ေနပါတယ္။

Photo Credit : Getty Images

ဒါေၾကာင့္ ေဘးလ္ကိစၥနဲ႔တင္ ပီရက္ဇ္နဲ႔ဇီဒန္းတုိ႔ရဲ႕ၾကားမွာ အဖုအထစ္ေတြ ျဖစ္ေပၚလာႏုိင္ၿပီး အခုဇီဒန္းရဲ႕ ရီးရဲလ္အသင္းမွာလည္း ရာသီႀကိဳေျခစမ္းပြဲအတြင္းမွာ ေျခစမ္းလုံးဝကုိ ျပသထားႏိုင္ျခင္းမရွိေသးတာေၾကာင့္ ဇီဒန္းအတြက္ ထုိင္ခုံလႈပ္ခ်င္စရာ ျဖစ္လာခဲ႔ရပါတယ္။ ဇီဒန္းဟာ ရီးရဲလ္အသင္းကုိ ဒုတိယအႀကိမ္အျဖစ္ ျပန္လည္ကုိင္တြယ္ခ်ိန္မွာကေနစၿပီး အသင္းအတြက္ ရလဒ္ေကာင္းေတြ မယူေပးႏုိင္ခဲ႔သလုိ အခု ကစားသမားသစ္ေတြကုိ ေပါင္သန္း၃ရာေက်ာ္ေလာက္နဲ႔ အားျဖည့္တင္းေပးထားခ်ိန္မွာေတာင္ ရုန္းကန္ေနရဆဲျဖစ္တာမုိ႔ ဇီဒန္းရဲ႕ အနာဂတ္ကလည္း မေရရာမႈေတြနဲ႔သာ ျပည့္နက္ေနတယ္လုိ႔ သတ္မွတ္ႏုိင္ပါတယ္။

Photo Credit : Getty Images

တကယ္လုိ႔သာ လာလီဂါအဖြင့္ပြဲစဥ္ေတြအထိ ရီးရဲလ္အသင္းဘက္ကေန ရလဒ္ေတြ ေတာက္ေလွ်ာက္ဆုိးရႊားေနဦးမယ္ဆုိရင္ေတာ့ ဇီဒန္းအေနနဲ႔ အသင္းကေန ဒုတိယအႀကိမ္အျဖစ္ လမ္းခြဲရႏုိင္ပါတယ္။ ဒီလုိ ဇီဒန္းထြက္ခြာသြားရမယ္ဆုိရင္ေတာ့ ဂါရတ္ေဘးလ္က အသစ္ေရာက္လာမယ့္ နည္းျပလက္ေအာက္မွာ ပြဲထြက္ကစားခြင့္ေတြ ျပန္ရလာႏိုင္ပါတယ္။ ဒီလုိမွမဟုတ္ရင္လည္း ေဘးလ္ဟာ တရုတ္စူပါလိဂ္ရဲ႕ အေျပာင္းအေရႊ႔ေစ်းကြက္ ျပန္ဖြင့္လွစ္မယ့္အခ်ိန္ကုိသာ ေစာင့္ဆုိင္းေနမွာျဖစ္ၿပီး သူ႔ကုိ တစ္ပတ္လုပ္ခ ေပါင္၁သန္းနဲ႔ ကမ္းလွမ္းခဲ့တဲ့ နန့္က်င္းအသင္းဆီကုိပဲ ထပ္မံေျပာင္းေရႊ႔ခြင့္ရေအာင္ ႀကိဳးစားဖြယ္ရွိေနပါတယ္။

(Unicode)

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပတ်သက်တဲ့ အသင်းပရိသတ်တွေ ကစားသမားဟောင်းတွေနဲ့ တခြားသော ဘောလုံးဝါသနာရှင်များက ဂါရတ်ဘေးလ်လို နာမည်ကျော် ကစားသမားမျိုးက သူ့ကို လုံးဝအလိုမရှိတဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ အရမ်းကို တွယ်ကပ်နေတဲ့အပေါ်မှာ အံ့အားသင့်နေခဲ့ရပြီး တကယ်ဆိုရင် သူအနေနဲ့ ဒီအချိန်မှာ တခြားသော အသင်းကြီးတစ်သင်းဆီ ပြောင်းရွှေ့လိုက်သင့်တယ်လို့ ထောက်ပြနေကြပေမယ့်လည်း ဘေးလ်ကတော့ လက်ရှိအချိန်ထိ ရီးရဲလ်မက်ဒရစ် ကစားသမားအဖြစ်သာ ဆက်လက်ရှိနေပါသေးတယ်။ ဒါပေမယ့် ဘောလုံးလောကဆိုတာ ဘာမဆို ဖြစ်လာနိုင်တတ်တာကိုတော့ မမေ့ထားသင့်ပါဘူး။

Photo Credit : Getty Images

ဒါပေမယ့် စပိန်သတင်းမီဒီယာတစ်ခုကနေ ဖော်ပြလာချက်အရတော့ ဘေးလ်အနေနဲ့ ရီးရဲလ်အသင်းမှာပဲ ဆက်လက်ရှိနေရတာဟာ အကြောင်းရှိနေပြီး ပထမတစ်ချက်ကတော့ သူနဲ့ လုံးဝကို အဆင်မပြေဖြစ်နေရတဲ့ နည်းပြဇီဒန်း အသင်းကနေ အထုတ်ပယ်ခံရမယ့်အချိန်ကို စောင့်ဆိုင်းနေတာဖြစ်ပြီး နောက်တစ်ချက်ကတော့ သူ့ကို အရမ်းအလိုရှိနေတဲ့ တရုတ်စူပါလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက် ပြန်လည်ဖွင့်လှစ်မယ့်အချိန်ကို စောင့်ဆိုင်းနေတာကြောင့်သာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာလည်း ဘေးလ်ကို ဇီဒန်းကသာ အသင်းကနေ ရောင်းချချင်နေတာဖြစ်ပြီးတော့ ရီးရဲလ်ဥက္ကဌပီရက်ဇ်ကတော့ ဘေးလ်အသင်းမှာ ဆက်ထားထားချင်နေပါတယ်။

Photo Credit : Getty Images

ဒါကြောင့် ဘေးလ်ကိစ္စနဲ့တင် ပီရက်ဇ်နဲ့ဇီဒန်းတို့ရဲ့ကြားမှာ အဖုအထစ်တွေ ဖြစ်ပေါ်လာနိုင်ပြီး အခုဇီဒန်းရဲ့ ရီးရဲလ်အသင်းမှာလည်း ရာသီကြိုခြေစမ်းပွဲအတွင်းမှာ ခြေစမ်းလုံးဝကို ပြသထားနိုင်ခြင်းမရှိသေးတာကြောင့် ဇီဒန်းအတွက် ထိုင်ခုံလှုပ်ချင်စရာ ဖြစ်လာခဲ့ရပါတယ်။ ဇီဒန်းဟာ ရီးရဲလ်အသင်းကို ဒုတိယအကြိမ်အဖြစ် ပြန်လည်ကိုင်တွယ်ချိန်မှာကနေစပြီး အသင်းအတွက် ရလဒ်ကောင်းတွေ မယူပေးနိုင်ခဲ့သလို အခု ကစားသမားသစ်တွေကို ပေါင်သန်း၃ရာကျော်လောက်နဲ့ အားဖြည့်တင်းပေးထားချိန်မှာတောင် ရုန်းကန်နေရဆဲဖြစ်တာမို့ ဇီဒန်းရဲ့ အနာဂတ်ကလည်း မရေရာမှုတွေနဲ့သာ ပြည့်နက်နေတယ်လို့ သတ်မှတ်နိုင်ပါတယ်။

Photo Credit : Getty Images

တကယ်လို့သာ လာလီဂါအဖွင့်ပွဲစဉ်တွေအထိ ရီးရဲလ်အသင်းဘက်ကနေ ရလဒ်တွေ တောက်လျှောက်ဆိုးရွှားနေဦးမယ်ဆိုရင်တော့ ဇီဒန်းအနေနဲ့ အသင်းကနေ ဒုတိယအကြိမ်အဖြစ် လမ်းခွဲရနိုင်ပါတယ်။ ဒီလို ဇီဒန်းထွက်ခွာသွားရမယ်ဆိုရင်တော့ ဂါရတ်ဘေးလ်က အသစ်ရောက်လာမယ့် နည်းပြလက်အောက်မှာ ပွဲထွက်ကစားခွင့်တွေ ပြန်ရလာနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ဘေးလ်ဟာ တရုတ်စူပါလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက် ပြန်ဖွင့်လှစ်မယ့်အချိန်ကိုသာ စောင့်ဆိုင်းနေမှာဖြစ်ပြီး သူ့ကို တစ်ပတ်လုပ်ခ ပေါင်၁သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့ နန့်ကျင်းအသင်းဆီကိုပဲ ထပ်မံပြောင်းရွှေ့ခွင့်ရအောင် ကြိုးစားဖွယ်ရှိနေပါတယ်။