စပိန် အင်အားကြီး အသင်း တစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်း ကတော့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူ တော်ရဲယား ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ် လို့ ဥရောပ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။ အသက် ၂၄ နှစ် သာ ရှိသေးတဲ့ ဥရုဂွေး ကွင်းလယ် ခံစစ် ကစားသမား တော်ရဲယားဟာ ၂၀၁၈ ခုနှစ်မှာ အီတလီကလပ် ဆမ်ဒိုရီးယား အသင်းမှ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ လာတဲ့ ကစားသမား ဖြစ်ပြီး ခြေစွမ်းပိုင်း ကောင်းမွန် ပေမယ့် သူ့ရဲ့ သေးညှက်တဲ့ ခန္ဓာကိုယ်ကြောင့် ပရီးမီးယားလိဂ်ရဲ့ ကစားပုံမှာ အံဝင်ဖို့ အတွက် အနည်းငယ် ခက်ခဲ နေပါတယ်။

 

Photo Credit: Express

ဒါ့ကြောင့်ပဲ အာဆင်နယ် အသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ တော်ရဲယားကို အသင်း ကနေ ရောင်းချသွားဖို့ စီစဉ် နေတာပါ။ ဒါပေမယ့် လက်ရှိ အချိန်မှာ တော်ရဲယားကို ဝယ်ယူဖို့ စိတ်ဝင်စား နေတဲ့ အသင်း ရှိမနေပဲ အီတလီ ကလပ်တွေ ဖြစ်တဲ့ နာပိုလီနဲ့ တိုရီနို ၊ လာလီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့ကသာ အငှားနဲ့ ခေါ်ယူဖို့ ကြိုးစား နေပါတယ်။ စပိန်အခြေစိုက် သတင်း ဌာနတွေရဲ့ အဆို အရတော့ တော်ရဲယားဟာ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ အတူ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားပြီး တိုရီနို ၊ နာပိုလီတို့ထက် ဆီမြွန်နီ ဦးဆောင်နေတဲ့ အက်သလက်တီကို အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန် နေကြောင်း သိရပါတယ်။

Photo Credit: Express

လောလောဆယ်မှာ တော်ရဲယား အတွက် အာဆင်နယ် အသင်းနဲ့ အက်သလက်တီကို အသင်းတို့ရဲ့ ဆွေးနွေးမှုတွေဟာ မပြီးသတ်သေးပဲ အာဆင်နယ် အသင်းအနေနဲ့ အက်သလက်တီကို အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ပါတေး ကို ခေါ်ယူမယ့် အချက်ကို ဆွေးနွေးမှုတွေထဲ ထည့်သွင်းလို နေတာကြောင့် အပြောင်းအရွှေ့ ဟာ ကြန့်ကြာ နေတာ ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ကလည်း အဆိုပါ သတင်းတွေ အပေါ် အတည်ပြု ပေးထားပေမယ့် အက်သလက်တီကို အသင်းအနေနဲ့ ပါတေးကို ရောင်းချဖို့ စိတ်မဝင်စားပဲ တော်ရဲယားကိုသာ အာဆင်နယ် အသင်းဆီကသာ အငှားနဲ့ ခေါ်ယူဖို့ ကြိုးစား နေတယ် လို့ Romano က ဆိုပါတယ်။ ဒါ့အပြင် Romano ရဲ့ ပြောပြချက် အရ အာဆင်နယ် အသင်းဟာ တော်ရဲယားကို အပြီးသတ် သာ ရောင်းချလို နေတာကြောင့် အပြောင်းအရွှေ့ ပြီးမြောက်ဖို့ဟာ ရက်အနည်းငယ် ကြာမြင့်နိုင်သေးတယ် လို့ သိရှိ ရပါတယ်။