ချဲလ်ဆီးအသင်း နောက်ခံကစားသမား အက်ပီလီကျူတာကတော့ မန်ယူအသင်း၊ စပါးအသင်း၊ ဘိုင်နယ်မြူးနစ်အသင်းတို့တွေနဲ့ (၃) ပွဲဆက် ကစားသွားရမယ့် အိမ်ကွင်း ပွဲစဉ် (၃) ပွဲစလုံးဟာ အခွင့်အရေး ဖြစ်ပြီး ဒီအခွင့်အရေး (၃) ခုကို (၁) ခုချင်း ရယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နည်းပြ လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းဟာ ဆောင်းရာသီ အားလပ်ရက် ပြီးဆုံးသွားပြီဆိုရင်တော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ယူအသင်း၊ စပါးအသင်းတို့နဲ့ အိမ်ကွင်းပွဲစဉ် ကစားသွားရမှာပါ။

Photo Credit: Goal

ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ မန်ယူအသင်း၊ စပါးအသင်းတို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲ ကစားပြီးရင် ဘိုင်နယ်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို အိမ်ကွင်းမှာ ဆက်လက် ကစားဖို့ ရှိနေပြန်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းကြီး (၃) သင်းနဲ့ (၃) ပွဲဆက် ကစားရမှာ ဖြစ်လို့ ပွဲကျပ်နေပေမဲ့ ချဲလ်ဆီး နောက်ခံလူ အက်ပီလီကျူတာကတော့ အသင်းရဲ့ အိမ်ကွင်း စတန့်ဖို့ဒ် ဘရိတ်ကွင်းမှာ မန်ယူ၊ စပါး နဲ့ ဘိုင်နယ်တို့ကို (၁) ပွဲချင်း အနိုင်ယူသွားမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

အက်ပီလီကျုတာက “အခုအချိန်က တည်ငြိမ်မှုကို တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ အိမ်ကွင်းမှာ (၃) ပွဲဆက် ကစားဖို့ ရှိပြီး အဲဒီ (၃) ပွဲမှာ အဆင်သင့် ဖြစ်တာကို ပြသသွားမှာပါ။ စတန့်ဖို့ဒ် ဘရိတ်ချ်ကို လာကစားဖို့ ခက်ခဲတဲ့ နေရာ ဖြစ်အောင် ဖန်တီးမှာပါ။ ဒီအခွင့်အရေး (၃) ခု ရောက်လာတဲ့ အခါ (၁) ခုချင်း ရယူသွားပါမယ်။ ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါက လက်ရှိရာသီ အောင်မြင်ဖို့အတွက် အဓိကပါပဲ”လို့ ပြောသွားပါတယ်။