ၿပီးခဲ့တဲ့ မတ္လ ၃၀ရက္ေန႔ ညေန ၆နာရီခြဲဝန္းက်င္ေလာက္မွာ ထိုးသတ္သြားခဲ့တဲ့ ျမန္မာျပည္ဖြား ေအာင္လအန္ဆန္နဲ႔ ဂ်ပန္ႏိုင္ငံသား ဟာဇဲလ္ဂါဝါတို႔ရဲ႕ Middle Weight ကမၻာ့ခ်န္ပီယံလုပြဲမွာေတာ့ ေအာင္လအန္ဆန္က ဒုတိယအခ်ီမွာပဲ အႏိုင္ယူကာ ခ်န္ပီယံဆုကို ကာကြယ္သြားႏိုင္ခဲ့ပါတယ္။ အဲ့ဒီပြဲစဥ္ဟာ ေအာင္လအန္ဆန္နဲ႔ ဟာဇဲလ္ဂါဝါတို႔ရဲ႕ ဒုတိယအႀကိမ္ေျမာက္ မေက်ပြဲျဖစ္ၿပီး ပထမအႀကိမ္ကေတာ့ ျမန္မာႏိုင္ငံမွာ ယွဥ္ၿပိဳင္ကစားခဲ့ကာ ႏွစ္ႀကိမ္စလံုးကို ေအာင္လက အႏိုင္ယူခဲ့တာပါ။

Photo Credit: BBC.com

ေအာင္လဟာ အဆိုပါပြဲစဥ္စကထဲက ေျခကန္ခ်က္ေတြနဲ႔အတူ ဟာဆဲလ္ဂါဝါကို ဖိအားေပးခဲ့ၿပီး ဟာဆဲလ္ဂါဝါကေတာ့ ေအာင္လကို တစ္ခ်က္တစ္ခ်က္မွသာ ျပန္လည္ ထိုးသတ္ႏိုင္ခဲ့ပါတယ္။ ဒုတိယအခ်ီမွာေတာ့ ဟာဇဲလ္ဂါဝါဟာ ေအာင္လကို ျပန္လည္ ဖိအားေပးႏိုင္ခဲ့ေပမယ့္ ေအာင္လရဲ႕ ေျခကန္ခ်က္ေတြကို မေ႐ွာင္တိမ္းႏိုင္သလို ဒုတိယအခ်ီၿပီးဆံုးခါနီးမွာေတာ့ ေထာက္လက္သီးတစ္လံုးေၾကာင့္ လဲက်သြားခဲ့ကာ ဒိုင္ပြဲရပ္နဲ႔ ေအာင္လက အႏိုင္ရ႐ွိခဲ့တာပါ။

Photo Credit: Japan Time.com

အဆိုပါပြဲစဥ္မွာ ေအာင္လဟာ ေထာက္လက္သီးေၾကာင့္ အႏိုင္ရ႐ွိခဲ့ေပမယ့္ သူ႔ရဲ႕ ေျခကန္ခ်က္ေတြက ဟာဇဲလ္ဂါဝါကို အဓိက ဒုကၡေပးခဲ့တာပါ။ ေအာင္လရဲ႕ ျပင္းထန္တဲ့ ေျခကန္ခ်က္ေတြရဲ႕ အသံကို တီဗီြထဲကေနေတာင္ ၾကားႏိုင္တဲ့အထိ ျဖစ္သြားခဲ့ကာ ဟာဇဲလ္ဂါဝါဟာလည္း အဆိုပါေျခကန္ခ်က္ေတြေၾကာင့္ လက္႐ွိအခ်ိန္မွာ ေဆးရံုတက္ေနရၿပီလုိ႔ သိရပါတယ္။

Photo Credit: Contact Fighter.com

ဟာဇဲလ္ဂါဝါဟာ ေအာင္လရဲ႕ ေျခကန္ခ်က္ေတြေၾကာင့္ နံ႐ိုးအနည္းငယ္ က်ိဳးပဲ့သြားကာ အဆုတ္ကို ထိသြားတယ္လို႔ သိရၿပီး လက္႐ွိအခ်ိန္မွာေတာ့ ေဆးရံုေပၚမွာ ရက္အနည္းငယ္ၾကာေအာင္ အနားယူရေတာ့မယ္လုိ႔ သိရပါတယ္။ ဟာဇဲလ္ဂါဝါတစ္ေယာက္ အျမန္ဆံုး သက္သာလာပါေစဗ်ာ….။

(Unicode)

ပြီးခဲ့တဲ့ မတ်လ ၃၀ရက်နေ့ ညနေ ၆နာရီခွဲဝန်းကျင်လောက်မှာ ထိုးသတ်သွားခဲ့တဲ့ မြန်မာပြည်ဖွား အောင်လအန်ဆန်နဲ့ ဂျပန်နိုင်ငံသား ဟာဇဲလ်ဂါဝါတို့ရဲ့ Middle Weight ကမ္ဘာ့ချန်ပီယံလုပွဲမှာတော့ အောင်လအန်ဆန်က ဒုတိယအချီမှာပဲ အနိုင်ယူကာ ချန်ပီယံဆုကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်ဟာ အောင်လအန်ဆန်နဲ့ ဟာဇဲလ်ဂါဝါတို့ရဲ့ ဒုတိယအကြိမ်မြောက် မကျေပွဲဖြစ်ပြီး ပထမအကြိမ်ကတော့ မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ကာ နှစ်ကြိမ်စလုံးကို အောင်လက အနိုင်ယူခဲ့တာပါ။

Photo Credit: BBC.com

အောင်လဟာ အဆိုပါပွဲစဉ်စကထဲက ခြေကန်ချက်တွေနဲ့အတူ ဟာဆဲလ်ဂါဝါကို ဖိအားပေးခဲ့ပြီး ဟာဆဲလ်ဂါဝါကတော့ အောင်လကို တစ်ချက်တစ်ချက်မှသာ ပြန်လည် ထိုးသတ်နိုင်ခဲ့ပါတယ်။ ဒုတိယအချီမှာတော့ ဟာဇဲလ်ဂါဝါဟာ အောင်လကို ပြန်လည် ဖိအားပေးနိုင်ခဲ့ပေမယ့် အောင်လရဲ့ ခြေကန်ချက်တွေကို မရှောင်တိမ်းနိုင်သလို ဒုတိယအချီပြီးဆုံးခါနီးမှာတော့ ထောက်လက်သီးတစ်လုံးကြောင့် လဲကျသွားခဲ့ကာ ဒိုင်ပွဲရပ်နဲ့ အောင်လက အနိုင်ရရှိခဲ့တာပါ။

Photo Credit: Japan Time.com

အဆိုပါပွဲစဉ်မှာ အောင်လဟာ ထောက်လက်သီးကြောင့် အနိုင်ရရှိခဲ့ပေမယ့် သူ့ရဲ့ ခြေကန်ချက်တွေက ဟာဇဲလ်ဂါဝါကို အဓိက ဒုက္ခပေးခဲ့တာပါ။ အောင်လရဲ့ ပြင်းထန်တဲ့ ခြေကန်ချက်တွေရဲ့ အသံကို တီဗွီထဲကနေတောင် ကြားနိုင်တဲ့အထိ ဖြစ်သွားခဲ့ကာ ဟာဇဲလ်ဂါဝါဟာလည်း အဆိုပါခြေကန်ချက်တွေကြောင့် လက်ရှိအချိန်မှာ ဆေးရုံတက်နေရပြီလို့ သိရပါတယ်။

Photo Credit: Contact Fighter.com

ဟာဇဲလ်ဂါဝါဟာ အောင်လရဲ့ ခြေကန်ချက်တွေကြောင့် နံရိုးအနည်းငယ် ကျိုးပဲ့သွားကာ အဆုတ်ကို ထိသွားတယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ ဆေးရုံပေါ်မှာ ရက်အနည်းငယ်ကြာအောင် အနားယူရတော့မယ်လို့ သိရပါတယ်။ ဟာဇဲလ်ဂါဝါတစ်ယောက် အမြန်ဆုံး သက်သာလာပါစေဗျာ….။