ဂျုဗင်တပ်အသင်းဟာ တိုက်စစ်မှူး မိုရာတာကို ပေါင် (၄၆) သန်းနဲ့ ခေါ်ယူဖို့ အက်သလက်တီကို အသင်းကို ကမ်းလှမ်းသွားခဲ့တာ ဖြစ်ပေမယ့်လည်း အက်သလက်တီကိုအသင်းက ကမ်းလှမ်းမှုကို လက်မခံဘဲ ငြင်းပယ်သွားခဲ့တာ ဖြစ်တယ်လို့ Dailymail သတင်းကနေ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆာရီရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခံရတဲ့ ဂျုဗင်တပ် နည်းပြ ပီယာလိုဟာ ကစားသမား ဘဝမှာ ဂျုဗင်တပ်အသင်းအတွက် ကစားခဲ့စဉ်တုန်းက (၂၀၁၄-၁၅) ရာသီမှာ တွဲကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး မိုရာတာကို ဂျုဗင်တပ်အသင်းမှာ ပြန်လည် ပေါင်းဆည်းဖို့ ခေါ်ယူချင်လျက် ဖြစ်ပါတယ်။

Photo Credit: Dailymail

အသက် (၂၇) နှစ်အရွယ် တိုက်စစ်မှူး မိုရာတာဟာ ပြီးခဲ့တဲ့ ရာသီက နောက်ဆုံးပိုင်း ပွဲစဉ်တွေမှာ နည်းပြ ဆီမြွန်နီက သူ့ကို မသုံးဘဲ တိုက်စစ်မှူး ကော်စတာကို ပိုပြီးတော့ အသုံးပြုနေခဲ့တာကြောင့် အက်သလက်တီကိုအသင်းကနေ ထွက်ဖို့အတွက် အခြားအသင်းတွေနဲ့ ချိတ်ဆက်နေခဲ့ပါတယ်။ မိုရာတာဟာ သူ့ရဲ့ ဇနီးသည် ရှိနေတဲ့ အီတလီနိုင်ငံကို သွားရောက် ကစားချင်နေပြီး လွန်ခဲ့တဲ့ (၂၀၁၄) ခုနှစ်ကလည်း ရီးရဲလ်အသင်းကနေ ဂျုဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် အီတလီ စီးရီးအေ ပြိုင်ပွဲက ဂျုဗင်တပ်အသင်းမှာ (၂) နှစ်ကြာ ကစားခဲ့စဉ်က အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

Photo Credit: Dailymail

တိုက်စစ်မှူး မိုရာတာဟာ လက်ရှိမှာ အက်သလက်တီကိုအသင်းနဲ့ လာမယ့် (၂၀၂၃) ခုနှစ် အထိ စာချုပ် ကျန်သေးတာကြောင့် အက်သလက်တီကိုအသင်းက ဂျုဗင်တပ်အသင်းကို ကမ်းလှမ်းကြေး တိုးရင် တိုး၊ မတိုးရင် စာချုပ် ဖျက်သိမ်းကြေး ပေါင် (၁၃၇) သန်းပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။ ဂျုဗင်တပ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဟီဂူအင်နဲ့ စာချုပ် ဖျက်သိမ်းခဲ့ပြီ ဖြစ်တာကြောင့် သူ့ရဲ့ နေရာမှာ အစားထိုးမယ့် တိုက်စစ်မှူးသစ်ကို ရှာဖွေလျက် ရှိပြီး လက်ရှိမှာတော့ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ် နဲ့ အက်သလက်တီကို တိုက်စစ်မှူး မိုရာတာတို့ကို ချိတ်ဆက်နေပါတယ်။