အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ချာလီ နီကိုလက်စ်ကတော့ အင်္ဂလန်မှာ အာဆင်နယ်အသင်းထက် ကြီးမားတာ ဆိုလို့ လီဗာပူးလ်အသင်း နဲ့ မန်စီးတီးအသင်းသာ ရှိတဲ့ အတွက်ကြောင့် အူဘာမီယန်းအနေနဲ့ အသင်းမပြောင်းသင့်ဘူးလို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ထပ်တိုးဖို့ ဆန္ဒမရှိဘူးလို့ သတင်းထွက်ခဲ့ပြီး ဘာစီလိုနာအသင်း၊ ဂျုဗင်တပ်အသင်း နဲ့ ရီးရဲလ်အသင်းက သူ့ကို အပြီးသတ် ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုတွေ ပြခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲစဉ်မှာ တိုက်စစ်မှူး အူဘာမီယန်းရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် အနိုင်ရရှိခဲ့ပြီး ဆုဖလား ရရှိခဲ့ပြီးနောက် အသင်းရဲ့ တိုက်စစ်မှူးကို စာချုပ်သစ် ထပ်တိုးနိုင်မယ်လို့ ယုံကြည်မှုတွေ မြင့်တတ်လာခဲ့ပါတယ်။ တိုက်စစ်မှူး အူဘာမီယန်းဟာ လက်ရှိရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၉) ဂိုး သွင်းယူခဲ့တာ ဖြစ်ပြီး အာဆင်နယ် တိုက်စစ်မှူးဟောင်း နီကိုလက်စ်ကတော့ လက်ရှိ တိုက်စစ်မှူး အူဘာမီယန်းကို အာဆင်နယ်အသင်းမှာ ဆက်နေဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Goal

Off The Ball မှာ နီကိုလက်စ်က “ကျွန်တော် အူဘာမိယန်းကို ပြောရရင် လက်ရှိ အင်္ဂလန်မှာ အာဆင်နယ်အသင်းထက် ကြီးမားတာဆိုလို့ လီဗာပူးလ်အသင်း နဲ့ မန်စီးတီးအသင်းပဲ ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဂျုဗင်တပ်အသင်းက ရှေ့ကြိုရောက်နေတယ်လို့လည်း ကျွန်တော် မထင်ပါဘူး။ ဘာစီလိုနာအသင်းက ငွေရေးကြေးရေးနဲ့ ရုန်းကန်နေတယ်။ ရီးရဲလ်အသင်းလည်း အရင်ကလို သိပ် ချမ်းသာတယ်လို့ ကျွန်တော် မထင်ဘူး။ ဒီတော့ ကျွန်တော် သိလိုက်တာက သူဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတွေ နဲ့ ကမ္ဘာ့ အဆုံးသတ် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက် ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်တော်ကတော့ သူ့အနေနဲ့ အာဆင်နယ်မှာ ဆက်လက် ရှိနေမယ်လို့ပဲ အကောင်းမြင်မိပါတယ်”လို့ အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။