ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းရဲ့ အဓိက တိုက္စစ္မွူးျဖစ္သူ အူဘာမီယန္းဟာ လာမယ့္ႏွစ္ေဘာလုံးၿပိဳင္ပြဲမွာသာ အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဝင္ခြင့္မရပါက အသင္းေျပာင္းဖို႔အတြက္ စဥ္းစားေနကာ တိုက္စစ္မွူး လိုအပ္ခ်က္ရွိေနတဲ့ ဘာစီလိုနာအသင္းထံကို ေျပာင္းေရႊ႕ဖို႔ လုပ္ေဆာင္ေနတယ္လို႔ စပိန္ သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: AS English.com

ဘာစီလိုနာအသင္းဟာ အသက္အရြယ္ရလာၿပီျဖစ္တဲ့ အဓိကတိုက္စစ္မွူး ဆြာရက္ဇ္ရဲ့ ေနရာအတြက္ တိုက္စစ္မွူးတစ္ဦးကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတာျဖစ္ၿပီး အင္တာမီလန္ရဲ့ အာဂ်င္တီးနားတိုက္စစ္မွူး မာတီနက္စ္ကို ေခၚယူလိုေပမယ့္ မာတီနက္စ္ရဲ့ေျပာင္းေရႊ႕ေၾကးက မ်ားျပားေနတာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖို႔အတြက္ ျဖစ္နိုင္ေခ်နည္းပါးေနပါတယ္။

Photo Credit: AS English.com

အူဘာမီယန္းကေတာ့ တစ္စထက္တစ္စ နိမ့္ပါးလာတဲ့ အာဆင္နယ္အသင္းရဲ့ အေနအထားကို အားမလိုအားမရျဖစ္ေနေၾကာင္း နီးစပ္သူေတြက ဖြင့္ဟထားခဲ့ၾကၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္သာမရပါက အာဆင္နယ္အသင္းကို စြန႔္ခြာသြားနိုင္ေၾကာင္း ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။

Photo Credit: AS English.com

ထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ အူဘာမီယန္းဟာ ဘာစီလိုနာအသင္းထံ ေျပာင္းေရႊ႕ဖို႔ လမ္းဖြင့္ထားေၾကာင္း ဘာစီလိုနာအသင္းရဲ့ တာဝန္ရွိသူေတြထံ အေၾကာင္းၾကားခဲ့တယ္ လို႔ သိထားရၿပီး ဘာစီလိုနာအသင္းဘက္က ေႏြရာသီအေျပာင္းအေရႊ႕မွာ အူဘာမီယန္းကို ေပါင္ ၄၀သန္းခန႔္နဲ႔ ကမ္းလွမ္းဖို႔ရွိေနတယ္လို႔လည္း သိထားရပါတယ္။

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်သူ အူဘာမီယန်းဟာ လာမယ့်နှစ်ဘောလုံးပြိုင်ပွဲမှာသာ အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ခွင့်မရပါက အသင်းပြောင်းဖို့အတွက် စဉ်းစားနေကာ တိုက်စစ်မှူး လိုအပ်ချက်ရှိနေတဲ့ ဘာစီလိုနာအသင်းထံကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတယ်လို့ စပိန် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: AS English.com

ဘာစီလိုနာအသင်းဟာ အသက်အရွယ်ရလာပြီဖြစ်တဲ့ အဓိကတိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ နေရာအတွက် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပြီး အင်တာမီလန်ရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူလိုပေမယ့် မာတီနက်စ်ရဲ့ပြောင်းရွှေ့ကြေးက များပြားနေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် ဖြစ်နိုင်ချေနည်းပါးနေပါတယ်။

Photo Credit: AS English.com

အူဘာမီယန်းကတော့ တစ်စထက်တစ်စ နိမ့်ပါးလာတဲ့ အာဆင်နယ်အသင်းရဲ့ အနေအထားကို အားမလိုအားမရဖြစ်နေကြောင်း နီးစပ်သူတွေက ဖွင့်ဟထားခဲ့ကြပြီး ချန်ပီယံလိဂ် ဝင်ခွင့်သာမရပါက အာဆင်နယ်အသင်းကို စွန့်ခွာသွားနိုင်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: AS English.com

ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အူဘာမီယန်းဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေထံ အကြောင်းကြားခဲ့တယ် လို့ သိထားရပြီး ဘာစီလိုနာအသင်းဘက်က နွေရာသီအပြောင်းအရွှေ့မှာ အူဘာမီယန်းကို ပေါင် ၄၀သန်းခန့်နဲ့ ကမ်းလှမ်းဖို့ရှိနေတယ်လို့လည်း သိထားရပါတယ်။