ဒီေန႔ ဂ်ပန္ႏုိင္ငံ တုိက်ိဳၿမိဳ႕မွာ က်င္းပျပဳလုပ္က်င္းပခဲ႔တဲ႔ “A New Era” အမည္ရတဲ႔ One Championship ၿပိဳင္ပြဲႀကီးမွာ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံကုိယ္စားျပဳ MMA ဖုိက္တာႀကီး ေအာင္လအန္ဆန္ကေတာ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာထားခဲ႔သလုိ ဒုတိယအခ်ီအတြင္းမွာပဲ သူရဲ႕ ၿပိဳင္ဘက္ေဟာင္းတစ္ေယာက္ျဖစ္သူ ဟာဇဲလ္ဂါဝါကုိ ပြဲသိမ္းထုိးကြက္နဲ႔ ထပ္မံအႏုိင္ယူသြားခဲ႔ပါတယ္။

Photo Credit : Tempo

Middleweight ခ်န္ပီယံႀကီး ေအာင္လအန္ဆန္ကေတာ့ ပထမအခ်ီမွာကတည္းက လက္သီးလုံးေတြ ေျခကန္ခ်က္မ်ားစြာနဲ႔ ထုိးစစ္ဆင္ခဲ့ၿပီး ဟာဇဲလ္ဂါဝါကုိ အေကာင္းဆုံးတုိက္ခုိက္ႏုိင္ခဲ့ပါတယ္။ ေအာင္လက ဒီစိတ္မေက်ပြဲမွာ ၿပိဳင္ဘက္အေျခအေနကုိ အေကာင္းဆုံးနားလည္ေနတဲ့ပုံစံနဲ႔ ေအးေအးေဆးေဆးနဲ႔သာ တုိက္ခုိက္သြားခဲ့ၿပီး ဒုတိယအခ်ီအေရာက္မွာေတာ့ အားျပင္းလြန္းလွတဲ့ လက္သီးခ်က္က ဟာဇဲလ္ဂါဝါရဲ႕ မ်က္ႏွာတည့္တည့္ကုိ ဝင္ေရာက္ခဲ့တာေၾကာင့္ ဟာဇဲလ္ဂါဝါလည္း ပက္လွန္ပါလွန္သြားၿပီး ဒီအေျခအေနကုိ ေအာင္လက အခြင့္ေကာင္းယူကာ သူရဲ႕ Middleweight ကမာၻ့ခ်န္ပီယံဆုကုိ ထိန္းသိမ္းကာကြယ္သြားႏုိင္ခဲ့ပါတယ္။

(Unicode)

ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်ကျင်းပခဲ့တဲ့ “A New Era” အမည်ရတဲ့ One Championship ပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကိုယ်စားပြု MMA ဖိုက်တာကြီး အောင်လအန်ဆန်ကတော့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောထားခဲ့သလို ဒုတိယအချီအတွင်းမှာပဲ သူရဲ့ ပြိုင်ဘက်ဟောင်းတစ်ယောက်ဖြစ်သူ ဟာဇဲလ်ဂါဝါကို ပွဲသိမ်းထိုးကွက်နဲ့ ထပ်မံအနိုင်ယူသွားခဲ့ပါတယ်။

Middleweight ချန်ပီယံကြီး အောင်လအန်ဆန်ကတော့ ပထမအချီမှာကတည်းက လက်သီးလုံးတွေ ခြေကန်ချက်များစွာနဲ့ ထိုးစစ်ဆင်ခဲ့ပြီး ဟာဇဲလ်ဂါဝါကို အကောင်းဆုံးတိုက်ခိုက်နိုင်ခဲ့ပါတယ်။ အောင်လက ဒီစိတ်မကျေပွဲမှာ ပြိုင်ဘက်အခြေအနေကို အကောင်းဆုံးနားလည်နေတဲ့ပုံစံနဲ့ အေးအေးဆေးဆေးနဲ့သာ တိုက်ခိုက်သွားခဲ့ပြီး ဒုတိယအချီအရောက်မှာတော့ အားပြင်းလွန်းလှတဲ့ လက်သီးချက်က ဟာဇဲလ်ဂါဝါရဲ့ မျက်နှာတည့်တည့်ကို ဝင်ရောက်ခဲ့တာကြောင့် ဟာဇဲလ်ဂါဝါလည်း ပက်လှန်ပါလှန်သွားပြီး ဒီအခြေအနေကို အောင်လက အခွင့်ကောင်းယူကာ သူရဲ့ Middleweight ကမ္ဘာ့ချန်ပီယံဆုကို ထိန်းသိမ်းကာကွယ်သွားနိုင်ခဲ့ပါတယ်။