ဒီနေ့ညမှာတော့ ဘောလုံးချစ်ပရိသတ်တွေ စောင့်ဆိုင်းနေရတဲ့ ချန်ပီယံလိဂ်ညချမ်းတွေ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီညမှာ (၁၆)သင်းအဆင့်ပွဲစဉ် ပထမအကျော့ပွဲတွေကို စတင်ယှဉ်ပြိုင်ကျင်းပခဲ့ကာ အဲ့ဒီပွဲစဉ်တွေထဲကမှ ပရိသတ်တွေအတွက် စိတ််ဝင်စားစရာအကောင်းဆုံး ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ပွဲမှာတော့ အိမ်ရှင်အေတီကိုက ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit : Getty Images

၄-၄-၂ ကစားကွက်ကိုပဲ အသုံးများလေ့ရှိတဲ့ အိမ်ရှင်အသက်လက်တီကိုအသင်းက မိုရာတာ ကော်ရီယာ လူမာ သောမတ်စ် ဆာအူး ကိုကီ လိုဒီ ဖီးလစ် ဆာဗစ် ဗာဂျယ်ကိုနဲ့ အော့ဘလက်တို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကတော့ သူတို့အသင်းရဲ့အကောင်းဆုံးလူစာရင်းဖြစ်တဲ့ ဖာမီနို ဆာလာ မာနေး ဝိုင်နယ်ဒန် ဖာဘင်ဟို ဟန်ဒါဆန် အာနိုး ဗန်ဒိုက် ဂိုးမက်ဇ် ရောဘတ်ဆန် အယ်လီဆန်တို့နဲ့ပဲ ပွဲထွက်လာခဲ့ပြန်ပါတယ်။ ပထမပိုင်းစလို့ သိပ်မကြာခင်မှာပဲ အိမ်ရှင်အသက်လက်တီကိုအသင်းက ကွင်းလယ်လူဆာအူးရဲ့အနီးကပ်ပိတ်သွင်းယူခဲ့သွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပြီး အဖွင့်ဂိုးရသွားချိန်မှာ သူတို့ရဲ့ထုံးစံအတိုင်း ခံစစ်ကိုပဲ အသားပေးကစားသွားခဲ့့ကာ လီဗာပူးလ်တိုက်စစ်ကိုလည်း ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မှ မရလေအောင် ဟန့်တားကစားသွားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းအစမှာ လီဗာပူးလ်က မာနေးကိုထုတ်ပြီး အော်ရီဂီကို ထည့်သွင်းအသုံးပြုလာခဲ့သလို အေတီကိုကလည်း လူမာအစား လော်ရန်တေးကို လူစားလဲလှယ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးလ်အသင်းရဲ့ဖိအားပေးကစားမှုတွေကိုသာ ပိုမိုလုပ်ဆောင်လာခဲ့ပြီး အေတီကိုကလည်း တချက်တချက် လီဗာပူးလ်ခံစစ်ကို ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ နှစ်သင်းလုံး အခွင့်အရေးတွေ ဆတူနီးပါးလောက် ပိုင်ဆိုင်ခဲ့ကြပေမယ့်လည်း သွင်းဂိုးတွေ ထပ်မရခဲ့ကြလို့ အိမ်ရှင်အသင်းကပဲ ၄မိနစ်မှာ ရရှိထားခဲ့တဲ့ သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။