မနက်ဖြန်ည ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမယ့် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ အိမ်ရှင်အသက်လက်တီကိုဘက်က အဓိက ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ကိုကေနဲ့ တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်တို့ လွဲချော်ရဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Atletico Madrid captain Koke could miss the Champions League clash with Man Utd

Photo Credit : The Sun

စပိန်နိုင်ငံ အခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာချက်အရ အသက်(၃၀)အရွှယ် စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ကိုကေက အိုဆာဆူနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ ဒဏ်ရာပြသာနာ ရင်ဆိုင်ခဲ့ရပြီး တနင်းလာနေ့မှာ ပြုလုပ်ခဲ့တဲ့ အသင်းလိုက် လေ့ကျင့်ခန်း အစီအစဉ်မှာလည်း ပါဝင်နိုင်ခဲ့ခြင်း မရှိဘူးလို့ သိရှိရပါတယ်။ ဒီနှစ်ရာသီအတွင်း အသက်လက်တီကိုအသင်းအတွက် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အားလုံး ပါဝင်ကစားထားနိုင်ခဲ့တဲ့ ကိုကေဟာ ၂၀၁၈ခုနှစ် နိုဝင်ဘာလနောက်ပိုင်းကတည်းက အသက်လက်တီကိုရဲ့ ချန်ပီယံလိဂ်ပွဲစဉ် မှန်သမျှကို လွဲချော်ထားခြင်း မရှိသေးပေမယ့် လက်ရှိ သူရဲ့ဒဏ်ရာအခြေအနေကြောင့် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ကို ပါဝင်ဖို့ မရေမရာ ဖြစ်နေရပါတယ်။

Reports in Spain suggest Luis Suarez could be dropped

Photo Credit : The Sun

လက်ရှိအချိန်မှာ အသက်လက်တီကိုအသင်းရဲ့ ပြင်သစ်ကစားသမားနှစ်ဦးဖြစ်တဲ့ လူးကွန့်နဲ့ သောမတ်စ်လီမာတို့က ကိုဗစ်ကြောင့် Quarantine ဝင်နေရသလို အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကာရက်စ်ကိုနဲ့ ဖီးလစ်ပီတို့ကလည်း ပွဲပယ်ပြစ်ဒဏ် ကျခံနေရပါတယ်။ ဆောင်းစျေးကွက်ကမှ ဗလင်စီယာကနေ ရောက်ရှိလာခဲ့တဲ့ ဒန်နီရယ်ဝက်စ်နဲ့ တိုက်စစ်ကစားသမား မာသီးစ်ကူညာတို့ကလည်း ဒူးဒဏ်ရာ အသီးသီး ရရှိနေတာကြောင့် ယူနိုက်တက်နဲ့ပွဲကို သေချာပေါက် လွဲချော်ရနိုင်ပါတယ်။ စပိန်အခြေစိုက် နာမည်ကြီး သတင်းမီဒီယာ as ရဲ့ အဆိုအရ အသက်လက်တီကိုအသင်းဟာ (၅)ယောက်တန်းခံစစ်ကို လေ့ကျင့်နေပြီး တိုက်စစ်မှာလည်း ဂျာအိုဖီးလစ်နဲ့ ကော်ရီယာတို့ကိုသာ တွဲဖက်အသုံးပြုလာနိုင်တယ်လို့ ရေးသားဖော်ပြထားတာကြောင့် ယူနိုက်တက်နဲ့တွေ့တိုင်း ဂိုးမြူတတ်တဲ့ ဆွာရက်ဇ်ကို လူစာရင်းကနေ ချန်လှပ်လာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ပေါင်ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းလည်း ဒီပွဲမှာ ပြန်လည်ပါဝင်နိုင်တာကြောင့် နည်းပြဆီမြွန်နီအနေနဲ့ တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာ Options တွေ များစွာရှိလာနိုင်ပါတယ်။