MySport Myanmar

ဘေးလ်ကို ရီးယဲလ်ရဲ့ မြို့ခံအသင်းဆီ ပို့ဆောင်ဖို့ အေးဂျင့်က ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်နိုင်ခဲ့

ဝေးလ်စ် တောင်ပံကစားသမားကြီး ဂါရတ်ဘေးလ်ကို သူရဲ့အေးဂျင့်ဖြစ်သူက ရီးယဲလ်မက်ဒရစ်ရဲ့ မက်ဒရစ်မြို့ခံအသင်း အသက်လက်တီကိုမက်ဒရစ်အသင်းဆီ ပြောင်းရွှေ့နိုင်အောင် ကြိုးပမ်းခဲ့ပေမယ့်လည်း အသက်လက်တီကိုဘက်က ေးဘလ်ဟာ သူတို့ အလိုရှိနေတဲ့ ကစားသမားမျိုး မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပြီး ခေါ်ယူလို့ ရနိုင်မယ့် အခွင့်အရေးကိုပါ ပယ်ချသွားခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွှယ် ဝေးလ်စ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်က ဒီနှစ်ဘောလုံးရာသီအကုန်မှာ ရီးယဲလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကလည်း သူ့ကို ထပ်မံသက်တမ်းမတိုးတော့ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ လက်လွတ်သွားတော့မှာဖြစ်လို့ လာမယ့် ဇူလိုင်လမှာပဲ ဘေးလ်ဟာ free agent ကစားသမား ဖြစ်လာရပါတော့မယ်။ ဒီလို အခြေအနေမှာ ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျိုနသန်ဘားနတ်က သူရဲ့ ကစားသမား ခေါ်ယူချင်မလားဆိုပြီး အသက်လက်တီကိုအသင်းဆီကို ကမ်းလှမ်းလာခဲ့ရာ အသက်လက်တီကိုဘက်က ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Football London

ကစားသမားဘဝအတွင်း ဒဏ်ရာပြသာနာပေါင်းများစွာ ရရှိခဲ့ဖူးတဲ့ ဘေးလ်ဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း ဒဏ်ရာအခြေအနေတွေကြောင့် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲသာ ပါဝင်ထားနိုင်ခဲ့ပြီး လာလီဂါပွဲစဉ်(၂) လီဗန်တေးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာသာ ဒီရာသီရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာပြသာနာတွေနဲ့သာ လုံးပန်းနေရတဲ့ ဘေးလ်ဟာ သူရဲ့လက်ရွေးစင်အသင်းဖြစ်တဲ့ ဝေးလ်စ်အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလား ပလေးအော့ နောက်ဆုံးပွဲစဉ်ကို ပါဝင်ဆင်နွဲရဖို့ ရှိနေပေမယ့် တကယ်လို့ ဝေးလ်စ်အသင်းက ပလေးအော့မှာ ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့မယ်ဆိုရင် ဘေးလ်က သူရဲ့ဘောလုံးသမားဘဝကိုပါ စောစောစီးစီးနဲ့ အဆုံးသတ်ဖွယ်ပါ ရှိနေတယ်လို့ သိရပါတယ်။ ဂါရတ်ဘေးလ်ဟာ ၂၀၁၃ခုနှစ်ကတည်းက စပါးအသင်းကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ (၈)ရာသီထိ ဖြတ်သန်းခဲ့ပြီးနောက်မှာ (၂၅၈)ပွဲကစား သွင်းဂိုး (၁၀၆)ဂိုးထိ သွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၄)ကြိမ် လာလီဂါဖလား (၃)ကြိမ် ဥရောပစူပါဖလား (၃)ကြိမ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား (၃)ကြိမ် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Exit mobile version