ျမန္မာ့လက္ေရြးစင္အသင္းရဲ့ အဓိက ကစားသမားျဖစ္သလို ပရိတ္သတ္အခ်စ္ေတာ္ ကစားသမားလည္းျဖစ္တဲ့ ေအာင္သူကေတာ့ သူ႔ရဲ့ ေအာင္ေျမလို႔ ဆိုရမယ့္ မႏၲလာေျမကို ျပန္လည္ ေရာက္ရွိလာခဲ့ၿပီလို႔ သိရပါတယ္။ ေအာင္သူဟာ လက္ရွိမွာ မိခင္ကလပ္အသင္းျဖစ္တဲ့ ရတနာပုံအသင္းနဲ႔အတူ ေလ့က်င့္ခန္းေတြ ျပန္ဆင္းေနၿပီလည္း ျဖစ္ပါတယ္။

Photo Credit: Myanmar Times.com

ျမန္မာလက္ေရြးစင္အသင္းမွာ ေျခစြမ္းျပသခဲ့တာေၾကာင့္ ထိုင္းနိုင္ငံအသင္းျဖစ္တဲ့ ပူးလစ္ တယ္ရိုအသင္းကို အငွားနဲ႔သြားေရာက္ ကစားခဲ့တဲ့ ေအာင္သူဟာ ပူးလစ္တယ္ရိုအသင္းနဲ႔ ပထမဦးဆုံးရာသီမွာေတာ့ ေတာက္ပတဲ့ ေျခစြမ္းေတြနဲ႔အတူ ထိုင္းလိဂ္မွာ နာမည္ေက်ာ္ၾကားလာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ​ေတာ့ ေအာင္သူဟာ ထိုင္းလိဂ္ရဲ့ နာမည္ႀကီးအသင္းျဖစ္တဲ့ ေျမာင္ေတာင္အသင္းမွာ အငွားနဲ႔သြားေရာက္ ကစားခဲ့ၿပီး ေျမာင္ေတာင္အသင္းကို ေရာက္ရွိသြားခ်ိန္မွာေတာ့ ေအာင္သူဟာ ေျခစြမ္းေကာင္း ျပသနိုင္ခဲ့ျခင္းမရွိဘူး အငွားစာခ်ဳပ္ကုန္ဆုံးသြားခ်ိန္မွာ ရတနာပုံအသင္းကို ျပန္လာခဲ့တာပါ။

Photo Credit: Myanmar Times.com

လက္ရွိအခ်ိန္မွာေတာ့ ေအာင္သူဟာ ရတနာပုံအသင္းအတြက္ ေလ့က်င့္ခန္းေတြ ျပန္ဆင္းေနၿပီျဖစ္သလို အသင္းအတြက္ ေျခစြမ္းျပဖို႔ အာ႐ုံစိုက္ထားတယ္လို႔ သိရပါတယ္။ ရတနာပုံအသင္းဟာ အေျပာင္းအေရႊ႕ရာသီမွာ အသင္းရဲ့ လူငယ္တိုက္စစ္မွူး ဝင္းနိုင္ထြန္းကို ဧရာဝတီအသင္းဆီ လက္လႊတ္ခဲ့ရတာေၾကာင့္ အသင္းရဲ့ အင္အားဟာ နည္းပါးသြားခဲ့ေပမယ့္ ေအာင္သူ ျပန္လည္ေရာက္ရွိလာတာေၾကာင့္ အသင္းဟာ အရင္လို ေတာင့္တင္းတဲ့ လူစာရင္းကို ျပန္လည္ ရရွိခဲ့ပါၿပီ။

Photo Credit: Myanmar Times.com

ေအာင္သူဟာ ရတနာပုံအသင္းကို ျပန္လည္ ေရာက္ရွိလာမွုနဲ႔အတူ ရတနာပုံအသင္းဟာ ယခုႏွစ္ေဘာလုံးရာသီမွာ ကာလတခ်ိဳ႕ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကိုရယူဖို႔ ျပန္လည္ ပစ္မွတ္ထားေနတယ္လို႔ သိရွိရပါတယ္။ မၾကာမီမွာေတာ့ ေအာင္သူတစ္ေယာက္ ရတနာပုံအသင္းနဲ႔အတူ ဘယ္လိုေတြ ေျခစြမ္းျပမလဲဆိုတာ ေစာင့္ၾကည့္သြားရေအာင္လားဗ်ာ…။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားဖြစ်သလို ပရိတ်သတ်အချစ်တော် ကစားသမားလည်းဖြစ်တဲ့ အောင်သူကတော့ သူ့ရဲ့ အောင်မြေလို့ ဆိုရမယ့် မန္တလာမြေကို ပြန်လည် ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။ အောင်သူဟာ လက်ရှိမှာ မိခင်ကလပ်အသင်းဖြစ်တဲ့ ရတနာပုံအသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီလည်း ဖြစ်ပါတယ်။

Photo Credit: Myanmar Times.com

မြန်မာလက်ရွေးစင်အသင်းမှာ ခြေစွမ်းပြသခဲ့တာကြောင့် ထိုင်းနိုင်ငံအသင်းဖြစ်တဲ့ ပူးလစ် တယ်ရိုအသင်းကို အငှားနဲ့သွားရောက် ကစားခဲ့တဲ့ အောင်သူဟာ ပူးလစ်တယ်ရိုအသင်းနဲ့ ပထမဦးဆုံးရာသီမှာတော့ တောက်ပတဲ့ ခြေစွမ်းတွေနဲ့အတူ ထိုင်းလိဂ်မှာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာ​တော့ အောင်သူဟာ ထိုင်းလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မြောင်တောင်အသင်းမှာ အငှားနဲ့သွားရောက် ကစားခဲ့ပြီး မြောင်တောင်အသင်းကို ရောက်ရှိသွားချိန်မှာတော့ အောင်သူဟာ ခြေစွမ်းကောင်း ပြသနိုင်ခဲ့ခြင်းမရှိဘူး အငှားစာချုပ်ကုန်ဆုံးသွားချိန်မှာ ရတနာပုံအသင်းကို ပြန်လာခဲ့တာပါ။

Photo Credit: Myanmar Times.com

လက်ရှိအချိန်မှာတော့ အောင်သူဟာ ရတနာပုံအသင်းအတွက် လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီဖြစ်သလို အသင်းအတွက် ခြေစွမ်းပြဖို့ အာရုံစိုက်ထားတယ်လို့ သိရပါတယ်။ ရတနာပုံအသင်းဟာ အပြောင်းအရွှေ့ရာသီမှာ အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဝင်းနိုင်ထွန်းကို ဧရာဝတီအသင်းဆီ လက်လွှတ်ခဲ့ရတာကြောင့် အသင်းရဲ့ အင်အားဟာ နည်းပါးသွားခဲ့ပေမယ့် အောင်သူ ပြန်လည်ရောက်ရှိလာတာကြောင့် အသင်းဟာ အရင်လို တောင့်တင်းတဲ့ လူစာရင်းကို ပြန်လည် ရရှိခဲ့ပါပြီ။

Photo Credit: Myanmar Times.com

အောင်သူဟာ ရတနာပုံအသင်းကို ပြန်လည် ရောက်ရှိလာမှုနဲ့အတူ ရတနာပုံအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ကာလတချို့ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကိုရယူဖို့ ပြန်လည် ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။ မကြာမီမှာတော့ အောင်သူတစ်ယောက် ရတနာပုံအသင်းနဲ့အတူ ဘယ်လိုတွေ ခြေစွမ်းပြမလဲဆိုတာ စောင့်ကြည့်သွားရအောင်လားဗျာ…။