အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းကတော့ နယူးကာဆဲလ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရမယ့် အက်အေဖလားပွဲရဲ့ လူစာရင်းမှာပါ ပါဝင်ခဲ့ရပေမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တစ်ခုကြောင့် အသင်းနဲ့ ပါဝင်ကစားနိုင်ခြင်းမရှိတော့ပဲ သူတစ်ဦးတည်းကို လန်ဒန်ကို ပြန်လည်စေလွှတ်လိုက်ရတယ်လို့ နည်းပြမီခဲလ်အာတီတာက ရှင်းလင်းပြောဆိုလိုက်ပါတယ်။

Photo Credit : Arseblog News

အသက်(၃၁)နှစ်အရွှယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း သူရဲ့ဂိုးသွင်းစွမ်းရည် ကျဆင်းလာမှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပေမယ့်လည်း အာဆင်နယ်က နယူးကာဆဲလ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာတော့ အသင်းအတွ် အနိုင်သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်နည်းပြအာတီတာ အူဘာမီယန်းကို ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရမယ့် အက်အေဖလားပွဲရဲ့ လူစာရင်းအတွင်းကို ထည့်သွင်းလာခဲ့တာဖြစ်ပေမယ့် ရုတ်တရက် Personal အကြောင်းအရာ ပေါ်ပေါက်လာခဲ့တာကြောင့် လန်ဒန်မှာရှိနေတဲ့ သူရဲ့နေအိမ်ပို ပြန်လည်စေလွှတ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Sky Sports

အာဆင်နယ်ဟာ ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်းမှာ အသင်းရဲ့တိုက်စစ်အတွက် အန်ခီတာယက် နီကိုလပ်စ်ပေပေနဲ့ မာတင်နယ်လီတို့(၃)ယောက်ကို တွဲဖက်အသုံးပြုလာခဲ့ရပြီး ဒုတိယပိုင်းမှသာ အရန်စာရင်းမှာ ပါဝင်လာခဲ့တဲ့ လာကာဇက်ကို လူစားထိုး အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်က သူတို့အသင်းရဲ့ နောက်ခံကစားသမား ဂါဘရီရယ်ရဲ့ OG ဂိုးနဲ့ စိန့်မေရီမှာ အရှုံးပေးခဲ့ရပြီး စတုတ္ထအဆင့်နဲ့ပဲ ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါတယ်။ ပွဲအပြီး အင်တာဗျူးအစီအစဉ်မှာတော့ ဒီပွဲစဉ်အတွင်း အူဘာမီယန်း ပါဝင်လာခြင်းမရှိတာဟာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်သာဖြစ်ပြီး ပွဲကစားဖို့ မိနစ်အနည်းငယ်လောက်အလိုမှာ အဲ့ဒီကိစ္စက ဖြစ်ပေါ်လာခဲ့တဲ့အတွက် ပွဲကစားဖို့ မဖြစ်နိုင်တော့ပဲ လန်ဒန်ကိုပြန်သွားဖို့ပဲ ခွင့့်ပြုလိုက်ရတာလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် အူဘာမီယန်းရဲ့ Personal အကြောင်းအရာရဲ့ အသေးစိတ်ကိုတော့ အာတီတာက ဖော်ပြသွားခြင်းတော့ မရှိခဲ့ပါဘူး။ အူဘာမီယန်းဟာ နယူးကာဆဲလ်နဲ့ပွဲမှာလည်း ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ရခြင်းမရှိပဲ ဟက်ထရစ်ဂိုးမရခင်မှာ လူစားလဲခံခဲ့ရလို့ အာဆင်နယ်ပရိသတ်တွေအတွက် စိတ်ပျက်ခဲ့ရပေမယ့် ဒီလူစားလဲမှုက ကစားသမားရဲ့ အစာအိမ်ပြသာနာကြောင့်သာ မဖြစ်မနေ လူစားလဲလိုက်ရတာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။