မနှစ်က ဘောလုံးရာသီမှာ စပိန်ကိုပါဒယ်ရေး ရှုံးထွက်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိ တတ်လှမ်းနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဒီနေ့ညမှာတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရပြီး အိမ်ရှင်ဘီလ်ဘာအိုအသင်းက နောက်ကျအနိုင်ဂိုးနဲ့အတူ ဘာစီလိုနာအသင်းကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဧည့်သည်ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းတစ်ဦးတည်းလောက်ကိုသာ ပွဲထွက်စာရင်းကနေ ချန်လှပ်ထားခဲ့ပြီး မက်ဆီ ဖာတီ ရောဘက်တို ဒီဂျောင် ဘူးစကတ်စ် ရာကီတစ် ပီကေး လွန်းဂ်လတ် အယ်ဘာ ဆယ်မီဒို စတီဂျန်တို့နဲ့အတူ ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုလာခဲ့ပါတယ်။ ဒီရာသီ လာလီဂါအဖွင့်ပွဲမှာပဲ ဘာစီလိုနာကို အနိုင်ယူထားခဲ့တဲ့ ဘီလ်ဘာအိုကတော့ ဝီလံယံစ် မြူနီယန်း ရာအူးဂါဆီယာတို့နဲ့အတူ ပွဲထွက်လာခဲ့ကာ ဘာစီလုနာကို အကောင်းဆုံးတုန့်ပြန်ကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန်အများစုမှာတော့ ဘာစီလိုနာအသင်းက ဘီလ်ဘာအိုဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဖာတီရဲ့ကန်ချက်တွေ ဂိုးမဝင်ခဲ့လို့သာ အဖွင့်ဂိုးကို မပိုင်ဆိုင်နိုင်ခဲ့ရတာဖြစ်ပါတယ်။ ၁၀မိနစ်မှာတော့ အိမ်ရှင်အသင်းက ထောင့်ကန်ဘောကနေတစ်ဆင့် သွင်းဂိုးပိုင်ဆိုင်ခဲ့ပေမယ့်လည်း လူကျွံနေတာကြောင့် ပြန်လည်ပယ်ဖျက်ခဲ့သလို ဘီလ်ဘာအိုအနေနဲ့ကလည်း အဲ့ဒီနောက်ပိုင်းကတည်းက ဂိုးရဖို့ နီးစပ်မှုတောင် မရှိခဲ့ပါဘူး။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ဘာစီလိုနာအသင်းဘက်ကနေ ထိရောက်လှတဲ့ ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ခဲ့တာကြောင့် ၅၇မိနစ်မှာ အန်ဆုဖာတီအစား ဂရစ်ဇ်မန်းကို ထည့်သွင်းအသုံးပြုလာခဲ့ပါတယ်။ ဂရစ်ဇ်မန်း ပါဝင်လာချိန်မှာတောင် ဘာစီလိုနာအသင်းက ဖိအားပေးကစားနေရုံကလွဲပြီး တိုက်စစ်ဆင်မှုတွေက ဘီလ်ဘာအိုခံစစ်အတွက် အန္တရာယ်များလှအောင် မဖြစ်စေပဲ မိနစ်ရ၀မှာ ဂရစ်ဇ်မန်းကန်သွင်းခဲ့တာကိုလည်း ဂိုးသမားဆီမွန်ကာကွယ်နိုင်ခဲ့ပါတယ်။ အိမ်ရှင်ဘီလ်ဘာအိုကလည်း အခွင့်အရေးတွေရခဲ့ပေမယ့် သေသေချာချာ အဆုံးသတ်နိုင်ခဲ့ခြင်းမရှိလို့ သွင်းဂိုးမပိုင်ဆိုင်နိုင်ခဲ့ပေမယ့် နာကျင်အချိန်ပိုအတွင်းမှာ တိုက်စစ်မှူးဝီယီလံစ်က ဂါဆီယာရဲ့ပေးပို့မှုကနေတစ်ဆင့် ဂိုးပိုင်ဆိိုင်ခဲ့သလို ဘီလ်ဘာအိုကပဲ ဆီမီးဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့ရပါတယ်။