မနေ့ညက အာမန်ဒိုမာရာဒိုနာ ဘောလုံးကွင်းကြီးမှာ ကျင်းပခဲ့တဲ့ နာပိုလီအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ယူရိုပါလိဂ် ပလေးအော့ ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဧည့်သည်ဘာစီလိုနာအသင်းက အယ်လ်ဘာ ဖရန်ကီဒီဂျောင် ပီကေး အူဘာမီယန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၂)ဂိုး(၄)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၃)ဂိုး(၅)ဂို်းနဲ့ ဘာစီလိုနာတို့ (၁၆)သင်း ရှုံးထွက်အဆင့်ပွဲစဉ်စီ တတ်လှမ်းသွားခဲ့ရပါတယ်။

Photo Credit : Twitter

ဒီပွဲစဉ်မှာ အသင်းအတွက် တတိယသွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဝါရင့်နောက်ခံလူ ပီကေးက အသင်းအနေနဲ့ အခုလို ခြေစွမ်း Form ကောင်းနေရခြင်းက အသင်းနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်း ကစားဟန်တွေကြောင့် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ စပိန်နောက်ခံလူကြီး ပီကေးက သူတို့ ဘာစီလိုနာအသင်းအနေနဲ့ လတ်တလော ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းတွေမှာပါ တောက်လျှောက်ကောင်းမွန်နေရတာက ဇာဗီရဲ့ ဘောလုံးပိုင်ဆိုင်မှု အခြေခံထားတဲ့ နည်းစနစ်ပိုင်းကြောင့် ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုထားပါတယ်။

Gerard Piqué: "I've always said that as a striker I would have scored 15 or  20 goals..." - Kiratas

Photo Credit : Kiratas

အီတလီနိုင်ငံ နေပယ်မြို့မှာ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းအပေါ် ပီကေးက “ဘောလုံးရဖို့အတွက် ကျွန်တော်တို့တွေ မူလပုံစံအတိုင်း ပြန်လည်လုပ်ဆောင်ခဲ့တယ်။ ကျွန်တော်တို့ဘက်က ဒီလိုမျိုးကို အချိန်အတိုင်းအတာ တစ်ခုလောက်ထိ ရပ်တန့်ထားခဲ့မိတယ်။ ဒီအတွက် ဘယ်သူ့ကို အပြစ်တင်ကြမလဲ။ လူတိုင်းကို နည်းနည်းတော့ အပြစ်တင်ခံရမယ်။ တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားမယ်ဆိုရင် မတရားပါဘူး။ အဲ့ဒီလို ဆုံးဖြတ်မယ်ဆိုရင် မသင့်လျော်ပါဘူး။ ဘိုင်ယန်မြူးနစ်နဲ့ နောက်ပိုင်းကတည်းက တော်တော်များများ ပြောင်းလဲလာခဲ့ပါတယ်။ အခုအချိန်မှာတော့ အသင်းအတွင်း ယုံကြည်မှုတွေ အခြေစိုက်နေပါပြီ။ ကျွန်တော်တို့တွေ ဇန်နဝါရီမှာလည်း ကောင်းကောင်း အားဖြည့်ထားခဲ့လို့ အခုဆိုရင် အသင်းရဲ့ တိုက်စစ်မှာ တကယ့်လက်နက်ကောင်းတွေ ပိုင်ဆိုင်နေရပါပြီ။ အများဆုံး ဖြစ်ပျက်နေတာကတော့ ကစားပွဲတွေအတွင်းမှာ အဆက်မပြတ် တိုးတတ်နေမှုပါပဲ။ အဲ့ဒါက တစ်ခါတစ်လေ ရလဒ်ကောင်းတွေဆီ ပို့ဆောင်နိုင်ပေမယ့်လည်း တခါတလေဆိုရင်လည်း မပို့ဆောင်နိုင်တတ်ဘူး။ ဒါပေမယ့်လည်း တိုးတတ်မှုကတော့ ရှိနေပါတယ်။ ဒီလို အခြေအနေကနေ ကျွန်တော်တို့ကို ကောင်းမွန်တဲ့ အနေအထားတစ်ခုဆီ ဆက်လက်ခေါ်ဆောင်သွားပြီး ဒါကိုလည်း ယူရိုပါလိဂ်မှာ မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။