စပိန်လာလီဂါ အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်း ကတော့ သူတို့အသင်းရဲ့ အဓိက ပြိုင်ဘက် အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းထံ ၂၀၁၄ ခုနှစ်ကတည်းက ရောက်ရှိခဲ့သူ ဖြစ်ပြီး အသင်းကို ရောက်ရှိအပြီးမှာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ မက်ဆီနဲ့ တွဲဖက် ကာ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် သူ့ရဲ့ အသက်အရွယ် ရလာမှုကြောင့် ဘာစီလိုနာအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဆွာရက်ဇ်ကို အသင်းကနေ ထွက်ခွာသွားဖို့ ပြောဆိုထားပါတယ်။

Photo Credit: Evening Standard

လက်ရှိအချိန်မှာတော့ ဆွာရက်ဇ်ကို ခေါ်ယူဖို့ အတွက် အီတလီ စီးရီးအေရဲ့ အင်အားကြီး အသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်း ၊ မေဂျာလိဂ် ကလပ်အသင်း ဖြစ်တဲ့ မိုင်ယာမီအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့က မျက်စိကျနေကြပြီး ဂျူဗင်တပ်အသင်းကတော့ ဆွာရက်ဇ် ကို ခေါ်ယူနိုင်ဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရတော့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဆွာရက်ဇ်ကို ခေါ်ယူဖို့ အတွက် ဆွာရက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူထံ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပြီး အက်သလက်တီကို မက်ဒရစ်အသင်းက ဆွာရက်ဇ်ကို ကမ်းလှမ်းထားတဲ့ လစာငွေဟာ ဂျူဗင်တပ်အသင်းက ဆွာရက်ဇ်ကို ကမ်းလှမ်းထားတဲ့ လစာငွေထက် ပိုမိုများပြားနေတယ် လို့ သိရပါတယ်။

Photo Credit: Evening Standard

ESPN သတင်းဌာနကတော့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီဟာ ဆွာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ အလိုရှိနေပြီး ဆွာရက်ဇ် အတွက် များပြားလှတဲ့ လုပ်ခလစာကို ပေးချေဖို့ အသင့်ရှိနေကာ အက်သလက်တီကို မက်ဒရစ်အသင်း ကမ်းလှမ်းထားတဲ့ လစာငွေ ပမာဏဟာ ဂျူဗင်တပ်အသင်းက ကမ်းလှမ်းထားတဲ့ လစာငွေထက် ပိုမို များပြားနေတယ် လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဆွာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ စီမံကိန်းတွေထက် ဂျူဗင်တပ်အသင်းရဲ့ စီမံကိန်းတွေကို ပိုမို သဘောကျနေပြီး ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ ကစားဖို့ကို ပိုမို စိတ်ဝင်စားနေတယ် လို့ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဆက်စပ်သတင်းတွေ အရတော့ ဂျူဗင်တပ်အသင်းဟာ ဆွာရက်ဇ်ကို လက်လွှတ်ခဲ့ရပါက အက်သလက်တီကို မက်ဒရစ်အသင်းမှာ ကစားနေတဲ့ သူတို့အသင်းရဲ့ ကစားသမားဟောင်း မိုရာတာကို ပြန်လည် ခေါ်ယူမယ်လို့လည်း သိထားရပါတယ်။