အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့ပြီး အသင်းကို စပိန်လာလီဂါ အမှတ်ပေးဆုဖလား ပိုင်ဆိုင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ကိုပါဒယ်ရေး ယူရိုပါလိဂ်နဲ့ ဥရောပစူပါဖလားတွေကိုပါ ရယူပေးနိုင်ခဲ့တဲ့ နည်းပြဒီယေဂိုဆီမြွန်နီကို လာမယ့်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းကနေ သူတို့ရဲ့နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်ဖို့ကို အလွန်စိတ်ဝင်စားလို့နေပြီး တကယ်လို့သာ ဆီမြွန်နီကိုသာ လက်လွတ်ရမယ်ဆိုရင်တော့ ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်းတို့စ်နဲ့ အစားထိုးသွားဖွယ်ရှိနေပါတယ်။

Photo Credit : TEAMtalk

ပီအက်စ်ဂျီအသင်းက သူတို့့ရဲ့လက်ရှိနည်းပြသောမတ်တူချယ်ကို အသင်းရဲ့နည်းပြအဖြစ် ရေရှည်ထားရှိသွားဖို့ ဆန္ဒမရှိပဲ သူရဲ့နေရာမှာ အရည်အသွေးမြင့်မားတဲ့ နည်းပြတစ်ယောက်နဲ့ အစားထိုးချင်နေတာကြောင့် ဒီယေဂိုဆီမြွန်နီကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဆီမြွန်နီကလည်း ဒီရာသီအစပိုင်းလောက်မှာ အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် အသင်းနဲ့ လမ်းခွဲရလုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း ဒီနောက်ပိုင်းမှာတော့ ခြေပြန်မှန်နေပြီး လီဗာပူးလ်ကိုတောင် အနိုင်ယူထားခဲ့လို့ အသင်းကနေ သူ့ကိုလက်မလွတ်ချင်ပဲ တားမရနိုင်လို့ လက်လွတ်ရမယ်ဆိုရင်တော့ ဝုလ်ဗ်အသင်းကို အကောင်းဆုံးတွေ စွမ်းဆောင်ပေးထားခဲ့သူ ဆန်းတို့စ်နဲ့ အစာထိုးသွားဖွယ်ရှိနေပါတယ်။

Photo Credit : The Transfer

အသက်၄၆နှစ်အရွှယ်ရှိ ပေါ်တူဂီလူမျိုးနည်းပြ နူနိုဆန်းတို့စ်ဟာ ဝုလ်ဗ်အသင်းကို ၂၀၁၇ခုနှစ်မှာ ကိုင်တွယ်ခဲ့ကာ တစ်ရာသီအကြာမှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်ရောက်ပြီး နောက်တစ်နှစ်မှာပဲ ယူရိုပါလိဂ်လို ဥရောပပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရအောင်ပါ ထပ်မံစွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီလို အရည်အချင်းတွေနဲ့ ပြည့်နက်နေတဲ့ ဆန်းတို့စ်ကို အာဆင်နယ် ချယ်လ်ဆီးအသင်းတွေကနေ မျက်စိကျခဲ့ကြပြီး ချယ်လ်ဆီးဆိုရင်လည်း လမ်းပတ်ရဲ့အစားထိုးဖို့အထိတောင် ဆန်းတို့စ်ကို စိတ်ဝင်စားနေခဲ့ပါတယ်။ ဒါပေမယ့် အသက်လက်တီကိုအသင်းက သူတို့ရဲ့ အသင်းနည်းပြဆီမြွန်နီကို လက်လွတ်ရမယ်ဆိုရင် ဆီမြွန်နီနေရာအတွက် ဆန်းတို့စ်ကို အရကမ်းလှမ်းသွားမှာဖြစ်ပြီး ဒါကလည်း ဆီမြွန်နီအတွက် အမြင့်ဆုံးအခွင့်အရေး ဖြစ်လာနိုင်လို့ လက်သင့်ခံဖွယ်လည်း ရှိနေပါတယ်။