ဒီနှစ် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ မန်စီးတီးအသင်းနဲ့ လမ်းခွဲရဖွယ် ရှိလို့နေတဲ့ ပေါ်တူဂီ ကြယ်ပွင့်ကစားသမား ဘာနာဒိုဆေးဗားဟာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့်လည်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့  ဘာစီလိုနာအသင်းက ဘာနာဒိုဆေးဗားကို ခေါ်ယူဖို့ မလွယ်ကူပဲ ရှိနေရာ လတ်တလောမှာတော့ ဒီကစားသမားကို အသက်လက်တီကိုမက်ဒရစ်နဲ့ အာဆင်နယ်အသင်းတို့ကနေ အပြိုင်ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Bein Sports

အသက်(၂၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တောင်ပံကစားသမား ဘာနာဒိုဆေးဗားဟာ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းဆီကိုတော့ ၂၀၁ရခုနှစ်ကမှ မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ် အက်အေဖလား (၁)ကြိမ် လိဂ်ဖလား (၄)ကြိမ်နဲ့ ကွန်မြူနတီဒိုင်း (၂)ကြိမ် ရယူနိုင်ခဲ့ပြီး PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုလို တစ်ဦးချင်းဆုတံဆိပ်တွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘာနာဒိုဆေးဗားဟာ လက်ရှိမှာတော့ သူရဲ့မန်စီးတီးကစားသမားဘဝ အနာဂတ် အခြေအနေက မသေချာတော့ပဲ အသင်းနဲ့ လက်တွဲဖြုတ်ရဖို့က တဖြည်းဖြည်းကို နီးစပ်လာနေရပါတယ်။

Photo Credit : Twitter

ဒီလို အခြေအနေတွေ ရှိလာခဲ့တဲ့ ဘာနာဒိုဆေးဗားကို ဘာစီလိုနာအသင်းကနေ ခေါ်ယူချင်နေသလို ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာနဲ့ ပူးပေါင်းချင်နေပေမယ့်လည်း ဘာစီလိုနာဘက်က သူတို့ရဲ့ ကြယ်ပွင့်ကစားသမား မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်မယ့်အရေးကိုသာ ဦးစားပေးနေရတဲ့အပြင် လာလီဂါကနေ သတ်မှတ်ထားတဲ့ လစာပမာဏာကို မကျော်လွန်စေဖို့အတွက်လည်း လုပ်ဆောင်နေရတာဖြစ်လို့ ဘာနာဒိုဆေးဗားကို ခေါ်ယူနိုင်ဖို့က ဖြစ်နိုင်ခြေ အရမ်းနည်းနေရပါတယ်။ ဒါပေမယ့် အသင်းနဲ့ လမ်းခွဲရဖွယ် ရှိလို့နေတဲ့ ဘာနာဒိုဆေးဗားကိုတော့ စပိန်လာလီဂါပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ အာဆင်နယ်အသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေကြပြီး မန်စီးတီးအသင်းကတော့ ဘာနာဒိုဆေးဗားကို ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဆီထက် ပြည်ပက အသင်းတစ်သင်းဆီကိုပဲ ရောင်းချဖွယ် ရှိနေပါတယ်။ လတ်တလောမှာ မန်စီးတီးအသင်းက တိုက်စစ်မှူးဟာရီကိန်းနဲ့ တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်တို့ကို ခေါ်ယူချင်နေတာကြောင့် ဘာနာဒိုဆေးဗားကို သေချာပေါက် ရောင်းချသွားနိုင်ဖွယ် ရှိနေရပါတယ်။