ဒူးဒဏ်ရာကို အသည်းအသန်ခံစားလာခဲ့ရလို့ ခွဲစိတ်ဖို့ခံယူရမယ့်အရေးနဲ့ မရှောင်လွဲနိုင်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ဟာ ခွဲစိတ်ရမယ့်ကိစ္စရပ်ကြောင့် အနည်းဆုံးလေးလလောက်အထိကို အနားယူရမှာဖြစ်တယ်လို့ အသင်းရဲ့ တရားဝင်ဝက်ဆိုက်ကနေ ဖော်ပြလာခဲ့ပြီးနောက်မှာ ဘာစီလိုနာအနေနဲ့ ဆောင်းစျေးကွက်မပိတ်ခင်အတွင်းမှာ တိုက်စစ်မှူးသစ်တစ်ယောက်လောက် ထပ်မံခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ အားကစားသတင်းမီဒီယာကြီးတွေကနေ ခန့်မှန်းသုံးသပ်တင်ဆက်မှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့ကြပါတယ်။

Photo Credit : The Sun

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ Mundo Deportivo အမည်ရှိ နာမည်ကျော် အားကစားသတင်းမီဒီယာကြီးရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်ကစားသမား(၄)ယောက်ကို လျာထားပြီး သူတို့တွေကတော့ အာဆင်နယ်တိုက်စစ်ကစားသမား အူဘာမီယန်း နာပိုလီတိုက်စစ်မှူးကြီး လော်ရန်တေး ဗလင်စီယာအသင်းက ရိုဒရီဂိုနဲ့ ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးလို့နေတဲ့ ဝါရင့်ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးကြီး ဂျရှးတို့ပဲဖြစ်ပါတယ်။

Photo Credit : The Sun

ဒီကစားသမားတွေထဲမှာတော့ အာဆင်နယ်အသင်းရဲ့ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းက ဘာစီလိုနာအသင်းအတွက် အဓိကပစ်မှတ်ဖြစ်နိုင်ပြီး လတ်တလောမှာ အငှားကမ်းလှမ်းချက်နဲ့သာ ကမ်းလှမ်းဖွယ်ရှိနိုင်ပါတယ်။ ဒီကစားသမား(၄)ဦးထဲမှာ ရိုဒရီဂိုကတော့ ဘာစီလိုနာနဲ့ အကြိမ်ကြိမ်သတင်းထွက်ခဲ့ဖူးသူဖြစ်ပြီး ဗလင်စီယာနဲ့ ဘာစီလိုနာအသင်းကြားမှာလည်း ကစားသမား အကူးအပြောင်းတွေက များစွာရှိဖူးတာဖြစ်လို့ ဖြစ်နိုင်ခြေပိုများနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ လုံးဝကို ရေတိုအတွက်သာ တိုက်စစ်အားဖြည့်ချင်တာဆိုရင်တော့ လော်ရန်တေးနဲ့ ဂျရှးတို့လို ကစားသမားတွေကို ကမ်းလှမ်းတာက ပိုအလုပ်ဖြစ်မယ်ထင်ပါတယ်။ ဂျရှးထက်စာရင် စပိန်နိုင်ငံသားတစ်ယောက်လည်းဖြစ်သလို လာလီဂါမှာလည်း နှစ်ပေါင်းများစွာ ကျင်လည်ထားဖူးတဲ့ လော်ရန်တေးက ဘာစီလိုနာနဲ့ ပိုအံ့ဝင်နိုင်မယ်လို့ ယူဆမိပါတယ်။ ဖာတီတို့ ပီရက်ဇ်တို့လို လူငယ်လေးတွေကို အားကိုးဖို့ဆိုတာကတော့ ပွဲတိုင်းနီးပါးမှာ အလုပ်ဖြစ်ဖို့ ခက်ခဲနိုင်တာကြောင့် တိုက်စစ်အားဖြည့်တင်းမှုကတော့ ဘာစီလိုနာအတွက် လိုကိုလိုအပ်မှာပါ။

(Zawgyi)

ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထိုးဖုိ႔အတြက္ ကစားသမား(၄)ဦးကုိ လ်ာထားတဲ႔ ဘာစီလုိနာ

ဒူးဒဏ္ရာကုိ အသည္းအသန္ခံစားလာခဲ႔ရလုိ႔ ခြဲစိတ္ဖုိ႔ခံယူရမယ့္အေရးနဲ႔ မေရွာင္လြဲႏုိင္ခဲ႔တဲ႔ ဘာစီလုိနာတုိက္စစ္ကစားသမားႀကီး လူးဝစ္ဆြာရက္ဇ္ဟာ ခြဲစိတ္ရမယ့္ကိစၥရပ္ေၾကာင့္ အနည္းဆုံးေလးလေလာက္အထိကုိ အနားယူရမွာျဖစ္တယ္လုိ႔ အသင္းရဲ႕ တရားဝင္ဝက္ဆုိက္ကေန ေဖာ္ျပလာခဲ႔ၿပီးေနာက္မွာ ဘာစီလုိနာအေနနဲ႔ ေဆာင္းေစ်းကြက္မပိတ္ခင္အတြင္းမွာ တုိက္စစ္မွဴးသစ္တစ္ေယာက္ေလာက္ ထပ္မံေခၚယူႏုိင္ဖြယ္ရွိတယ္လုိ႔ အားကစားသတင္းမီဒီယာႀကီးေတြကေန ခန္႔မွန္းသုံးသပ္တင္ဆက္မႈေတြ ဆက္တုိက္ျပဳလုပ္လာခဲ႔ၾကပါတယ္။

Photo Credit : The Sun

စပိန္ႏုိင္ငံ ဘာစီလုိနာၿမိဳ႕မွာ အေျခစုိက္ဖြင့္လွစ္ထားတဲ႔ Mundo Deportivo အမည္ရွိ နာမည္ေက်ာ္ အားကစားသတင္းမီဒီယာႀကီးရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ သူတုိ႔ရဲ႕အဓိကတုိက္စစ္ကစားသမားႀကီး ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထုိးဖုိ႔အတြက္ တုိက္စစ္ကစားသမား(၄)ေယာက္ကုိ လ်ာထားၿပီး သူတုိ႔ေတြကေတာ့ အာဆင္နယ္တုိက္စစ္ကစားသမား အူဘာမီယန္း နာပုိလီတုိက္စစ္မွဴးႀကီး ေလာ္ရန္ေတး ဗလင္စီယာအသင္းက ရုိဒရီဂုိနဲ႔ ခ်ယ္လ္ဆီးအသင္းမွာ ပုံမွန္ေနရာေပ်ာက္ဆုံးလုိ႔ေနတဲ႔ ဝါရင့္ျပင္သစ္လက္ေရြးစင္ တုိက္စစ္မွဴးႀကီး ဂ်ရွးတုိ႔ပဲျဖစ္ပါတယ္။

Photo Credit : The Sun

ဒီကစားသမားေတြထဲမွာေတာ့ အာဆင္နယ္အသင္းရဲ႕ဂါဘြန္လက္ေရြးစင္ တုိက္စစ္ကစားသမား အူဘာမီယန္းက ဘာစီလုိနာအသင္းအတြက္ အဓိကပစ္မွတ္ျဖစ္ႏုိင္ၿပီး လတ္တေလာမွာ အငွားကမ္းလွမ္းခ်က္နဲ႔သာ ကမ္းလွမ္းဖြယ္ရွိႏုိင္ပါတယ္။ ဒီကစားသမား(၄)ဦးထဲမွာ ရုိဒရီဂုိကေတာ့ ဘာစီလုိနာနဲ႔ အႀကိမ္ႀကိမ္သတင္းထြက္ခဲ႔ဖူးသူျဖစ္ၿပီး ဗလင္စီယာနဲ႔ ဘာစီလုိနာအသင္းၾကားမွာလည္း ကစားသမား အကူးအေျပာင္းေတြက မ်ားစြာရွိဖူးတာျဖစ္လုိ႔ ျဖစ္ႏုိင္ေျခပုိမ်ားႏုိင္ပါတယ္။ ဒီလုိမွမဟုတ္ပဲ လုံးဝကုိ ေရတုိအတြက္သာ တုိက္စစ္အားျဖည့္ခ်င္တာဆုိရင္ေတာ့ ေလာ္ရန္ေတးနဲ႔ ဂ်ရွးတုိ႔လုိ ကစားသမားေတြကုိ ကမ္းလွမ္းတာက ပုိအလုပ္ျဖစ္မယ္ထင္ပါတယ္။ ဂ်ရွးထက္စာရင္ စပိန္ႏုိင္ငံသားတစ္ေယာက္လည္းျဖစ္သလုိ လာလီဂါမွာလည္း ႏွစ္ေပါင္းမ်ားစြာ က်င္လည္ထားဖူးတဲ႔ ေလာ္ရန္ေတးက ဘာစီလုိနာနဲ႔ ပုိအံ့ဝင္ႏုိင္မယ္လုိ႔ ယူဆမိပါတယ္။ ဖာတီတုိ႔ ပီရက္ဇ္တုိ႔လုိ လူငယ္ေလးေတြကုိ အားကုိးဖုိ႔ဆုိတာကေတာ့ ပြဲတုိင္းနီးပါးမွာ အလုပ္ျဖစ္ဖုိ႔ ခက္ခဲႏုိင္တာေၾကာင့္ တုိက္စစ္အားျဖည့္တင္းမႈကေတာ့ ဘာစီလုိနာအတြက္ လုိကုိလုိအပ္မွာပါ။