အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း အသင်းတိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းဖြစ်တဲ့ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝရဲ့ အချိန်များစွာကို အောင်မြင်မှုတွေနဲ့အတူ ဖြတ်သန်းခဲ့တဲ့ မက်ဆီဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေနိုင်တော့ပဲ နောက်ဆုံးမှာတော့ ပီအက်စ်ဂျီအသင်းဆီကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ရပါတယ်။ ဒါပေမယ့် မက်ဆီ ပီအက်စ်ဂျီအသင်းဆီ မပြောင်းရွှေ့ခင် မက်ဆီရဲ့ အသင်းဖော်ဟောင်း ဆွာရက်ဇ်ရှိရာ အသက်လက်တီကိုမက်ဒရစ်အသင်းဘက်ကနေ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ အသင်းနည်းပြ ဆီမြွန်နီက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Espana

ဒီအကြောင်းတွေကို နည်းပြဆီမြွန်နီက “ကျွန်တော် ခင်ဗျားကို အသေးစိတ်အားလုံး ပြောပြသွားပါမယ်။ ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေကို ကျွန်တော် သတိထားမိလာတော့ လူးဝစ်ဆွာရက်ဇ်ဆီကို ကျွန်တော် ဖုန်းခေါ်လိုက်တယ်။ တခြားအသင်းက ကစားသမားအပေါ် ရိုသေလေးစားသမှုနဲ့ ကျွန်တော် လီယိုဆီကိုတော့ ဖုန်းမခေါ်ခဲ့ပါဘူး။ ကျွန်တော် လူးဝစ်ဆီကိုပဲ ဖုန်းဆက်ပြီး မက်ဆီက ဘယ်လိုအခြေအနေရှိနေလဲ သူ ဘယ်ကိုပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေလဲ ဒါမှမဟုတ်ရင်လည်း ကျွန်တော်တို့အသင်းဆီကို ပြောင်းရွှေ့လာဖို့ အခွင့်အရေး အနည်းငယ် ရှိနိုင်သလားဆိုတာတွေကို မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် ဒီကြိုးပမ်းမှုက (၃)နာရီဝန်းကျင်လောက် နှောင့်နှေးသွားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ပီအက်စ်ဂျီအသင်းက မက်ဆီကို ခေါ်ယူဖို့အတွက် အသေအချာလေးကို ကြိုးပမ်းသွားခဲ့ပြီးလို့ပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဆီမြွန်နီဟာ သူရဲ့အသက်လက်တီကိုအသင်းဆီကို မက်ဆီရောက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားသမားဟောင်း ဂရစ်ဇ်မန်းကိုတော့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။