အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမားကြီး ပီရာအမ်းမရစ်အူဘာမီယန်းကတော့ လာမယ့်ဘောလုံးရာသီသစ်မှာ အသင်းရဲ့တိုက်စစ်ပိုင်း ပိုမိုထက်မြက်စေနိုင်ဖို့အတွက် သူရဲ့အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို အခုနွေစျေးကွက်အတွင်း အာဆင်နယ်အသင်းဆီ ခေါ်ဆောင်သွားချင်နေတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်(၃၁)နှစ်အရွှယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမားအူဘာမီယန်းဟာ လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားနေဆဲဖြစ်ပြီး အသင်းနဲ့ သက်တမ်းတိုးဖို့ နီးစပ်နေပေမယ့်လည်း နွေစျေးကွက်က အသင်းကနေ ဘယ်လိုကစားသမားတွေ ခေါ်ယူပြီး အသင်းကို ပြုပြင်သွားမလဲဆိုတာကို စောင့်ကြည့်ပြီးမှသာ သက်တမ်းတိုးဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ အူဘာမီယန်းဟာ သူနဲ့ ဒေါ့မွန်အသင်းမှာ ကစားဖော်တွေဖြစ်ခဲ့ဖူးတဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီနဲ့ အာဆင်နယ်အသင်းမှာ ပူးပေါင်းချင်နေပြီး ဒမ်ဘီလီကို ခေါ်ယူဖုုိ့လည်း အာဆင်နယ်အသင်းဆီ တောင်းဆိုထားတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ အူဘာမီယန်းတို့နှစ်ယောက်ဟာ ၂၀၁၆နဲ့ ၂၀၁၇ခုနှစ်တုန်းက ဒေါ့မွန်အသင်းမှာ အတူတွဲဖက်ကစားကြသူတွေဖြစ်ပြီး ၂၀၁၇ခုနှစ် နွေစျေးကွက်အတွင်းမှာပဲ ဒမ်ဘီလီက ဒေါ့မွန်ကနေ ဘာစီလိုနာအသင်းဆီကို ပေါင်(၁၃၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို မကြာခဏ ဒဏ်ရာတွေရတတ်လေ့ရှိတာကြောင့် သူရဲ့ခြေစွမ်းတွေလည်း မတည်ငြိမ်နိုင်တော့ပဲ ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့ရပါတယ်။ ဒီလို အသင်းအတွက် အကျိုးမပြုနိုင်တဲ့ ဒမ်ဘီလီကို ဘာစီလိုနာအသင်းကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ပြီး နေမာကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာလည်း အပြောင်းအရွှေ့ရဲ့တစိတ်တပိုင်းအဖြစ် အလိုက်ပေးဖို့ထိ ပြင်ဆင်ခဲ့ပါသေးတယ်။ ဘာစီလိုနာအသင်းသမိုင်းတလျှောက် စျေးအကြီးဆုံးနဲ့ ခေါ်ယူခဲ့ရတဲ့ ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေတဲ့ ဒမ်ဘီလီကို လက်ရှိမှာ ပြောင်းရွှေ့ကြေး ပေါင်(၄၄)သန််းလောက်နဲ့ပင် ပြန်လည်ရောင်းချချင်နေပြီး အာဆင်နယ်ကလည်း သူတို့ရဲ့ကာလရှည်ပစ်မှတ်ဖြစ်ခဲ့တဲ့ ဒမ်ဘီလီကို ခေါ်ယူချင်နေပါတယ်။