စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမား သောမတ်စ် ပါတေးအတွက် အာဆင်နယ်အသင်းရဲ့ ကနဦး ကမ်းလှမ်းချက်ကို ပယ်ချသွားခဲ့တယ် လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပါတေး ကို ခေါ်ယူနိုင်ဖို့ ကာလရှည် ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပြီး သူတို့အသင်းရဲ့ လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီကို အလိုက်ပေးကာ ပါတေးကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ် အသင်းရဲ့ အဆိုပါ ကမ်းလှမ်းချက်ကို အက်သလက်တီကို မက်ဒရစ်အသင်းက မဆိုင်းမတွ ပယ်ချသွားခဲ့ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Metro

လက်ရှိ ဘောလုံးရာသီမှာ အမှတ်ပေးဇယားရဲ့ အဆင့်၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ အက်ဖ်အေဖလားကို အရယူရမယ့် အာဆင်နယ်အသင်းဟာ အခြား ပြိုင်ဘက် အသင်းတွေနဲ့ ယှဉ်ရင် လူအင်အား အပိုင်းမှာ သိသိသာသာ အားနည်းနေပြီး နွေရာသီ အပြောင်းအရွှေ့မှာသာ မှန်ကန်တဲ့ ခေါ်ယူမှုတွေကို မလုပ်ဆောင်နိုင်ရင် လာမယ့် ဘောလုံးရာသီမှာ ပိုမို အခက်တွေ့ဖွယ် ရှိနေပါတယ်။ ဒါ့ကြောင့်ပဲ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်ပိုင်း အားနည်းချက်ကို ဖာထေးနိုင်ဖို့ ပါတေးကို အလိုရှိနေတာ ဖြစ်ပြီး အက်သလက် တီကို မက်ဒရစ်အသင်းကလည်း သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရပါက ပါတေးကို ရောင်းချသွားဖို့ အသင့်ရှိနေပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Guardian သတင်းဌာနရဲ့ ဖော်ပြမှုအရတော့ အာဆင်နယ်အသင်းဟာ ပါတေးကို ခေါ်ယူဖို့ အတွက် သူတို့ အသင်းရဲ့ လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီ + ယူရို ၂၅သန်း ပေးချေမယ်လို့ အက်သလက်တီကို မက်ဒရစ်အသင်းဆီ ကမ်းလှမ်းခဲ့ပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်းဟာ အဆိုပါ ကမ်းလှမ်းချက်ကို ပယ်ချပြီး ပြောင်းရွှေ့ကြေးကို ထပ်တိုးပေးဖို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ လန်ဒန် အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ အာဆင်နယ်အသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာနဲ့ ဆက်ဆံရေး မပြေလည်တဲ့ ဂွမ်ဒူဇီကို ပေးကာ ပါတေးကို ပြန်လည် ခေါ်ယူဖို့ အသင့် ရှိနေကြောင်း သိထားရပြီး ဂွမ်ဒူဇီ + ယူရို၃၀သန်း ဆိုတဲ့ ကမ်းလှမ်းမှုကို မကြာခင်မှာ ပြုလုပ်ဖွယ် ရှိတယ်လို့ ဥရောပရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။ ကဲ ပရိသတ်ကြီးကရော ပါတေးရဲ့ တန်ကြေးဟာ ဘယ်လောက်အထိ ရှိမယ်လို့ ထင်ကြလဲဗျ…။