မနှစ်က ဘောလုံးရာသီအတွင်းမှာပဲ ခြေစွမ်းတွေပြသနိုင်ခဲ့ပြီး အဆင့်၄နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့လို့ အသင်းရဲ့သမိုင်းတလျှောက် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ အတ္တလန်တာအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း သူတို့ရဲ့ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး တိုက်စစ်က ဂိုးတွေမြူးနေလျက်ရှိရာ မနေ့ညက ကစားသွားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်အတွင်းမှာ တိုရီနိုအသင်းဘက်ကို သွင်းဂိုးရဂိုးအထိတောင် အပြတ်အသတ်သွင်းယူပြီး ဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။
Photo Credit : Getty Images
မနေ့ညက အီတလီစီးရီးအေပွဲစဉ်(၂၁)အဖြစ် တိုရီနိုနဲ့ အတ္တလန်တာအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ဧည့်သည်အတ္တလန်တာအသင်းက အီလီချစ်ရဲ့ဟက်ထရစ်နဲ့အတူ သွင်းဂိုးရဂိုးပြတ်နဲ့ကို အနိုင်ရရှိခဲ့ပါတယ်။ အတ္တလန်တာအသင်းဟာ ပထမပိုင်းမှာကတည်းက သွင်းဂိုး၃ဂိုး ရရှိခဲ့ပြီး ဒုတိယပိုင်းမှာလည်း နောက်ထပ်သွင်းဂိုးတွေ ဆက်တိုက်ရယူနိုင်ခဲ့သလို တိုရီနိုဘက်ကနေလည်း ကစားသမား၂ယောက်တောင် ထုတ်ပယ်ခံခဲ့ရပါတယ်။ အတ္တလန်တာအတွက် ဂိုးတွေကိုတော့ အီလီချစ်က ဟက်ထရစ် မူရီယယ်က ၂ဂိုး ဂိုဆန်စ်နဲ့ ဇာပါတာတို့က ၁ဂိုးစီ သွင်းယူခဲ့ကြပါတယ်။
Photo Credit : Getty Images
ဒီပွဲမှာ စတုတ္ထမြောက်ဂိုးဖြစ်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အီလီချစ်ရဲ့ ကွင်းလယ်လောက်ကနေ လှမ်းကန်သွင်းခဲဲ့တဲဲ့ ဖရီးကစ်သွင်းဂိုးကတော့ အတော်လေးကို ရင်သပ်ရှမောစရာကောင်းတဲ့ ဂိုးကန်ချက်အဖြစ် သတ်မှတ်နိုင်ပြီး ဂိုးသမားရှေ့တတ်နေမှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ကန်ချက်မျိုးလည်း ဖြစ်ခဲ့ပါတယ်။ အခုလို ဟက်ထရစ်သွင်းယူခဲ့တာကြောင့် အီလီချစ်ရဲ့ဒီရာသီ စီးရီးအေသွင်းဂိုးက ၃ဂိုးအထိ ရှိလာခဲ့ရပြီဖြစ်ပြီး ဂို်း၂ဂိုးရယူနိုင်ခဲ့တဲ့ မူရီရယ်မှာလည်း သွင်းဂိုး၁၂ဂိုး ဖြစ်သွားခဲ့ရပါတယ်။ အတ္တလန်တာအသင်းမှာလည်း လက်ရှိ စီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့်၅နေရာမှာ ရပ်တည်နေနိုင်ပြီး အဆင့်၄က ရိုးမားအသင်းနဲ့လည်း ရမှတ်တူညီနေတာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မျှော်မှန်းလို့ရနိုင်သေးတဲ့ အခြေအနေတစ်ခုမှာ ရှိလို့နေပါတယ်။ ဒါ့အပြင် ဒီရာသီမှာ စီးရီးအေပြိုင်ပွဲအတွင်း တစ်ပွဲဲတည်းမှာ သွင်းဂိုးရဂိုး သွင်းယူနိုင်တဲ့ ပွဲစဉ်၂ပွဲအထိ ရှိထားခဲ့တဲ့ အတ္တလန်တာအသင်းဟာ ဒီရာသီစီးရီးအေရဲ့ သွင်းဂိုးအများဆုံးအသင်းအဖြစ် ၅၇ဂိုးနဲ့ ရပ်တည်လို့နေပါတယ်။
(Zawgyi)
ဒီရာသီ စီးရီးအေမှာ တစ်ပွဲတည်း၇ဂိုးသွင်းယူနိုင်တဲ့ ပွဲစဉ်၂ပွဲအထိ ရှိလာခဲ့တဲ့ အတ္တလန်တာ
မနှစ်က ဘောလုံးရာသီအတွင်းမှာပဲ ခြေစွမ်းတွေပြသနိုင်ခဲ့ပြီး အဆင့်၎နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့လို့ အသင်းရဲ့သမိုင်းတလျှောက် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ အတ္တလန်တာအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း သူတို့ရဲ့ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး တိုက်စစ်က ဂိုးတွေမြူးနေလျက်ရှိရာ မနေ့ညက ကစားသွားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်အတွင်းမှာ တိုရီနိုအသင်းဘက်ကို သွင်းဂိုး၇ဂိုးအထိတောင် အပြတ်အသတ်သွင်းယူပြီး ဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ စတုတ္ထမြောက်ဂိုးဖြစ်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အီလီချစ်ရဲ့ ကွင်းလယ်လောက်ကနေ လှမ်းကန်သွင်းခဲ့တဲ့ ဖရီးကစ်သွင်းဂိုးကတော့ အတော်လေးကို ရင်သပ်ရှမောစရာကောင်းတဲ့ ဂိုးကန်ချက်အဖြစ် သတ်မှတ်နိုင်ပြီး ဂိုးသမားရှေ့တတ်နေမှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ကန်ချက်မျိုးလည်း ဖြစ်ခဲ့ပါတယ်။ အခုလို ဟက်ထရစ်သွင်းယူခဲ့တာကြောင့် အီလီချစ်ရဲ့ဒီရာသီ စီးရီးအေသွင်းဂိုးက ၃ဂိုးအထိ ရှိလာခဲ့ရပြီဖြစ်ပြီး ဂိုး၂ဂိုးရယူနိုင်ခဲ့တဲ့ မူရီရယ်မှာလည်း သွင်းဂိုး၁၂ဂိုး ဖြစ်သွားခဲ့ရပါတယ်။ အတ္တလန်တာအသင်းမှာလည်း လက်ရှိ စီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့်၅နေရာမှာ ရပ်တည်နေနိုင်ပြီး အဆင့်၎က ရိုးမားအသင်းနဲ့လည်း ရမှတ်တူညီနေတာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မျှော်မှန်းလို့ရနိုင်သေးတဲ့ အခြေအနေတစ်ခုမှာ ရှိလို့နေပါတယ်။ ဒါ့အပြင် ဒီရာသီမှာ စီးရီးအေပြိုင်ပွဲအတွင်း တစ်ပွဲတည်းမှာ သွင်းဂိုး၇ဂိုး သွင်းယူနိုင်တဲ့ ပွဲစဉ်၂ပွဲအထိ ရှိထားခဲ့တဲ့ အတ္တလန်တာအသင်းဟာ ဒီရာသီစီးရီးအေရဲ့ သွင်းဂိုးအများဆုံးအသင်းအဖြစ် ၅၇ဂိုးနဲ့ ရပ်တည်လို့နေပါတယ်။