စပိန်လာလီဂါ ထိပ်သီးကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းဟာ လာမယ့်စျေးကွက်အတွင်းမှာပဲ ကစားသမားသစ် ခေါ်ယူအားဖြည့်မှုအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ညာနောက်ခံကစားသမား အာရွန်ဝမ်ဘစ်ဆာခါကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေတယ်လို့ ဘောလုံးသမား အပြောင်းအရွှေ့ သတင်းထောက် အကျော်အမော် Ekrem Konur က သူရဲဲ့ twitter ကနေ ဖော်ပြထားခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန် နောက်ခံအစွန်လူ ဘစ်ဆာခါဟာ ပဲလေ့စ်ဟာ ၂၀၁၉ခုနှစ်ကမှ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းကို ရောက်ရှိလာကတည်းက အသင်းရဲ့ ညာခြမ်းခံစစ်နေရာမှာ ဦးစားပေး ကစားသမား ဖြစ်လာခဲ့ရပေမယ့် ဒီရာသီမှာတော့ သူရဲ့ ခံစစ်စွမ်းရည်တချို့ ကျဆင်းလာတာ နည်းပြအပြောင်းအလဲတွေအောက် ကစားပုံ ပျက်ယွင်းလာတာတွေအပြင် သူရဲ့အသင်းဖော် ဒါလော့က သူ့နေရာမှာ ပိုမိုကစားခွင့်ရလာကြောင့် ဘစ်ဆာခါရဲ့ အနာဂတ်က ပိုမိုလှုပ်ခတ်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Mirror

ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ပွဲ(၂၀)သာ ပါဝင်ထားခဲ့ရတဲ့ ဘစ်ဆာခါဟာ လာမယ့်ရာသီမှာ ယူနို်က်တက်ကို စတင်ကိုင်တွယ်တော့မယ့် နည်းပြသစ် အဲရစ်တန်ဟက်ဂ် လက်အောက်မှာလည်း နေရာတစ်နေရာ ပြန်လည်ရရှိဖို့ မလွယ်ကူပဲ အသင်းကနေသာ ရောင်းထုတ်ခံရဖို့သာ အခြေအနေများနေရပါတယ်။ ဒီလို အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ဘစ်ဆာခါကို ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုက သူရဲ့ရိုးမားအသင်းဆီ ခေါ်ဆောင်ချင်နေသလို ထရစ်ပီယာကို နယူးကာဆယ်အသင်းဆီ ရောင်းချထားခဲ့ရတဲ့ အသက်လက်တီကိုအသင်းကလည်း ကစားသမားဟောင်း ထရစ်ပီယာရဲ့နေရာမှာ ဘစ်ဆာခါနဲ့ အစားထိုးသွားချင်နေပါတယ်။ အသက်လက်တီကိုနည်းပြ ဆီမြွန်နီက အသင်းရဲ့ ညာခြမ်းခံစစ်နေရာအတွက် ထရစ်ပီယာလို အင်္ဂလန် နောက်ခံအစွန်လူတစ်ဦးဖြစ်တဲ့ ဘစ်ဆာခါကို အလိုရှိနေပြီး တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူပြီးမှ အသင်းအတွက် အံ့ဝင်အောင် ကစားနိုင်ခဲ့ရင် အပြီးသတ် ခေါ်ယူသွားဖို့ ဆက်လက်လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။