ဒီနေ့ ဇွန်လ(၂၅)ရက်နေ့ မနက်စောပိုင်း (၂)နာရီ(၁၅)မိနစ်အချိန်မှာ အီတလီစီးရီးအေ ပွဲစဉ်(၂၇)ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ အတ္တလန်တာအသင်းနဲ့ လာဇီယိုအသင်းတို့ရဲ့ Big Match ပွဲစဉ်အတွင်းမှာ အိမ်ရှင်အတ္တလန်တာအသင်းက (၂)ဂိုးပြတ် ရှံးနိမ့်နေရာကနေ Comeback အနိုင်နဲ့ လာဇီယိုကို (၃)ဂိုး(၂)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit : Getty Image

စီးရီးအေပြန်လည်စတင်တဲ့ အချိန်ထိကို တိုက်စစ်အားကောင်းနေသေးတဲ့ အိမ်ရှင်အတ္တလန်တာအသင်းဘက်မှာ ဇာပါတာ ဂိုမက်ဇ် ဒီရွန်း ဂိုဆန်စ်တို့လို အမာခံကစားသမားတွေ ပါဝင်လာသလို လာဇီယိုအသင်းဘက်မှာလည်း အင်မိုဘီလီ ကော်ရီရာ အယ်ဘာတို မီလန်ကိုဗစ် လာဇာရီ အဆာဘီတို့လို အဓိက ကစားသမားတွေအစုံအလင် ပါဝင်လာခဲ့ပါတယ်။ ပွဲစတင်ပြီး (၅)မိနစ်ခန့်မှာပဲ လာဇီယိုက ကောင်းမွန်လှတဲ့ အချိတ်အဆက်တစ်ခုကနေ အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပြီး ဒီဂိုးကိုတော့ အတ္တလန်တာဘက်က ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာဖြစ်ပါတယ်။ (၁၁)မိနစ်မှာလည်း ကွင်းလယ်လူမီလန်ကိုဗစ်က အားပါပြင်းထန်လှတဲ့ကန်ချက်ကို လာဇီယိုအတွက် ဒုတိယဂိုးကို ထပ်မံရယူခဲ့ပါတယ်။ ပွဲချိန်(၁၀)မိနစ်အတွင်းမှာပဲ (၂)ဂိုးပေးလိုက်ရပြီးနောက် အတ္တလန်တာတို့ ပိုမိုအာရုံစိုက် ကစားလာခဲ့ရာ (၃၉)မိနစ်မှာတော့ ချေပဂိုးပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းပြီးခါနီးမှာ ချေပဂိုးတစ်ဂိုးကို ပြန်လည်ပိုင်ဆိုင်ခဲ့တဲ့ အတ္တလန်တာအသင်းဟာ ဒုတိယပိုင်းမှာလည်း နောက်ထပ်ချေပဂိုးတစ်ဂိုးကို ထပ်မံပိုင်ဆိုင်ရဖို့ ကြိုးစားလာခဲ့ရာ ပွဲချိန်(၆၆)မိနစ်မှာတော့ ကွင်းလယ်တိုက်စစ်နေရာမှာ ပါဝင်ကစားခဲ့တဲ့ မာလီနော့ဗ်စကီးရဲ့ ပြင်းထန်လှတဲ့ကန်ချက်နဲ့ ဒုတိယမြောက်ချေပဂိုးကို ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။ သရေကျအောင် ကစားနိုင်ခဲ့ပြီးနောက် မိနစ်(၈၀)မှာလည်း နောက်ခံလူပါလိုမီနိုက အတ္တလန်တာအတွက် အနိုင်ဂိုးကိုပါ သွင်းယူခဲ့ပြီး နိုင်ပွဲဆက်သွားခဲ့ပါတယ်။