အတ္တလန်တာအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ACL Injury ရရှိသွားပြီး အနည်းဆုံး (၆)လလောက်အထိ အနားယူသွားရတော့မယ့် တိုက်စစ်မှူး ဂျန်လူကာ ဆကာမာကာ နေရာမှာ အစားထိုးဖို့အတွက် မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း အန်တိုနီ မာရှယ်ကို ခေါ်ယူသွားချင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။
ဆာဆူအိုလိုနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ကစားသမားဟောင်း ဆကာမာကာဟာ အတ္တလန်တာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် အခုလို လအတန်ကြာ အနားယူရတော့မှာက အတ္တလန်တာအတွက် အတော်လေး ထိခိုက်စေရသလို အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရထားတာမို့ တိုက်စစ်ပိုင်း ပြန်အားဖြည့်ရပါတော့မယ်။
Photo Credit : The New York Times
အတ္တလန်တာက ဒီဈေးကွက်ထဲမှာလည်း တိုက်စစ်ပိုင်းအတွက် အားဖြည့်မှုတွေ မလုပ်ဆောင်ရသေးသလို အသင်းတိုက်စစ်ပိုင်းမှာလည်း လွတ်ခ်မန်းနဲ့ တိုရေးတို့ နှစ်ဦးတည်းသာ ကျန်နေတော့တဲ့အတွက် ပြောင်းရွှေ့ကြေး အသုံးပြုစရာမလိုတဲ့ မာရှယ်ကို စတင် ပစ်မှတ်ထားလာခဲ့ပါတယ်။
အသက် (၂၈)နှစ်အရွယ် ပြင်သစ် တိုက်စစ်ကစားသမား မာရှယ်ဟာ ၂၀၁၅ခုနှစ်ကတည်းက မိုနာကိုကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းနဲ့ ဆယ်စုနှစ်တစ်ခုလောက်အထိ ဖြတ်သန်းပြီးချိန်မှာ စာချုပ်သက်တမ်း ပြည့်မြောက်သွားလို့ အသင်းကနေ အလွတ်နဲ့ ထွက်ခွာခဲ့ရပါတယ်။
Photo Credit : Transfermarket
လက်ရှိမှာတော့ မာရှယ်ကို အတ္တလန်တာအသင်းအပြင် ပြင်သစ်လီဂူးဝမ်းကလပ် လိုင်လီအသင်းကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေသလို အမေရိကန် မေဂျာလိဂ်က ကလပ်အသင်းတွေ ဆော်ဒီလိဂ် ကလပ်အသင်းတွေကပါ free agent player မာရှယ်ကို အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။
ဒါပေမယ့် မာရှယ်ဟာ မကြာခဏ ဆိုသလို ဒဏ်ရာပြသာနာတွေ ရရှိနေတဲ့ injury prone player ဖြစ်နေတာက သူ့ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေအတွက် အနည်းငယ် စဉ်းစားစရာ ဖြစ်နိုင်ပေမယ့် အတွေ့အကြုံကောင်းတွေ အများကြီးရှိပြီး ဘောလုံး အရည်အသွေးကောင်းတွေလည်း ရှိနေတဲ့ ကစားသမားမို့ ကာလတို စာချုပ်မျိုးနဲ့ ကမ်းလှမ်းကြဖွယ် ရှိနိုင်ပါတယ်။