One Championship အမည္ရ ဘက္စုံသုံးကုိယ္ခံပညာ အတုိက္အခုိက္ၿပိဳင္ပြဲႀကီးမွာ ျမန္မာ့ႏုိင္ငံ ကုိယ္စားျပဳအျဖစ္ ပါဝင္ယွဥ္ၿပိဳင္လုိ႔ေနတဲ႔ ျပည္သူခ်စ္ MMA ဖုိက္တာႀကီး ေအာင္လအန္ဆန္ကေတာ့ ဒီၿပိဳင္ပြဲႀကီးေတြမွာလည္း ကမာၻ႔ခ်န္ပီယံဆုႏွစ္ခုကုိ ပုိင္ဆုိင္ႏိုင္ခဲ့ၿပီး ႏုိင္ငံဂုဏ္ကုိေဆာင္ႏုိင္ခဲ႔သလုိ အခုလည္း MMA အားကစားေလာကရဲ႕ ဂုဏ္သိကၡာႀကီးမားလွတဲ႔ ဆုတစ္ဆုျဖစ္တဲ႔ Fighter Only မဂၢဇင္းရဲ႕ International Fighter of the Year ဆုကုိ ပုိင္ဆုိင္ႏုိင္ခဲ့ရတယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Aung La Nsang Facebook

ေအာင္လအန္ဆန္ဟာ အေမရိကန္ႏိုင္ငံ၊ လက္စ္ဗီးဂတ္စ္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ (၁၁)ႀကိမ္ေျမာက္ ကမၻာ့ MMA ဆုေပးပြဲမွာ ေအာင္လအန္ဆန္ဟာ အေကာင္းဆံုးဆုႏွစ္မ်ိဳးမွာ ဆန္ခါတင္ ပါဝင္ခဲ့ေပမယ့္ International Fighter of the Year ဆုမွာ ရွုံးပြဲလုံးဝကုိမရွိေသးတဲ႔ UFC ဖုိက္တာခါဘစ္တုိ႔လုိ ကမာၻေက်ာ္ MMA ဖုိက္တာေတြကုိ ေက်ာ္ျဖတ္ခဲ့ၿပီး ပုိင္ဆုိင္ႏိုင္ခဲ႔ရတာျဖစ္ပါတယ္။ Fighter Of The Year ဆုကိုေတာ့ UFC ဟဲဲဗီးဝိတ္တန္းခ်န္ပီယံ ဒန္နီယယ္လ္ေကာ္မီေယက ရရိွခဲ့တာေၾကာင့္ ဆုတံဆိပ္တစ္မ်ိဳးသာ ရယူႏိုင္ခဲ့တာလုိ႔လည္း သိရပါတယ္။

Photo Credit : Aung La Nsang Facebook

ဒါေၾကာင့္ ေအာင္လအန္ဆန္ဟာ World MMA Awards မွာ အေကာင္းဆံုးဆုတံဆိပ္ ခ်ီးျမႇင့္ျခင္းခံရတဲ့ ပထမဦးဆံုး ျမန္မာ့ဂုဏ္ေဆာင္ MMA ကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့ရၿပီပဲျဖစ္ပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံနဲ႔ ျမန္မာလူမ်ိဳးေတြအတြက္ အရမ္းကုိ  ဂုဏ္ယူဝမ္းေျမာက္စရာ ျဖစ္လာခဲ႔ရသလို ေအာင္လအန္ဆန္ရဲ႕ အမည္နာမဟာလည္း ကမၻာ့ MMA စင္ျမင့္ထက္မွာ ပိုလို႔ထင္ေပၚေက်ာ္ၾကားလာေတာ့မွာ ျဖစ္ပါတယ္ခင္ဗ်ာ။

(Unicode)

One Championship အမည်ရ ဘက်စုံသုံးကိုယ်ခံပညာ အတိုက်အခိုက်ပြိုင်ပွဲကြီးမှာ မြန်မာ့နိုင်ငံ ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်လို့နေတဲ့ ပြည်သူချစ် MMA ဖိုက်တာကြီး အောင်လအန်ဆန်ကတော့ ဒီပြိုင်ပွဲကြီးတွေမှာလည်း ကမ္ဘာ့ချန်ပီယံဆုနှစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး နိုင်ငံဂုဏ်ကိုဆောင်နိုင်ခဲ့သလို အခုလည်း MMA အားကစားလောကရဲ့ ဂုဏ်သိက္ခာကြီးမားလှတဲ့ ဆုတစ်ဆုဖြစ်တဲ့ Fighter Only မဂ္ဂဇင်းရဲ့ International Fighter of the Year ဆုကို ပိုင်ဆိုင်နိုင်ခဲ့ရတယ်လို့ သိရှိရပါတယ်။

Photo Credit : Aung La Nsang Facebook

အောင်လအန်ဆန်ဟာ အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပခဲ့တဲ့ (၁၁)ကြိမ်မြောက် ကမ္ဘာ့ MMA ဆုပေးပွဲမှာ အောင်လအန်ဆန်ဟာ အကောင်းဆုံးဆုနှစ်မျိုးမှာ ဆန်ခါတင် ပါဝင်ခဲ့ပေမယ့် International Fighter of the Year ဆုမှာ ရှုံးပွဲလုံးဝကိုမရှိသေးတဲ့ UFC ဖိုက်တာခါဘစ်တို့လို ကမ္ဘာကျော် MMA ဖိုက်တာတွေကို ကျော်ဖြတ်ခဲ့ပြီး ပိုင်ဆိုင်နိုင်ခဲ့ရတာဖြစ်ပါတယ်။ Fighter Of The Year ဆုကိုတော့ UFC ဟဲဲဗီးဝိတ်တန်းချန်ပီယံ ဒန်နီယယ်လ်ကော်မီယေက ရရှိခဲ့တာကြောင့် ဆုတံဆိပ်တစ်မျိုးသာ ရယူနိုင်ခဲ့တာလို့လည်း သိရပါတယ်။

Photo Credit : Aung La Nsang Facebook

ဒါကြောင့် အောင်လအန်ဆန်ဟာ World MMA Awards မှာ အကောင်းဆုံးဆုတံဆိပ် ချီးမြှင့်ခြင်းခံရတဲ့ ပထမဦးဆုံး မြန်မာ့ဂုဏ်ဆောင် MMA ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပြီပဲဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေအတွက် အရမ်းကို  ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်လာခဲ့ရသလို အောင်လအန်ဆန်ရဲ့ အမည်နာမဟာလည်း ကမ္ဘာ့ MMA စင်မြင့်ထက်မှာ ပိုလို့ထင်ပေါ်ကျော်ကြားလာတော့မှာ ဖြစ်ပါတယ်ခင်ဗျာ။