အသြင္ပုံစံသစ္တစ္မ်ိဳးနဲ႔ ေျပာင္းလဲက်င္းပလ်က္ရွိေနတဲ႔ စပိန္စူပါဖလားၿပိဳင္ပြဲကေတာ့ မေန႔ကပဲ ဆီမီးဖုိင္နယ္ ပထမပြဲစဥ္အျဖစ္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ဗလင္စီယာအသင္းတုိ႔ ရင္ဆုိင္ကစားသြားခဲ႔ၿပီး ရီးရဲလ္က ၃ဂုိး၁ဂုိးနဲ႔ အႏုိင္ယူခဲ႔ကာ ဖုိင္နယ္ကို တတ္ေရာက္ခြင့္ရရွိႏုိင္ခဲ႔သလုိ ဒီေန႔ညမွာ ကစားခဲ႔တဲ႔ ဆီမီးဖုိင္နယ္ ဒုတိယေန႔ပြဲမွာ ဘာစီလုိနာနဲ႔ အသက္လက္တီကိုအသင္းတုိ႔ ထိပ္တုိက္ရင္ဆုိင္ခဲ႔ရင္းနဲ႔ အသက္လက္တီကုိမက္ဒရစ္က ၃ဂုိး၂ဂုိးနဲ႔ အႏိုင္ယူၿပီး ဖုိင္နယ္မွာ ရီးရဲလ္နဲ႔ ဆုံေတြ႕ရေတာ့မွာျဖစ္ပါတယ္။

Photo Credit : Getty Images

စပိန္လာလီဂါရဲ႕လက္ရွိခ်န္ပီယံျဖစ္တဲ႔ ဘာစီလုိနာအသင္းက ၄-၃-၃ကစားကြက္နဲ႔သာ ပြဲထြက္လာခဲ႔ၿပီး တုိက္စစ္မွာ မက္ဆီ ဆြာရက္ဇ္ ဂရစ္ဇ္မန္း ကြင္းလယ္မွာ ဒီေဂ်ာင္ ဘူးစကတ္စ္ ဗီဒယ္ ေနာက္တန္းမွာ ေရာဘတ္တုိ ပီေကး အမ္တီတီ အယ္ဘာနဲ႔ ဂုိးသမားေနရာမွာေတာ့ ဒဏ္ရာရေနတဲ႔ စတီဂ်န္အစား နက္တုိက ပြဲထြက္လာခဲ့ပါတယ္။ တစ္ဖက္က အသက္လက္တီကုိကေတာ့ ၄-၄-၂ကစားကြက္ကုိ အသုံးျပဳခဲ႔ၿပီး မုိရာတာ ဂ်ာအုိဖီးလစ္ ေကာ္ရီရာ ဆာအူး ေသာမတ္စ္ပါေတး ဟာရဲရား လိုဒီ ဆာဗစ္ ဖီလစ္ပီ ထရစ္ပီယာ ေအာ့ဘလက္တုိ႔နဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ ပထမပုိင္း ပြဲခ်ိန္အမ်ားစုအတြင္းမွာ ဘာစီလုိနာက ပြဲကပုိမုိစုိးမုိးထားႏုိင္ခဲ႔ၿပီး ေဘာလုံးပုိင္ဆုိင္မႈ ဂုိးေပါက္ၿခိမ္းေျခာက္မႈေတြမွာလည္း အသာစီးရယူႏုိင္ခဲ႔ပါတယ္။ အသက္လက္တီကုိကေတာ့ ပါေတးရဲ႕အေဝးကန္ခ်က္ ဟာရဲရားရဲ႕ဖရီးကစ္ကန္ခ်က္ကလြဲၿပီး ဘာစီလုိနာခံစစ္ကုိ ႀကီးႀကီးမားမား မၿခိမ္းေျခာက္ႏုိင္ခဲ႔ပဲ ဘာစီလုိနာကေတာ့ မက္ဆီ ဆြာရက္ဇ္ ဂရစ္ဇ္မန္းတုိ႔ရဲ႕ကန္ခ်က္ေတြကို အသက္လက္တီကုိဂုိးသမား ေအာ့ဘလက္ လက္စြမ္းျပကာကြယ္ႏုိင္လုိ႔သာ ဂုိးမရခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ အသက္လက္တီကုိအသင္းက အားနည္းေနတဲ႔ သူတုိ႔ရဲ႕ကြင္းလယ္ပုိင္းအတြက္ ဟက္တာဟာရဲရားအစား ကုိကီဝင္ေရာက္လာၿပီး တစ္မိနစ္ေတာင္ မျပည့္ေသးခ်ိန္မွာပဲ ကုိကီက အသက္လက္တီကုိအတြက္ ဦးေဆာင္ဂုိးကုိ စတင္သြင္းယူေပးခဲ႔ပါတယ္။ မေမွ်ာ္လင့္ပဲ အဖြင့္ဂုိးကုိ စတင္ခြင့္ျပဳလုိက္ၿပီးေနာက္မွာ ဘာစီလုိနာက ျပန္လည္ဖိအားေပးလာရင္းနဲ႔ ၅၁မိနစ္မွာ မက္ဆီက ဆာဗစ္ ကုိကီတုိ႔ ပိတ္ဆုိ႔ဟန္႔တားထားတဲ႔ၾကားကေန လြတ္ထြက္ၿပီး လွမ္းကန္ခဲ႔ရာ ေအာ့ဘလက္ပါ ဘယ္လုိမွ မကာကြယ္ႏုိင္ပဲ ေခ်ပဂုိးျပန္လည္ခြင့္ျပဳလုိက္ရပါတယ္။ အဲ႔ဒီေနာက္ ဘာစီလုိနာကပဲ ဆက္တုိက္ဖိအားေပးရင္း ေခ်ပဂုိးရၿပီး ဆယ္မိနစ္အၾကာမွာပဲ မက္ဆီက ဒုတိယဂုိးကုိ လွပစြာ သြင္းယူခဲ႔ေပမယ့္လည္း ေဘာလုံးထိန္းရာမွာ မက္ဆီလက္ထိေနတယ္ဆုိၿပီး VAR နဲ႔ စစ္ေဆးကာ ပယ္ဖ်က္ခဲ႔ပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ ဘာစီတုိ႔ ဦးေဆာင္ဂုိးရခဲ႔ၿပီး ဒီဂုိးကိုေတာ့ အသက္လက္တီကုိ တုိက္စစ္မွဴးေဟာင္း ဂရစ္ဇ္မန္းက ေခါင္းတုိက္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ဦးေဆာင္ဂုိးရၿပီးမွ ျပန္လည္ဦးေဆာင္ခံခဲ႔ရတဲ႔ အသက္လက္တီကုိကေတာ့ ကစားသမားအေျပာင္းအလဲေတြ ထပ္မံျပဳလုပ္ခဲ႔ေပမယ့္လည္း ဘာစီလုိနာကသာ တတိယဂုိးထပ္ရခဲ႔ၿပီး ဒီတစ္ခါလည္း VAR ျပန္ၾကည့္ရာမွာ လူကြ်ံေနတယ္လုိ႔ သတ္မွတ္ခံခဲ႔ရလုိ႔သာ အသက္လက္တီကုိအတြက္ စိတ္သက္သာရာရခဲ႔ပါတယ္။ ပြဲခ်ိန္၈၁မိနစ္အေရာက္မွာ လူစားဝင္ တုိက္စစ္ကစားသမား ဗီြတုိလုိေၾကာင့္ အသက္လက္တီကိုတုိ႔ ပင္နယ္တီကန္ခြင့္ရခဲ႔ၿပီး မုိရာတာက ေခ်ပဂုိးအျဖစ္ ျပန္လည္သြင္းယူႏုိင္ခဲ႔သလို ၈၆မိနစ္မွာလည္း ေကာ္ရီယာက အသက္လက္တီကုိအတြက္ ဦးေဆာင္ဂုိးကုိ ျပန္လည္သြင္းယူႏုိင္ခဲ႔ပါတယ္။ ဒီအႏုိင္ဂုိးေၾကာင့္ပဲ ေဆာ္ဒီေျမမွာ မက္ဒရစ္ဒါဘီ စပိန္စူပါဖလားၿပိဳင္ပြဲကုိ ျမင္ေတြ႕ခြင့့္ရေတာ့မွာပဲျဖစ္ပါတယ္။

(Unicode)

ပွဲပြီးခါနီး သွင်းဂိုးတွေနဲ့ ဘာစီကို အနိုင်ယူပြီး ဖိုင်နယ်တတ်လှမ်းသွားခဲ့တဲ့ အသက်လက်တီကို

အသွင်ပုံစံသစ်တစ်မျိုးနဲ့ ပြောင်းလဲကျင်းပလျက်ရှိနေတဲ့ စပိန်စူပါဖလားပြိုင်ပွဲကတော့ မနေ့ကပဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗလင်စီယာအသင်းတို့ ရင်ဆိုင်ကစားသွားခဲ့ပြီး ရီးရဲလ်က ၃ဂိုး၁ဂိုးနဲ့ အနိုင်ယူခဲ့ကာ ဖိုင်နယ်ကို တတ်ရောက်ခွင့်ရရှိနိုင်ခဲ့သလို ဒီနေ့ညမှာ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ဒုတိယနေ့ပွဲမှာ ဘာစီလိုနာနဲ့ အသက်လက်တီကိုအသင်းတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရင်းနဲ့ အသက်လက်တီကိုမက်ဒရစ်က ၃ဂိုး၂ဂိုးနဲ့ အနိုင်ယူပြီး ဖိုင်နယ်မှာ ရီးရဲလ်နဲ့ ဆုံတွေ့ရတော့မှာဖြစ်ပါတယ်။

Photo Credit : Getty Images

စပိန်လာလီဂါရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ ဘာစီလိုနာအသင်းက ၄-၃-၃ကစားကွက်နဲ့သာ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ မက်ဆီ ဆွာရက်ဇ် ဂရစ်ဇ်မန်း ကွင်းလယ်မှာ ဒီဂျောင် ဘူးစကတ်စ် ဗီဒယ် နောက်တန်းမှာ ရောဘတ်တို ပီကေး အမ်တီတီ အယ်ဘာနဲ့ ဂိုးသမားနေရာမှာတော့ ဒဏ်ရာရနေတဲ့ စတီဂျန်အစား နက်တိုက ပွဲထွက်လာခဲ့ပါတယ်။ တစ်ဖက်က အသက်လက်တီကိုကတော့ ၄-၄-၂ကစားကွက်ကို အသုံးပြုခဲ့ပြီး မိုရာတာ ဂျာအိုဖီးလစ် ကော်ရီရာ ဆာအူး သောမတ်စ်ပါတေး ဟာရဲရား လိုဒီ ဆာဗစ် ဖီလစ်ပီ ထရစ်ပီယာ အော့ဘလက်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန်အများစုအတွင်းမှာ ဘာစီလိုနာက ပွဲကပိုမိုစိုးမိုးထားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ဂိုးပေါက်ခြိမ်းခြောက်မှုတွေမှာလည်း အသာစီးရယူနိုင်ခဲ့ပါတယ်။ အသက်လက်တီကိုကတော့ ပါတေးရဲ့အဝေးကန်ချက် ဟာရဲရားရဲ့ဖရီးကစ်ကန်ချက်ကလွဲပြီး ဘာစီလိုနာခံစစ်ကို ကြီးကြီးမားမား မခြိမ်းခြောက်နိုင်ခဲ့ပဲ ဘာစီလိုနာကတော့ မက်ဆီ ဆွာရက်ဇ် ဂရစ်ဇ်မန်းတို့ရဲ့ကန်ချက်တွေကို အသက်လက်တီကိုဂိုးသမား အော့ဘလက် လက်စွမ်းပြကာကွယ်နိုင်လို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ အသက်လက်တီကိုအသင်းက အားနည်းနေတဲ့ သူတို့ရဲ့ကွင်းလယ်ပိုင်းအတွက် ဟက်တာဟာရဲရားအစား ကိုကီဝင်ရောက်လာပြီး တစ်မိနစ်တောင် မပြည့်သေးချိန်မှာပဲ ကိုကီက အသက်လက်တီကိုအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ မမျှော်လင့်ပဲ အဖွင့်ဂိုးကို စတင်ခွင့်ပြုလိုက်ပြီးနောက်မှာ ဘာစီလိုနာက ပြန်လည်ဖိအားပေးလာရင်းနဲ့ ၅၁မိနစ်မှာ မက်ဆီက ဆာဗစ် ကိုကီတို့ ပိတ်ဆို့ဟန့်တားထားတဲ့ကြားကနေ လွတ်ထွက်ပြီး လှမ်းကန်ခဲ့ရာ အော့ဘလက်ပါ ဘယ်လိုမှ မကာကွယ်နိုင်ပဲ ချေပဂိုးပြန်လည်ခွင့်ပြုလိုက်ရပါတယ်။ အဲ့ဒီနောက် ဘာစီလိုနာကပဲ ဆက်တိုက်ဖိအားပေးရင်း ချေပဂိုးရပြီး ဆယ်မိနစ်အကြာမှာပဲ မက်ဆီက ဒုတိယဂိုးကို လှပစွာ သွင်းယူခဲ့ပေမယ့်လည်း ဘောလုံးထိန်းရာမှာ မက်ဆီလက်ထိနေတယ်ဆိုပြီး VAR နဲ့ စစ်ဆေးကာ ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဘာစီတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ အသက်လက်တီကို တိုက်စစ်မှူးဟောင်း ဂရစ်ဇ်မန်းက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးရပြီးမှ ပြန်လည်ဦးဆောင်ခံခဲ့ရတဲ့ အသက်လက်တီကိုကတော့ ကစားသမားအပြောင်းအလဲတွေ ထပ်မံပြုလုပ်ခဲ့ပေမယ့်လည်း ဘာစီလိုနာကသာ တတိယဂိုးထပ်ရခဲ့ပြီး ဒီတစ်ခါလည်း VAR ပြန်ကြည့်ရာမှာ လူကျွံနေတယ်လို့ သတ်မှတ်ခံခဲ့ရလို့သာ အသက်လက်တီကိုအတွက် စိတ်သက်သာရာရခဲ့ပါတယ်။ ပွဲချိန်၈၁မိနစ်အရောက်မှာ လူစားဝင် တိုက်စစ်ကစားသမား ဗွီတိုလိုကြောင့် အသက်လက်တီကိုတို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး မိုရာတာက ချေပဂိုးအဖြစ် ပြန်လည်သွင်းယူနိုင်ခဲ့သလို ၈၆မိနစ်မှာလည်း ကော်ရီယာက အသက်လက်တီကိုအတွက် ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီအနိုင်ဂိုးကြောင့်ပဲ ဆော်ဒီမြေမှာ မက်ဒရစ်ဒါဘီ စပိန်စူပါဖလားပြိုင်ပွဲကို မြင်တွေ့ခွင့့်ရတော့မှာပဲဖြစ်ပါတယ်။