ယနေ့မနက်မှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အတ္တလန်တာအသင်းနဲ့ ဗလင်စီယာအသင်းတို့ရဲ့ ပွဲမှာတော့ အိမ်ရှင် အတ္တလန်တာအသင်းဟာ ဧည့်သည် ဗလင်စီယာအသင်းကို လေးဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ နောက်ထပ် တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

Photo Credit: Standard.com

အတ္တလန်တာအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၁၆မိနစ်နဲ့ ၆၄မိနစ်တို့မှာ ဟာတီဘောလ် ၊ ၄၄မိနစ်မှာ အီလစ်ဆီ ၊ ၅၇မိနစ်မှာ ဖရူလာတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ဗလင်စီယာအသင်းအတွက် ကောက်ရိုးတစ်မျှင် ဖြစ်တဲ့ နှစ်သိမ့်ချေပဂိုးကိုတော့ ပွဲချိန် ၆၆မိနစ် မှာ ချီရီရှက်ဗ်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Standard.com

အတ္တလန်တာအသင်းဟာ ဗလင်စီယာနဲ့ပွဲမှာ လေးဂိုးသွင်းယူနိုင်ခဲ့အပြီးမှာတော့ လက်ရှိ ရာသီမှာ သူတို့အသင်း ၄ဂိုးနဲ့အထက် ဂိုးသွင်းခဲ့တဲ့ ပွဲစဉ်ဟာ ၁၇ပွဲအထိ ရှိလာခဲ့ပြီလို့ သိရှိရပါတယ်။ အဆိုပါပွဲစဉ်တွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်ရမယ်ဆိုရင်တော့ ၄ဂိုးသွင်းနိုင်တဲ့ပွဲ ၇ပွဲ ၊၅ဂိုးသွင်းနိုင်တဲ့ပွဲ ၅ပွဲ ၊ ၆ဂိုးသွင်းနိုင်တဲ့ပွဲ ၃ပွဲနဲ့ ၇ဂိုးသွင်းနိုင်တဲ့ပွဲ ၂ပွဲအထိ ရှိနေခဲ့ပါတယ်။

Photo Credit: Standard.com

ဒါ့အပြင် အတ္တလန်တာအသင်းဟာ လက်ရှိ စီးရီးအေဘောလုံးရာသီမှာ သွင်းဂိုး ၆၃ဂိုးအထိ သွင်းယူထားခဲ့ပြီး စီးရီးအေပြိုင်ပွဲရဲ့ တိုက်စစ် အကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားပါတယ်။