အာဆင်နယ်အသင်းရဲ့အသင်းခေါင်းဆောင်လည်းဖြစ် အဓိကတိုက်စစ်မှူးတစ်ယောက်လည်းဖြစ်တဲ့ အူဘာမီယန်းက လာမယ့်ရက်ပိုင်းလေးအတွင်းမှာ အာဆင်နယ်ဘက်ကနေ အရမ်းကို ဖြစ်စေချင်နေတဲ့ စာချုပ်သစ်ကိစ္စရပ်ကို အပြီးသတ်နိုင်အောင် လုပ်ဆောင်ပေးဖွယ် ရှိနေပေမယ့် သက်တမ်းမတိုးခင်အတွင်း အခြားသော ကလပ်အသင်းတွေအနေနဲ့ သူ့ကို ကမ်းလှမ်းမှုတွေ အသေအချာ မပြုလုပ်ခဲ့မှသာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Opera News

အသက်(၃၁)နှစ်အရွှယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး အူဘာမီယန်းဟာ အာဆင်နယ်အတွက် သွင်းဂိုးများစွာကို အမြဲရယူပေးနေကြ အဓိက ကစားသမားတစ်ယောက်ဖြစ်ပေမယ့် အသင်းနဲ့က စာချုပ်သက်တမ်း (၁)နှစ်ပဲကျန်ရှိတော့တာဖြစ်သလို အသင်းဘက်ကနေ သက်တမ်းတိုးဖို့ လုပ်ဆောင်ခဲ့ပေမယ့် အူဘာမီယန်းဘက်ကတော့ စာချုပ်ကိစ္စကို အလျင်စလို လုပ်ဖို့စိတ်ကူးမရှိသေးပဲ တစ်ပတ်လုပ်ခကို ပေါင်(၂)သိန်းခွဲလောက်ထိ ပြောင်းလဲတိုးမြှင့်တောင်းဆိုဖွယ် ရှိနေပြီး ဒါကို အာဆင်နယ်ဘက်ကနေ လက်ခံပေးမှသာ အသင်းမှာ ဆက်လက်ရှိနေနိုပါလိမ့်မယ်။

Photo Credit : The Roar

ဒါ့အပြင် အူဘာမီယန်းက သူ့ကိုခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေရဲ့ သူ့အပေါ် ကမ်းလှမ်းချက်တွေအပေါ်မှာ လေ့လာဦးမယ့်သဘော ရှိလို့နေပြီး တကယ်လို့ ကမ်းလှမ်းချက်တွေက သူ့အတွက် စိတ်တိုင်းမကျ ဖြစ်နေမှသာ အာဆင်နယ်နဲ့ ဆက်လက်ပြီး လက်တွဲသွားဖွယ်ရှိတယ်လို့ ဘောလုံးသမား အပြောင်းအရွှေ့သတင်းပိုင်းကို တာဝန်ယူဆောင်ရွှက်နေတဲ့ Sky Sports ရုပ်သံရဲ့ အီတလီဂျာနယ်လစ်တစ်ဦိးကနေ ထုတ်ပြန်လာခဲ့ပါတယ်။ အူဘာမီယန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၃)သွင်းအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့နာမည်ကျော်နည်းပြကြီး အာဆင်ဝင်းဂါး အသင်းနဲ့ လက်တွဲမဖြုတ်ခင်မှာ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ခေါ်ယူထားခဲ့သူဖြစ်ပါတယ်။ အသင်းနဲ့ (၂)နှစ်ခွဲလောက် လက်တွဲခဲ့ချိန်အတွင်း အသင်းအတွက် သွင်းဂိုးများစွာကို သွင်းယူပေးခဲ့ပေမယ့်လည်း အာဆင်နယ်ရဲ့ ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေရခြင်း ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာ ဝင်ရောက်မကစားရခြင်းတွေကြောင့် သူရဲ့ကစားသမားဘဝ နေမဝင်ခင်မှာ ဆုဖလားတွေ ရယူနိုင်ဖို့ အာဆင်နယ်ကို စွန့်ခွာဖွယ်ရှိနေပြီး သူ့ကိုလည်း အင်တာမီလန် ဘာစီလိုနာ ချယ်လ်ဆီးနဲ့ ဂျုဗင်တပ်စ်အသင်းကနေ စိတ်ဝင်စားလျက်ရှိနေါတယ်။