ဒီနှစ်ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်ရယူပြီး (၃၅)ကြိမ်မြောက် လာလီဂါချန်ပီယံ ဖြစ်လာခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ဂုဏ်ပြုစကား ရေးသားဖော်ပြဖို့ ပျက်ကွက်ခဲ့တဲ့ ကလပ်အသင်းတွေထဲမှာ အသက်လက်တီကိုမက်ဒရစ်အသင်းက အပါအဝင် ဖြစ်နေပေမယ့်လည်း အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီကတော့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ပြိုင်ဘက်ရီးယဲလ်နည်းပြ အန်စလော့တီကို လက်ဆွဲနှုတ်ဆက်မိခဲ့တာကြောင့် သူရဲ့အပြုအမှုအပေါ် ပြန်လည်ရှင်းလင်းသွားခဲ့ပါတယ်။

Klopp on Simeone snubbing his handshake

Photo Credit : Football News

အသက်လက်တီကိုနည်းပြ ဆီမြွန်နီက ချန်ပီယံလိဂ်မှာ လီဗာပူးလ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့စဉ် လီဗာပူးလ်နည်းပြကြီး ယာဂင်ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ပြီး ပွဲအပြီးမှာ ပြိုင်ဘက်နည်းပြတွေနဲ့ လက်ဆွဲနှုတ်ဆက်ရခြင်းကို မပြုလုပ်ချင်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒီလို ပြောဆိုထားခဲ့ဖူးတဲ့ နည်းပြဆီမြွန်နီက ရီးယဲလ်အသင်းနဲ့ မက်ဒရစ်ဒါဘီပွဲစဉ် အပြီးမှာ ရီးယဲလ်နည်းပြ အန်စလော့တီကို လက်ဆွဲနှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့တဲ့အပေါ် ပြန်လည်ဖြေရှင်းသွားခဲ့ပြီး အန်စလော့တီကိုလည်း ထူးခြားပြောင်မြောက်တဲ့ နည်းပြတစ်ဦးလို့ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဆီမြွန်နီက “ကျွန်တော် ဗလင်စီယာနည်းပြ ဘိုဒါလက်စ် ဘီလ်ဘာအိုနည်းပြ မာဆယ်လီနိုတို့နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ဖူးပါတယ်။ ဒါတွေက ပွဲအပေါ်မှာလည်း မူတည်ပါတယ်။ တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့တွေ ကွင်းထဲကနေ ထွက်ခွာရင်းနဲ့ ကြုံဆုံမိတဲ့အခါမျိုးမှာလည်း တစ်ယောက်န့တစ်ယောက် နှုတ်ဆက်ဖြစ်ကြပါတယ်။ အန်စလော့တီကိုတော့ ကျွန်တော် လေးစားမိပါတယ်။ သူက ထူးခြားခမ်းနားတဲ့ နည်းပြကြီးတစ်ယောက်ပါ။ သူက မတူညီတဲ့ အမှတ်ပေးလိဂ်(၅)ခုမှာ ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့သူပါ။ သူရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ သူ့ကိုယ်သူ ဒီအတိုင်းလေးပဲ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပင်ကိုစရိုက်မျိုးကို ပိုင်ဆိုင်ထားတဲ့ နည်းပြကြီးပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဆီမြွန်နီဟာ သူအမွှမ်းတင်ခဲ့တဲ့ အန်စလော့တီနဲ့ မကြာခင်မှာ ထိပ်တိုက်တွေ့ဆုံရတော့မယ့် နည်းပြယာဂင်ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်ဖို့ ပျက်ကွက်ခဲ့ပြီး ပွဲအပြီးမှာ အဝတ်လဲခန်းထဲကိုသာ တန်းဝင်သွားခဲ့သလို ဆီမြွန်နီရဲ့အပြုအမှုကိုလည်း ကလော့ပ်က အတော်လေး စိတ်ပျက်မိခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆီမြွန်နီဟာ သူရဲ့ အသက်လက်တီကိုအသင်းကို လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနေပြီး လက်ရှိအခြေအနေအရလည်း top 4 နဲ့ ရာသီသိမ်းဖို့ အလားအလာကောင်းနေရပါတယ်။